Restaurants
ခွေးသားစားသုံးမှု အဆုံးသတ်ရန် အစိုးရ အစီအစဉ်ကို ခွေးသားလုပ်ငန်းကဏ္ဍ သမ္မတရုံးအနီး ထပ်မံ ဆန္ဒပြ
ခွေးသားစားသုံးမှု အဆုံးသတ်ရန် အစိုးရ အစီအစဉ်ကို ခွေးသားလုပ်ငန်းကဏ္ဍ သမ္မတရုံးအနီး ထပ်မံ ဆန္ဒပြ
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
ဆိုးလ်မြို့ေတာ်ရှိ သမ္မတရုံးရှေ့၌ Korean Association of Edible Dog အသင်းဝင်များ နိုဝင်ဘာလ ၃၀ ရက်တွင် ဆန္ဒပြခဲ့ကြသည်။
ခွေးသား ရောင်းဝယ်ဖောက်ကားခြင်းနှင့် စားသုံးခြင်းကို တားမြစ်ရန် ဥပဒေပြုရေး ဆောင်ရွက်ချက်ကို ဆန့်ကျင် ဆန္ဒပြကြခြင်း ဖြစ်သည်။
ကိုရီးယား နိုင်ငံတစ်ဝှမ်းမှ ခွေးသားမွေးမြူသူများနှင့် ကုန်သည်များ ပါဝင်သည့် ရာချီသောလူအုပ်ကြီးသည် နိုဝင်ဘာလ ၃၀ ရက်တွင် သမ္မတရုံးအနီး၌ စုရုံးခဲ့ကြပြီး ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သောလုပ်ငန်းကို ပိတ်ပစ်ရန် အစိုးရ၏ အစီအစဉ်ကို ဆန့်ကျင်သော နောက်ဆုံးထွက်သက် ကြိုးပမ်းအားထုတ်မှုအဖြစ် ဆန္ဒပြခဲ့ကြသည်။
“ကိုရီးယားဟာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြည်သူတွေ ဘာကို စားသောက်လိုသလဲ ရွေးချယ်ပိုင်ခွင့်နဲ့ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ပေးဆောင်ထားတဲ့ ဒီမိုကရေစီနိုင်ငံပါ။ တိုင်းပြည်အတွက် ခွေးအသား ပေးအပ်နေသူများအဖြစ် တစ်သက်လုံး ကြိုးကြိုးစားစား လုပ်ကိုင်နေကြတာပါ။ ကျွန်တော်တို့ ဘာအမှားမှ မလုပ်ခဲ့ပါ" ဟု နိုင်ငံတလွှားမှ အသင်းဝင် ၁,၀၀၀ နီးပါး ရှိသည့် Korean Association of Edible Dog ၏ အထွေထွေအတွင်းရေးမှူး Ju Yeong-bong က ပြောကြားသည်။
ဆန္ဒပြသူများသည် ခွေးအကောင် နှစ်သန်းကို ထရပ်ကားများဖြင့် တင်ဆောင်လာပြီး ဆန္ဒပြမည်ဟု ခြိမ်းခြောက်ခဲ့သော်လည်း လက်တွေ့တွင် ခွေးအကောင်ရေ ၁၀၀ နီးပါး တင်ဆောင်လာသော ထရပ်ကား တစ်ဒါဇင်ဖြင့် ဆန္ဒပြခဲ့ကြသည်။
ယခင်ကလည်း ယခုလို ခွေးများ ခေါ်ဆောင်လာပြီးဆန္ဒပြခဲ့ကြဖူးသည်။
တောင်ကိုရီးယားတွင်ခွေးသားစားခြင်း တားမြစ်သည့် ဥပဒေကြမ်း ကန့်ကွက်ဆန္ဒပြ
https://www.foodindustrydirectory.com.mm/food-industry/restaurant/item/7240-dog-meat.html
အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ
အသားစားခွေး မွေးမြူရေးခြံမှ ခွေးများကို လှောင်အိမ်များထဲ ထည့်ကာ ထရပ်ကားပေါ် တင်ပြီး ခေါ်ဆောင်လာကြသည်။
ဆန္ဒပြစဉ်မှာ ၎င်းခွေးများကို လှောင်အိမ်များထဲမှ အပြင်သို့ လွှတ်ရန် အစီအစဉ် ရှိသော်လည်း လမ်းသွားလမ်းလာများအတွက် ဘေးမကင်းသောကြောင့် လုံခြုံရေးတပ်ဖွဲ့က ခွင့်မပြုဘဲ တားဆီးခဲ့သည်။
ဆန္ဒပြသူများက ခွေးများ လွှတ်ဖို့ အကြိမ်ကြိမ် ကြိုးစားသော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက တားဆီးပေးနိုင်ခဲ့သည်။
ဆန္ဒပြသူများက လုံခြုံရေးတပ်ဖွဲ့ဝင်များ ချထားသည့် အတားအဆီးများကို ဖယ်ရှားရန် အင်အားသုံးစွဲခဲ့ရာ ကိုယ်ထိလက်ရောက် ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။
အဖွဲ့၏ဥက္ကဌ Kim Byeong-guk နှင့် အခြားအဖွဲ့ဝင်နှစ်ဦးကို စုဝေးခြင်းနှင့် ဆန္ဒပြခြင်းဆိုင်ရာ ဥပဒေချိုးဖောက်မှု စွပ်စွဲချက်ဖြင့် Yongsan ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။
ယခင်တင်ပြချက်
ခွေးသား စားခြင်း တောင်ကိုရီးယား တားမြစ်မည်
https://www.foodindustrydirectory.com.mm/food-industry/restaurant/item/7218-dog.html
အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ
Source koreatimes
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL