Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


အစားအသောက်ဆိုင်ရာ အခန်းကဏ္ဍ(Food Sector) အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ညွှန်ကြားထားသော အချက်များ

အစားအသောက်ဆိုင်ရာ အခန်းကဏ္ဍ(Food Sector) အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ညွှန်ကြားထားသော အချက်များကို ဖော်ပြအပ်ပါသည်။

သက်ဆိုင်သူများအရ အပိုင်း ၅ ပိုင်း ခွဲခြားပြီး လိုက်နာရန်အချက်များ ချမှတ်ထားပါသည်။ 

၁။ စားသောက်ဆိုင်ပိုင်ရှင်များနှင့် မန်နေဂျာများ လိုက်နာဆောင်ရွက်ရန်အချက်များ 

 ၂။ စားသောက်ဆိုင်မှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ လိုက်နာဆောင်ရွက်ရမည့်အချက်များ 

၃။ စားဖိုဆောင်တွင် ဝန်ထမ်းများလိုက်နာဆောင်ရွက်ရမည့် အချက်များ

 ၄။ စားသုံးသူများလိုက်နာဆောင်ရွက်ရမည့် အချက်များ 

၅။ အထူးဂရုပြု ဆောင်ရွက်ရမည့် သန့်ရှင်းရေးလုပ်ငန်းများ 


အခန်း(၄) အစားအသောက်ဆိုင်ရာ အခန်းကဏ္ဍ(Food Sector) 

၁။ စားသောက်ဆိုင်ပိုင်ရှင်များနှင့် မန်နေဂျာများ လိုက်နာဆောင်ရွက်ရန်အချက်များ 

(က) ဆိုင်သို့ရောက်ရှိလာသည့် စားသုံးသူများအားလုံးကို ဆိုင်အဝင်ဝတွင် အပူချိန်တိုင်းတာပြီး ကိုယ်အပူချိန် ၃၈'C / ၁၀၀.၄ F အောက်တွင်ရှိမှသာ ဆိုင်သို့ဝင်ရောက်စေရမည်။ 

(ခ) စားသောက်သူများအတွက် ပါးစပ်နှင့်နှာခေါင်းစည်းများ (Mask)၊ မျက်နှာကာများ(Face Shield) ကို ဆိုင်အတွင်းမဝင်မီ တပ်ဆင်နိုင်ရန် မှန်ကန်သောဈေးနှုန်းများဖြင့်ရောင်းချပေးရမည်။ 

(ဂ) ရေ၊ဆပ်ပြာနှင့်လက်သန့်စင်ဆေးရေတို့ကို ဆိုင်အဝင်ဝတွင် ထားရှိရန်နှင့် လက်ဆေးရန်နေရာများ လုံလောက်အောင် ထားရှိပေးပြီး လက်ဆေးပြီးမှ ဝင်ရောက်စေရမည်။ 

(ဃ) စားသုံးသူများထိုင်မည့်နေရာသည် လေဝင်လေထွက် ကောင်းသောနေရာ ဖြစ်ရမည်။ လေအေးပေးစက်တပ်ဆင်ထားသော အခန်းဖြစ်ပါက ပြတင်းပေါက်များ ဖွင့်ထားရမည်။ 

(င) တစ်ယောက်ချင်းစီစားနိုင်ပြီး တစ်ဦးနှင့်တစ်ဦးကြားတွင် ကတ်ထူပြား၊ မှန်ပြား၊ သစ်သားပြားတို့ဖြင့် အကန့် ကန့်ထားပေးပြီး ငါးဦးထက်မပိုသော မိသားစုဖြစ်ပါကတစ်ဦးနှင့်တစ်ဦး ၃ ပေအကွာ ခွဲခြားထားသော စားပွဲတွင် စားသောက်နိုင်ရေး စီစဉ်ပေးရမည်။ 

(စ) စားပွဲတိုင်းတွင် တစ်ခါသုံးစက္ကူ ကိုသာ သုံးစွဲစေပြီး လုံလောက်စွာစီစဉ်ပေးရမည်။ 

(ဆ) ကိုယ်တိုင်ယူစနစ်ဖြင့် ရောင်းချသော အစားအစာ (Buffet, Self-service) များရောင်းချခြင်းကို ဆိုင်ဝန်ထမ်းကသာ ဝန်ဆောင်မှုပေးရမည်။ 

