Restaurants



ဆော်ဒီအာရေဗျတွင် ပထမဆုံး ယာမကာဆိုင် ဖွင့်ရန် စီစဉ်

ဆော်ဒီအာရေဗျတွင် ပထမဆုံး ယာမကာဆိုင် ဖွင့်ရန် စီစဉ်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

ဆော်ဒီအာရေဗျသည် မွတ်စလင်မဟုတ်သော သံတမန်များကိုသာ သီးသန့်ဝန်ဆောင်မှုပေးမည့် ပထမဆုံး ယမကာ စတိုးဆိုင်ကို မြိုတော် ရီယာ့ဒ်တွင် ဖွင့်လှစ်ရန် စီစဉ်နေပါသည်။

 

၎င်းယမကာစတိုးဆိုင်မှာ ဝယ်ယူလိုသူသည်  မိုဘိုင်းအက်ပ်လီမှတစ်ဆင့် မှတ်ပုံတင်ရမည်ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ ကင်းရှင်းချက်ကုဒ်ကို ရယူရမည်ဖြစ်သည်။ ဝယ်ယူသည့်ပမာဏသည် ချမှတ်ပေးထားသည့် လစဉ်ခွဲတမ်းကို လိုက်နာရမည်ဖြစ်သည်။

အစ္စလာမ်ဘာသာတွင် အရက်သောက်ခြင်းကို တားမြစ်ထားသည့်ကြားမှ ယမကာစတိုးဆိုင် ဖွင့်လှစ်ရန် စီစဉ်ခြင်း ဖြစ်သည်။

 

အရက်ကို သံတမန်ချောစာပို့မှတစ်ဆင့် သို့မဟုတ် မှောင်ခိုဈေးကွက်တွင်သာ ရရှိနိုင်သည်။

 

ဆော်ဒီအာရေဗျတွင် အရက်သောက်သူကို အချက်ရေ ရာချီသော ကြိမ်ဒဏ်၊ ပြည်နှင်ဒဏ်၊ ဒဏ်ငွေ၊  ထောင်ဒဏ် အပြစ်ပေးခံရနိုင်သည့် တင်းကျပ်သော ဥပဒေများ ပြဋ္ဌာန်းထားသည်။ ပြည်နှင်ဒဏ် ထိသည့် နိုင်ငံခြားသားများလည်း ရှိသည်။

 

ပြုပြင်ပြောင်းလဲမှုများ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ပြင်းထန်လွန်းသည့် ကြိမ်ဒဏ်ကို ထောင်သွင်းအကျဉ်းချခြင်းဖြင့် အစားထိုးထားသည်။

 

ယမကာစတိုးဆိုင် ဖွင့်လှစ်သည့် အရွှေ့အပြောင်းသည် ဆော်ဒီအိမ်ရှေ့စံမင်းသား Mohammed bin Salman ဦးဆောင်သော ဆော်ဒီအာရေဗျ၏ ရှေးရိုးစွဲ လွန်ကဲသော မူဆလင်နိုင်ငံကို ခရီးသွားလုပ်ငန်းနှင့် စီးပွားရေးအတွက် တံခါးဖွင့်‌ပေးရန် ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းအားထုတ်မှုတွင် သမိုင်းမှတ်တိုင်တစ်ခုဖြစ်သည်။

 

ရေနံအပေါ်  မှီခိုမှု ကင်းသည့် နိုင်ငံ့စီးပွားရေးကို တည်ဆောက်ရန် Vision 2030 ဟု လူသိများသော ပိုမိုကျယ်ပြန့်သော အစီအစဉ်များ၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။

 

ယာမကာစတိုးဆိုင်သစ်သည် ရီယာ့ဒ်မြို့‌ေတာ်မှ သံရုံးများနှင့် သံတမန်များနေထိုင်သည့် ရပ်ကွက်ဖြစ်သည့် သံတမန်ရပ်ကွက်တွင် တည်ရှိသည်။

မွတ်ဆလင်မဟုတ်သူများကိုသာ ရောင်းချရန်  တင်းကျပ်စွာ ကန့်သတ်ထားပါသည်။

 

ဆော်ဒီအာရေဗျတွင် ‌အလုပ်လုပ်ကိုင် အခြေချနေထိုင်နေသည့် မွတ်ဆလင်မဟုတ်သော နိုင်ငံခြားသားများ ဝယ်ယူခွင့် ရမရ မသိရသေးပါ။ 

ဆော်ဒီအာရေဗျတွင် နေထိုင်သူ နိုင်ငံခြားသား သန်းပေါင်းများစွာ ရှိသော်လည်း အများစုမှာ အာရှနှင့် အီဂျစ်မှ မွတ်စလင် အလုပ်သမားများ ဖြစ်သည်။

 

၎င်းယမကာစတိုးဆိုင်ကို လာမည့် သီတင်းပတ်များအတွင်း ဖွင့်လှစ်တော့မည် ဖြစ်သည်။ 

 

ယမကာစတိုးဆိုင် ဖွင့်လှစ်ပေးထားမည် ဖြစ်သဖြင့် သံတမန်ချောစာ ပေးပို့မှုတွင်  အရက်တင်သွင်းမှု ပိတ်ပင်ကန့်သတ်ချက်အသစ် ပြဋ္ဌာန်းလိုက်သည်။

 သံတမန် အခွင့်အရေး အကာအကွယ်ယူပြီး အရက်များ  တရားမဝင်ကုန်သွယ်မှုကို တန်ပြန်ရန်အတွက် စည်းမျဉ်းအသစ်ကို ပြဋ္ဌာန်းလိုက်ခြင်းလည်း ဖြစ်သည်။

 

ဆော်ဒီအာရေဗျသည် ဆယ်စုနှစ်များစွာ ပိတ်ပင်တားမြစ်ထားခဲ့သော တင်းကျပ်သော လူမှုရေး စည်းမျဉ်းစည်းကမ်းများကို မကြာသေးမီနှစ်များအတွင်း တဖြည်းဖြည်း ဖြေလျှော့ပေးခဲ့သည်။ 

 

 အများပြည်သူနေရာများတွင် အမျိုးသားများနှင့် အမျိုးသမီးများကို တသီးတခြား နေစေခြင်း၊ မွတ်စလင်အမျိုးသမီးများ၏ အစဉ်အလာ ဝတ်လုံ အနက်ရောင် ၀တ်စုံ အဗရာကို မလဲမသွေ ၀တ်ဆင်ရခြင်း အစရှိသည့် ပြင်းထန်တင်းကျပ်သော စည်းကမ်းများ ဖြေလျှော့ပေးခဲ့သည်။ အမျိုးသမီးများကို ယခင်က ကားမောင်းခွင့် မပေးခဲ့ရာမှ ယခုအခါ ခွင့်ပြုထားသည်။

Source Reuters 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times
Rate this item
(0 votes)