Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


ကမ္ဘာဖလားမှာ ရောင်းခွင့်မရတဲ့ ဘီယာတွေ ဘယ်လိုလုပ်မှာလဲ

ကမ္ဘာဖလားမှာ ရောင်းခွင့်မရတဲ့ ဘီယာတွေ ဘယ်လိုလုပ်မှာလဲ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ကမ္ဘာ့ဖလားမှာ ရောင်းခွင့်မရတဲ့ ဘီယာတွေကို  ဘာလုပ်မယ်ဆိုတာကို Budweiser က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

.

ကမ္ဘာ့ဖလားဘောလုံးကွင်းများတွင် အရက်သောက်ခြင်းကို တားမြစ်ရန် အတွက် ကမ္ဘာ့ဖလားပွဲကို စပွန်ဆာပေးထားတဲ့ Budweiser ရဲ့ ဘီယာတွေ ရောင်းချခွင့် ပိတ်ပင်လိုက်တဲ့ ကာတာရဲ့ နောက်ဆုံးမိနစ်ဆုံးဖြတ်ချက်ကြောင့် Budweiser လက်ထဲတွင် ဘီယာများ တောင်ပုံယာပုံ ကျန်နေပါတယ်။

.

ကုမ္ပဏီက လက်ကျန်ဘီယာဘူးများကို ရှင်းထုတ်ပစ်ဖို့ နည်းလမ်းရှာကြံခဲ့ပါတယ်။

.

Budweiser သည် မရောင်းရတဲ့ ဘီယာဘူးများကို  ပြိုင်ပွဲအနိုင်ရသည့်နိုင်ငံသို့ ပို့ဆောင်မည်ဖြစ်ကြောင်း ကုမ္ပဏီက တွစ်တာတွင် ပြောကြားခဲ့ပါတယ်။

 

Budweiser_on_Twitter___New_Day_New_Tweet._Winning_Country_gets_the_Buds._Who_will_get_them__https__.png

 .

 "အနိုင်ရတဲ့နိုင်ငံအတွက် အဆုံးစွန်သော ချန်ပီယံဂုဏ်ပြုပွဲကို ကျွန်တော်တို့ ကျင်းပပေးပါမယ်။ ဗိုလ်လုပွဲ နီးလာတဲ့အခါ အသေးစိတ် ထပ်မံကြေညာပေးပါမယ်" လို့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားပါတယ်။

.

"ပွဲကစားနေစဉ်မှာ အရက်ပါတဲ့ဘီယာကို ခွင့်မပြုပေမဲ့ ပွဲမစမီ သုံးနာရီအလိုအထိနှင့် နောက်ဆုံးပွဲသိမ်းဝီစီမှုတ်အပြီး တစ်နာရီကြာပြီးချိန်မှာ လက်မှတ်ရရှိထားတဲ့ ပရိသတ်များ အရက်ပါတဲ့ဘီယာကို ဝယ်ယူနိုင်မည်ဖြစ်ကြောင်း"တာဝန်ရှိသူများက စက်တင်ဘာလတွင် ပြောကြားခဲ့ပါတယ်။
ကမ္ဘာ့ဖလားမစတင်မီ ရက်အနည်းငယ်အလိုတွင် အားကစားကွင်းမှာ အရက်ပါတဲ့ Budweiser ကို ရောင်းချခြင်း ခွင့်မပြုကြောင်း ကြေညာခဲ့ပါတယ်။ အရက်မပါတဲ့ Bud Zero ကိုသာ ရောင်းချခွင့် ပေးပါတယ်။

Budweiser ထုတ်လုပ်တဲ့ AB InBev  က စပွန်ဆာအတွက် FIFA ကို ကန်ဒေါ်လာ ၇၅ သန်း ပေးသွင်းထားပါတယ်။

Source CNN

Read times Last modified on Thursday, 24 November 2022 20:05
Rate this item
(0 votes)