(ဇ) ပန်းကန်၊ ဇွန်းများအား တစ်ခါသုံးပစ္စည်းများ သို့မဟုတ် ပိုးသတ်ထားသော ပန်းကန်/ ဇွန်းများသာ အသုံးပြုရမည်။ 

(ဈ) အစားအသောက်စာရင်း(Menu)အား ချိတ်ဆွဲထားခြင်း သို့မဟုတ် စားပွဲမှန်အောက်၌ထား၍ဖြစ်စေ ထည့်သွင်းပေးထားရမည်။ 

(ည) Covid-19ရောဂါကာကွယ်ရေးနှင့်ပတ်သက်သော ကျန်းမာရေးအသိပညာပေးပိုစတာများ၊ ဗွီနိုင်းများကို လူအများမြင်သာသည့် နေရာများတွင် ချိတ်ဆွဲထားရှိရမည်။ 

(ဋ) ဆိုင်အတွင်း အနည်းဆုံး အယ်ကိုဟောလ်(၆၀)%ပါသော လက်သန့်ဆေးရည်များ (Hand gel) အလွယ်တကူ ထားရှိပေးရမည်။ သန့်စင်ခန်းအတွင်း ရေနှင့်ဆပ်ပြာကို အလွယ်တကူ ထားရှိရမည်။

(ဌ) ငွေရှင်းကောင်တာမှ ငွေလက်ခံသည့်စနစ်ဖြစ်ပါက စားသုံးသူနှင့်တိုက်ရိုက်ထိတွေ့မှု မရှိစေရန် ကောင်တာရှေ့တွင် မှန်ကာထားရမည်။ 

(ဍ) ငွေသားလက်ခံခြင်းထက် online payment စနစ်ဖြင့် လက်ခံနိုင်အောင် ဆောင်ရွက်ထားရှိရမည်။ 

(ၓ) သံသယဖြစ်ဖွယ် လူနာတွေ့ရှိပါက သက်ဆိုင်ရာဌာနများသို့ သတင်းပို့ဆောင်ရွက်နိုင်ရန်အတွက် ဆက်သွယ်ရန်ဖုန်းနံပတ်များအား မြင်သာသောနေရာတွင် ချိတ်ဆွဲထားရှိရမည်။

 

 ၂။ စားသောက်ဆိုင်မှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ လိုက်နာဆောင်ရွက်ရမည့်အချက်များ 

(က) စားသောက်ဆိုင်ရှိဝန်ထမ်းအချို့အား ကိုယ်အပူချိန်တိုင်းတာရန်နှင့် သံသယလက္ခဏာများ ရှိ/မရှိ စစ်ဆေးနိုင်ရေးအတွက် ကိုယ်အပူချိန်တိုင်းတာခြင်းလုပ်ငန်း လမ်းညွှန်ချက် အတိုင်း စနစ်တကျ လေ့ကျင့်သင်ကြားပေးပြီး ဝန်ထမ်းများနှင့်စားသုံးသူများအား

စစ်ဆေးပေးရန် အလှည့်ကျ တာဝန်ချထားရမည်။ 

(ခ) စားသောက်ဆိုင်မှတာဝန်ရှိသူများ၊ ဝန်ထမ်းများအားလုံးအား နေ့စဉ် ကိုယ်အပူချိန်တိုင်းတာရန်နှင့် သံသယလက္ခဏာများ ရှိ/မရှိစစ်ဆေး၍ ကိုယ်အပူချိန် မြင့်တက်ခြင်း သို့မဟုတ် သံသယလက္ခဏာများရှိပါက စားသောက်ဆိုင်အတွင်းသို့ လုံးဝ ဝင်ခွင့်

မပြုရပါ။ 

(ဂ) စားသောက်ဆိုင်မှ တာဝန်ရှိသူများ၊ ဝန်ထမ်းများအားလုံးသည် ကျန်းမာရေးကောင်းမွန်မှသာ အလုပ်ဆင်းရမည်။ မိမိကိုယ်တိုင်ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ အသက် ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခမ်းမောပမ်းခြင်းစသည့် လက္ခဏာတစ်ခုခု ခံစားရပါကအလုပ်နား၍ လိုအပ်သော ဆေးကုသမှုခံယူရမည်။ 

