Restaurants



ဗီယက်နမ်ကော်ဖီ ပြည်ပတင်ပို့မှု စံချိန်ချိုးနိုင်မည်

ဗီယက်နမ်ကော်ဖီ ပြည်ပတင်ပို့မှု စံချိန်ချိုးနိုင်မည်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

ဗီယက်နမ်ကော်ဖီ ပြည်ပတင်ပို့မှုသည် ၂၀၂၃ ခုနှစ်တွင် စံချိန်ချိုးနိုင်မည်ဟု မျှော်လင့်ရသည်။ ယမန်နှစ် စံချိန်မှာ အမေရိကန်ဒေါ်လာ ၄ ဘီလီယံ ဖြစ်ပါသည်။ 

 

ဗီယက်နမ်နိုင်ငံ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၏ အဆိုအရ ဗီယက်နမ်နိုင်ငံသည် ပြည်ပသို့ ကော်ဖီတန်ချိန် ၁ ဒသမ ၃၆ သန်း တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံနီးပါး ရရှိခဲ့ပြီး ဖြစ်ပါသည်။

 

ဗီယက်နမ်သည်  အောက်တိုဘာလတွင်  ၂၀၂၃-၂၀၂၄ ကော်ဖီသီးနှံနှစ်သို့ စတင် ဝင်ရောက်ခဲ့စဉ်က ပြည်ပပို့ကုန် ကော်ဖီဈေးနှုန်းများ စံချိန်တင် မြင့်မားနေသည်။ တတန်လျှင် $3,603 ဖြစ်ပြီး ယမန်နှစ်ကထက် ၄၀.၇% ပိုများပါသည်။

 

ကော်ဖီစိုက်ခင်း ဟက်တာ ၇၁၀,၀၀၀ ကျော်ရှိသည့် ဗီယက်နမ်သည် ကော်ဖီစိုက်ပျိုးဧရိယာအရ ကမ္ဘာပေါ်တွင် အဆင့်(၆)မှာ ရပ်တည်နေပါသည်။

ထုတ်လုပ်မှုတွင် ကမ္ဘာ့ဒုတိယ အများဆုံး ဖြစ်ပါသည်။ တန်ချိန် ၁.၇၅ သန်းမှ ၁.၈၅ သန်းအထိ ထုတ်လုပ်ပါသည်။

သို့သော် စိုက်ပျိုးဧရိယာ ၁၈၅,၀၀၀ ဟက်တာသာလျှင် ရေရှည်တည်တံ့သောထုတ်လုပ်မှုလက်မှတ်များ ရရှိပါသည်။

၎င်းလက်မှတ်များသည် နိုင်ငံတကာ ဈေးကွက်သို့ တင်ပို့နိုင်ရန်အတွက် အရေးပါသည့် လိုအပ်ချက် ဖြစ်ပါသည်။

 

.လက်ရှိတွင် အီးယူသည် ဗီယက်နမ်ကော်ဖီအများဆုံး တင်သွင်းသူဖြစ်သည်။ ဒုတိယအများဆုံးမှာ အမေရိကန် ဖြစ်ပါသည်။ တတိယအများဆုံးမှာ ဂျပန်နိုင်ငံ ဖြစ်ပါသည်။

ဗီယက်နမ်ကော်ဖီကို တရုတ်နိုင်ငံသို့လည်း တင်ပို့သော်လည်း နှိုင်းယှဉ်ပါက ပမာဏ မများပါ။ သို့သော် တရုတ်ပြည်၏ ကော်ဖီဈေးကွက်မှာ ကြီးမားနေသဖြင့် ဗီယက်နမ်ကော်ဖီလုပ်ငန်း အများအပြားတို့သည် တရုတ်ဈေးကွက်တွင် ခြေကုပ် ရရှိရန် ကြိုးပမ်းနေကြပါသည်။ သို့ဖြစ်ရာ တရုတ်ပြည်သို့ တင်ပို့သည့် ကော်ဖီပမာဏသည် တစ်နှစ်ထက်တစ်နှစ် ပျမ်းမျှ ၂၅% ပိုများလာနေပါသည်။ 

 

တရုတ်ပြည်မှ ကော်ဖီဈေးကွက်သည် အပြိုင်အဆိုင် ပြင်းထန်သည်။ အထူးသီးသန့် ကော်ဖီအမျိုးမျိုးဖြင့် ရပ်တည်နိုင်ဖို့ လိုအပ်သည်။ အရည်အသွေးစံများ တင်းကျပ်သည်။

ကော်ဖီစျေးကွက်ကျွမ်းကျင်သူ Nguyen Quang Binh က လက်ရှိတွင် အီးယူနှင့် အမေရိကန် ကဲ့သို့သော အဓိကစျေးကွက်များသည် ပြောင်းလဲနေသည်၊ ၎င်းဈေးကွက်များမှ စားသုံးသူများသည်  ကော်ဖီစေ့များ အစား ပြုပြင်ထားပြီးသား ကော်ဖီမှုန့် ကုန်ချောကို ပိုမိုဝယ်ယူလာကြသည်ဟု ပြောကြားပါသည်။ 

 

Source vnexpress 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Thursday, 07 December 2023 09:43
Rate this item
(0 votes)