Restaurants



စင်ကာပူမှာ အင်ဒိုနီးရှား ကော်ဖီ လှိုင်းထ

စင်ကာပူမှာ အင်ဒိုနီးရှား ကော်ဖီ လှိုင်းထ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

 

အင်ဒိုနီးရှားမှ  Kenangan Coffee နှင့် Fore Coffee တို့သည် စင်ကာပူတွင် ကော်ဖီဆိုင်လုပ်ငန်းကဏ္ဍတွင် လှိုင်းလုံးများ ထစေခဲ့သည်။

 

 photo_2023-12-12_22-43-44.jpg

 

 Raffles City Shopping Center ရှိ Kenangan ကော်ဖီဆိုင်သည် စက်တင်ဘာလတွင် ဆိုင်စဖွင့်သည့်နေ့မှာခွက်ရေ ၁၅၀၀ ကျော် ရောင်းချခဲ့သည်။

 

Kenangan ကော်ဖီဆိုင်ခွဲတစ်ခုတွင် တနေ့တာ ဝင်ငွေ အမြင့်မားဆုံး စံချိန်တင်ခဲ့သည်ဟု Kenangan Coffee  ပူးတွဲတည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် Edward Tirtanata က ပြောကြားသည်။

 

Kenangan Coffee သည် လပိုင်းအတွင်းမှာ Changi Airport တွင် တဆိုင်၊ Ngee Ann City ဈေးဝယ်စင်တာတွင် တဆိုင် ဆိုင်သစ်များ ထပ်ဖွင့်ထားသည်။

 

Kenangan Coffee ကို ၂၀၁၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဆိုင်ပေါင်း ၉၀၀ ကျော် ဖွင့်လှစ်ထားသည်။  အများစုမှာ အင်ဒိုနီးရှားတွင် ဖွင့်လှစ်ထားသည်။

 

photo_2023-12-12_22-43-38.jpg

 

 

နောက်ထပ် အင်ဒိုနီးရှား ကော်ဖီဆိုင် လုပ်ငန်းဖြစ်သည့် Fore Coffee သည် စင်ကာပူတွင် နိုဝင်ဘာလမှာ Bugis Junction ၌ ဆိုင်စဖွင့်သည်။ ဆိုင်စဖွင့်သည့်နေ့တွင် ခွက်ရေ ၃၀၀၀ နီးပါး ရောင်းချခဲ့သည်။

 

 

photo_2023-12-12_22-43-29.jpg

 

ယခင်ကတည်းက ရှိနှင့်သော အင်ဒိုနီးရှား ကော်ဖီဆိုင် လုပ်ငန်း Tanamera သည် စင်ကာပူ Change Alley တွင် ၂၀၂၀ ပြည့်နှစ်မှာ ပထမဆုံးဆိုင်ကို စတင်ဖွင့်လှစ်ခဲ့သည်။

 

Kenangan Coffee ၏ ပထမဆုံး ပြည်ပဆိုင်ခွဲကို ၂၀၂၂ ခုနှစ်တွင် မလေးရှားမှာ စတင်ဖွင့်လှစ်ခဲ့သည်။ 

 

 Fore Coffee အဖို့ စင်ကာပူ Bugis Junction မှ ကော်ဖီဆိုင်သည် ပထမဆုံး ပြည်ပဆိုင်ခွဲဖြစ်သည်။ အင်ဒိုနီးရှားတွင် ဆိုင်ပေါင်း ၁၂၀ ကျော် ဖွင့်လှစ်ထားသည်။ 

 

စင်ကာပူတွင် လာမည့်နှစ်များမှာ  ကော်ဖီ ပိုသောက်ကြလိမ့်မည်ဟု ခန့်မှန်းထားသည်။ 

 

ဒေတာဆန်းစစ်သည့်ကုမ္ပဏီ GlobalData ၏ အဆိုအရ  ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ်အတွင်း စင်ကာပူတွင် ကော်ဖီဆိုင်ဈေးကွက် ရောင်းအားသည် နှစ်စဉ်ကြီးထွားနှုန်း ၃.၂ ရာခိုင်နှုန်းအထိ ရှိမည် ဖြစ်သည်။

 