(ဃ) စားသောက်ဆိုင်မှ တာဝန်ရှိသူများ၊ ဝန်ထမ်းများသည် စားသုံးသူနှင့်သော်လည်းကောင်း၊ အချင်းချင်းသော်လည်းကောင်း ရောနှောနေထိုင်ခြင်းမပြုစေဘဲ ၆ ပေအကွာအဝေးမှ နေထိုင်သွားလာစေရမည်။ 

(င) စားသောက်ဆိုင်ဝန်ထမ်းများအတွက် အိပ်ဆောင်များရှိပါက တစ်ယောက်နှင့်တစ်ယောက် အနည်းဆုံး ၆ ပေ အကွာအဝေးတွင် နေရာချထားပေးရမည်။ 

(စ) စားသုံးသူများအား ငွေရှင်းပြေစာနှင့် ငွေရယူခြင်း၊ ငွေပြန်အမ်းခြင်းလုပ်ငန်းများကို စားပွဲထိုးများနှင့်ဆောင်ရွက်ခြင်းမပြုစေဘဲ သီးခြားဝန်ထမ်းများအား တာဝန်ပေးရမည်။

(ဆ) ပါးစပ်နှင့်နှာခေါင်းစည်း(Mask)၊ မျက်နှာကာ(Face Shield)၊ ခါးစည်းရှေ့ကာ(Apron)နှင့် လက်အိတ် စသည်တို့ကို ဝတ်ဆင်ရမည်။ ခါးစည်းရှေ့ကာ (Apron)ကို မကြာခဏလဲလှယ်ရမည်။ 

(ဇ) အစားအသောက် ပြင်ဆင်ချက်ပြုတ်သူများအနေဖြင့် ရေနှင့်ဆပ်ပြာကိုအသုံးပြု၍ လက်ကို အနည်းဆုံး စက္ကန့်(၂၀)ကြာအောင် မကြာခဏ စနစ်တကျ ဆေးကြောရပါမည်။ 

(ဈ) နှာချေ၊ ချောင်းဆိုးသည့်အခါတိုင်း မိမိတို့၏ ပါးစပ်နှင့်နှာခေါင်းကို တံတောင်ဆစ် အသုံးပြု၍လည်းကောင်း၊ တစ်ရှူးအသုံးပြု၍လည်းကောင်း လုံခြုံစွာဖုံးအုပ်ရန်နှင့် အသုံးပြုပြီး သော တစ်ရှူးကို စနစ်တကျစွန့်ပစ်ပြီး လက်ကိုဆေးကြောရမည်။ 

(ည) လုပ်ငန်းဆောင်ရွက်နေစဉ် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ အသက်ရှူရ ခက်ခဲခြင်း၊ အားအင်ကုန်ခမ်းမောပန်းခြင်း စသည့် သံသယလက္ခဏာတစ်ခုခု ခံစားရ ပါက အလုပ်မှ ချက်ခြင်းအနားပေး၍ နီးစပ်ရာ ကျန်းမာရေးဌာနသို့ သတင်းပို့ပြီး လိုအပ်သော ဆေးကုသမှုခံယူရမည်။ 

 

၃။ စားဖိုဆောင်တွင် ဝန်ထမ်းများလိုက်နာဆောင်ရွက်ရမည့် အချက်များ

 (က) စားဖိုမှူးများနှင့်ချက်ပြုတ်အကူများသည် မီးဖိုချောင်သို့မဝင်ရောက်မီ မိမိတို့ဝတ်ဆင်ထား သောဝတ်စုံများကို ပိုးသတ်ထားသော ဝတ်စုံများ၊ ခေါင်းဆောင်းများ၊ လက်အိတ်၊ မျက်နှာဖုံးများနှင့်လဲလှယ် ဝတ်ဆင်ပြီးမှ မီးဖိုဆောင်သို့ဝင်ရောက်ရမည်။ 

