Restaurants



သကြား မက်ထရစ်တန်ချိန် ၂.၄ သန်း အလိုပြမည် ခန့်မှန်း

သကြား မက်ထရစ်တန်ချိန် ၂.၄ သန်း အလိုပြမည် ခန့်မှန်း

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

အောက်တိုဘာလတွင် စတင်မည့် ၂၀၂၃/၂၄ သီးနှံနှစ်အတွက် ခန့်မှန်းထားသည့် ကမ္ဘာ့သကြားထုတ်လုပ်မှုသည် ကမ္ဘာ့သကြား စားသုံးမှုကို ပြည့်မီရန် မက်ထရစ်တန်ချိန် ၂.၄ သန်း အလိုပြလိမ့်မည်ဟု  အတိုင်ပင်ခံကုမ္ပဏီ CovrigAnalytics မှ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဘရာဇီး၊ ရုရှားနှင့် တရုတ်တို့တွင် ထုတ်လုပ်မှု မြင့်တက်လာခြင်းသည် အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့၌ ထိုင်းဆ မလုံလောက်သောကြောင့်  ထုတ်လုပ်မှုတွင် ကြီးမားသော ဆုံးရှုံးမှုကို ထေမိရန် လုံလောက်မည်မဟုတ်ဟု ဆိုသည်။

 

CovrigAnalytics မှ ၂၀၂၃-၂၄ ခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်း သကြားထုတ်လုပ်မှု တန်ချိန်၁၈၇.၅ သန်းရှိမည်ဟု ခန့်မှန်းထားသည်။

၂၀၂၂-၂၃ တွင် တန်ချိန် ၁၈၉.၄ သန်း ထုတ်လုပ်ခဲ့သည်ထက် လျော့နည်းမည် ဖြစ်သည်။

တနှစ်တာ သကြားလိုအပ်ချက်သည် ၂၀၂၂-၂၃ တွင် တန်ချိန် ၁၈၈.၁၆ သန်း ရှိခဲ့ပြီး ၂၀၂၃-၂၄ တွင် တန်ချိန် ၁၈၉.၈ သန်း ရှိမည်ဟု ခန့်မှန်းထားသည်။

 

ယခုအခါ သကြားအပိုလက်ကျန်များ ရှိနေသဖြင့် သကြားအလိုပြသည့် သက်ရောက်မှု မရှိနိုင်သေးချေ။ 

 

သို့သော် သကြားအလိုပြမည် ဖြစ်သဖြင့် ကမ္ဘာ့သကြားဈေး မြင့်တက်သည်။ 


ထိုင်းသကြား အထွက်နည်းမည်ဖြစ်သဖြင့် ကမ္ဘာ့ သကြားဈေး မြင့်တက်မည်

https://www.foodindustrydirectory.com.mm/food-industry/cuisine/thinland/item/7162-sugar.html

အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


Source Reuters 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Wednesday, 15 November 2023 00:50
Rate this item
(0 votes)