ကော်ဖီသတင်းထုတ်ဝေသည့် Perfect Daily Grind  ၏ အဆိုအရ စင်ကာပူတွင် ကော်ဖီသောက်သုံးမှုသည် တစ်နှစ်လျှင် တန်ချိန် ၂၅,၀၀၀ ခန့်ရှိသည်။ တဦးချင်းအရ တစ်နှစ်လျှင် ကော်ဖီ ၂.၆ ကီလိုဂရမ် သုံးစွဲသည်။

 

အာရှတွင် ကော်ဖီသောက်သုံးမှု အများဆုံးမှာ ဂျပန်နိုင်ငံဖြစ်သည်။ တဦးချင်းအရ တစ်နှစ်လျှင် ကော်ဖီ ၃.၄ ကီလိုဂရမ် သုံးစွဲသည်။

 

 

photo_2023-12-12_22-43-34.jpg

 

စင်ကာပူတွင် ကော်ဖီ ရေပန်းစားနေသော်လည်း ကော်ဖီဆိုင်လုပ်ငန်းများတွင် ပိတ်သိမ်းလိုက်ရသည့် လုပ်ငန်းများ ရှိနေသည်။ စင်ကာပူ အခြေစိုက် Flash Coffee ကော်ဖီဆိုင်လုပ်ငန်းသည် ကော်ဖီဆိုင် ၁၁ ဆိုင်ဖွင့်လှစ်ထားရာမှ အောက်တိုဘာလတွင် ဆိုင်များ အားလုံးကို  ပိတ်သိမ်းခဲ့ရသည်။ 

 

အမေရိကန်ပြည်ထောင်စုမှ Spinelli ကော်ဖီဆိုင်လုပ်ငန်းသည် စင်ကာပူရှိ ၎င်း၏ကျန်ရှိသော ဆိုင်ခွဲခြောက်ခုကို ၂၀၂၃ နှစ်ကုန်တွင် ပိတ်‌တော့မည်ဖြစ်သည်။

 

Tanamera ကို ၂၀၁၃  ခုနှစ်တွင် အင်ဒိုနီးရှားမှာ စတင်ခဲ့သည်။ စင်ကာပူတွင် ကော်ဖီကို လက်လီအပြင် လက်ကားလည်း ရောင်းချသည်။ ဟိုတယ် လုပ်ငန်းများသို့ ကော်ဖီပေးသွင်းသည်။

Tanamera သည် ကော်ဖီအပြင် အင်ဒိုနီးရှား ဟင်းလျာများကိုလည်း ရောင်းချသည်။ nasi goreng (ထမင်းကြော်)၊ tahu telur (တိုဟူးကြက်ဥမွှေကြော်)၊ sop buntut (နွားမြီးစွပ်ပြုတ်) အစရှိသည်တို့ကို ကော်ဖီနှင့်အတူတွဲပြီး စားသောက်ဖို့ ရောင်းချသည်။

 

Kenangan Coffee က စင်ကာပူတွင် ကော်ဖီသောက်သုံးကြပုံများကို သုတေသန လုပ်ကိုင်ခဲ့သည်။ စင်ကာပူတွင် အများကြိုက်သည့် ကော်ဖီဖျော်စပ်ပုံဖြင့် ကော်ဖီဖျော်သည်။ Kenangan လာတေးကော်ဖီကို သကြား လျှော့ထည့်သည်။ အင်ဒိုနီးရှားမှာ ဖျော်စပ်ပုံတွင် ထည့်သည့် သကြားပမာဏ၏ ထက်ဝက်ကိုသာ စင်ကာပူတွင် ထည့်ဖျော်သည်။

 

အင်ဒိုနီးရှားသည် ကမ္ဘာ့ စတုတ္ထအများဆုံး ကော်ဖီထုတ်လုပ်သည့် နိုင်ငံဖြစ်သည်။ ပြည်တွင်းထွက် ကော်ဖီကို လုပ်ကိုင်လာခဲ့သည့် အတွေ့အကြုံ နှစ်ပေါင်း ၃၀၀ ကျော်ပြီ ဖြစ်သည်။

Source straitstimes 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Tuesday, 12 December 2023 22:46
Rate this item
(0 votes)