(ခ) အစားအသောက်ပြင်ဆင်ချက်ပြုတ်သူများအနေဖြင့် ရေနှင့်ဆပ်ပြာကို အသုံးပြု၍ လက်ကို အနည်းဆုံးစက္ကန့် (၂၀)ကြာအောင် မကြာခဏ စနစ်တကျ ဆေးကြောရပါမည်။ 

(ဂ) ချက်ပြုတ်ပြင်ဆင်ခြင်းများမပြုလုပ်မီ ပြင်ဆင်မည့်စားပွဲနှင့် အသုံးအဆောင်များအား သန့်ရှင်းအောင်ဆောင်ရွက်ပြီးမှသာ အသုံးပြုရမည်။ 

(ဃ) စားသောက်ဆိုင်တွင်းရှိ ဖန်ခွက်၊ အိုး၊ ဒယ်အိုး၊ ချက်ပြုတ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် အသီးအနှံ၊ ဟင်းသီးဟင်းရွက်များအား ရေနွေးဖြင့်ဆေးကြောရမည်။ 

(င) အသား၊ ငါး၊ ဥအမျိုးမျိုး၊ ပင်လယ်စာအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်များကို သေချာစွာ ကျက်အောင် ချက်ပြုတ်ပြီးမှ စားသုံးသူများထံ ရောင်းချရပါမည်။ 

 (စ) ချက်ပြုတ်ပြီးစီးသော အစားအစာများအား ပိုးသတ်သန့်စင်ထားသော ပန်းကန်၊ ခွက်ယောက်များဖြင့် ထည့်သွင်းပြင်ဆင်ရမည်။

(ဆ) လုပ်ငန်းတာဝန်များပြီးဆုံးပါကအသုံးပြုထားသောပစ္စည်းကိရိယာများအား စနစ်တကျ ပိုးသတ်သန့်ရှင်းပြီးသိမ်းဆည်းရန်နှင့် ဝန်ထမ်းများမှ တစ်ကိုယ်ရည် သန့်ရှင်းရေးပြုလုပ်ရမည်။

 

 ၄။ စားသုံးသူများလိုက်နာဆောင်ရွက်ရမည့် အချက်များ 

(က) စားသုံးသူများသည် မိမိတွင်ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခမ်းမောပမ်းခြင်း စသည့် သံသယလက္ခဏာတစ်ခုခု ခံစားရပါကစားသောက်ဆိုင်သို့ လုံးဝမသွားသင့်ပါ။ 

(ခ) အသက်အရွယ်ကြီးသူများ၊ ကိုယ်ခံအားနည်းသူများ၊ သွေးတိုး ၊ နှလုံး ၊ ဆီးချို၊ ကင်ဆာရောဂါရှိသူများသည် စားသောက်ဆိုင်သို့ လုံးဝ မသွားသင့်ပါ။ 

(ဂ) စားသောက်ဆိုင်အတွင်းသို့ ပါးစပ်နှင့်နှာခေါင်းစည်း(Mask)၊ မျက်နှာကာ(Face Shield)ပါမှသာ ဝင်ရောက်ရန်။ 

(ဃ) စားသုံးသူများသည် ဆိုင်အတွင်းသို့ မဝင်မီ လက်ဆေးရမည်။ (င) စားသောက်ဆိုင်တွင်အချိန် ကြာမြင့်စွာ မထိုင်သင့်ပါ။ 

(စ) စားသုံးသူများသည် စားပွဲမျက်နှာပြင်များ၊ ပရိဘောဂများအား ထိတွေ့မိပါက အနည်းဆုံး အယ်လ်ကိုဟောလ် (၆၀)%ပါသော လက်သန့်စင်ဆေးရည်များ(Hand Gel)ဖြင့် လက်သန့်စင်ပြီးမှသာ အစားအစာ စားသုံးရမည်။ 

(ဆ) စားသောက်ဆိုင်တွင် သန့်စင်ခန်းအသုံးပြုပါက ရေနှင့် ဆပ်ပြာဖြင့် လက်ကိုဆေးကြောရမည်။

 (ဇ) စားသောက်ဆိုင်မှနေအိမ်သို့ ပြန်လည်ရောက်ရှိပါက အဝတ်အစားများအား ချက်ချင်းလဲလှယ်၍ ၎င်းအဝတ်အစားများကို ချက်ချင်းလျှော်ဖွတ်ရန်လိုအပ်ပါသည်။ 

 

၅။ အထူးဂရုပြု ဆောင်ရွက်ရမည့် သန့်ရှင်းရေးလုပ်ငန်းများ 

(က) ကိုရိုနာဗိုင်းရပ်ပိုးများသည် အရာဝတ္ထုများ မျက်နှာပြင်များတွင်ရှင်သန်နိုင်၍ လူအများနှင့်ထိတွေ့လေ့ရှိသောနေရာများ (ဥပမာ-တံခါးလက်ကိုင်၊ လှေကားလက်ရန်း၊ ငွေရှင်းကောင်တာ၊ စားပွဲများ၊ ထိုင်ခုံများနှင့် အသုံးအဆောင်ပစ္စည်းများ)ကို အယ်လ်ကိုဟော ၇၀ % အထက်ပါသော ပိုးသန့်စင်ဆေးရည် သို့မဟုတ် ဆပ်ပြာရည်ဖြင့် မကြာခဏ စနစ်တကျ သန့်ရှင်းရေးပြုလုပ်ရမည်။

(ခ) စွန့်ပစ်တစ်ရှူးနှင့် အခြားအမှိုက်များ သိမ်းဆည်းရာတွင် အထူးဂရုပြု၍ လက်အိတ် ဝတ်ဆင်ပြီး အရိုးရှည်တည်တံမြက်စည်း၊ ဂေါ်ပြားနှင့် အမှိုက်ညှပ်အသုံးပြု၍ စနစ်တကျ သိမ်းဆည်းရမည်။ 

(ဂ) အမှိုက်များအား အမှိုက်အိတ်ထဲသို့ထည့်၍ လုံအောင်ပိတ်ပြီးမှ စနစ်တကျ စွန့်ပစ်ရမည်။

(ဃ) အမှိုက်နှင့်အညစ်အကြေးများ ကိုင်တွယ်ပြီးလျှင် ဆပ်ပြာနှင့်ရေတို့ကို အသုံးပြု၍ လက်ကို စနစ်တကျ ပြန်လည်ဆေးကြောရမည်။ (င) ဆိုင်အတွင်းသန့်ရှင်းရေးတာဝန်များအတွက် သီးခြားဝန်ထမ်းများ တာဝန်ချထားရမည်။ စားပွဲထိုးများမှ မဆောင်ရွက်ရပါ။ 

(စ) သန့်စင်ခန်းများ၏ သန့်ရှင်းရေးကို မကြာခဏ ဆောင်ရွက်ရမည်။ (ဆ) ဆိုင်ဝန်ထမ်းများအားလုံး တစ်ကိုယ်ရေသန့်ရှင်းရေး (လက်မကြာခဏ ဆေးကြောရန်၊ လက်အိတ်တပ်ထားသော်လည်း ဟိုကိုင်ဒီကိုင်မလုပ်ရန်) ပညာပေးရေးနှင့် လိုက်နာ

ဆောင်ရွက်မှုရှိစေရန် ကြပ်မတ်ရမည်။ 

(ဇ) စားသောက်ဆိုင်တွင်း နံရံများ ၊ ကြမ်းပြင်နှင့်ပရိဘောဂပစ္စည်းများကို ဆိုင်ပိတ်ပြီးတိုင်း ပိုးသတ်ဆေးပက်ဖျန်းထားရမည်။ 

(ဈ) အသုံးပြုပြီးသောစွန့်ပစ်ပစ္စည်း (ဥပမာ - တစ်ခါသုံးတစ်ရှူး/ မျက်နှာသုတ်ပုဝါ) များကိုသင့်လျော်သောအမှိုက်ပုံကြီးအတွင်းသို့ စွန့်ပစ်ပြီး မြို့နယ်စည်ပင်သာယာက သတ်မှတ် ထားသောနေရာတွင် မီးရှို့ရှင်းလင်းပစ်ရမည်။ (အထူးပြုလုပ်ရမည့်သန့်ရှင်းရေး)

 

(ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန Tourism National Guidelines for COVID-19 Safe Services (Beta Version - VII) ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ)

 

Read times Last modified on Tuesday, 29 December 2020 16:58
Rate this item
(0 votes)