Restaurants



ခွေးသား စားခြင်း တောင်ကိုရီးယား တားမြစ်မည်

ခွေးသား စားခြင်း တောင်ကိုရီးယား တားမြစ်မည်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

ခွေးသားစားခြင်းကို တားမြစ်မည်ဖြစ်ကြောင်း၊ တိရိစ္ဆာန် အခွင့်အရေးဆိုင်ရာ အသိပညာများ တိုးပွားလာချိန်တွင် ရှေးရိုးစွဲဓလေ့အပေါ်  အငြင်းပွားမှုကို အဆုံးသတ်ရန် ရည်ရွယ်ထားကြောင်း အာဏာရပါတီ မူဝါဒရေးရာ အကြီးအကဲတစ်ဦးက သောကြာနေ့ (နိုဝင်ဘာ ၁၇)တွင် ပြောကြားခဲ့သည်။

ခွေးသားစားသည့် ကိုရီးယားဓလေ့ကို ရက်စက်ကြမ်းကြုတ်သည်ဟု ရှုမြင်ကြပြီး  ပြည်ပမှ ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။ ထို့ပြင် ပြည်တွင်း၌လည်း အထူးသဖြင့် လူငယ်များထံမှ ဆန့်ကျင်မှုများ တိုးလာခဲ့သည်။

 

"ခွေးသားစားသုံးမှုနှင့် ပတ်သက်ပြီး လူမှုရေးပဋိပက္ခများနှင့် အငြင်းပွားမှုများကို အဆုံးသတ်ရန် အထူး အက်ဥပဒေတစ်ရပ်ကို အတည်ပြုပြဋ္ဌာန်းခြင်းဖြင့် အဆုံးသတ်ရန် အချိန်တန်ပြီ"ဟု အာဏာရPeople Power Party ၏ မူဝါဒရေးရာအကြီးအကဲ Yu Eui-dong က ပြောကြားခဲ့သည်။

 

အစိုးရနှင့် အာဏာရပါတီတို့သည် တားမြစ်ချက်ကို ကျင့်သုံးရန် ယခုနှစ်တွင် ဥပဒေကြမ်းတစ်ရပ်ကို တင်သွင်းမည်ဖြစ်ကြောင်း ယုက ပြောကြားသည်။

အာဏာရနှင့် အတိုက်အခံ  နှစ်ဖက်စလုံး၏ ထောက်ခံမှုကို မျှော်လင့်ထားပြီး အဆိုပါ ဥပဒေကြမ်းသည် လွှတ်တော်က အတည်ပြုပေးသင့်ကြောင်း ၎င်းက ပြောကြားသည်။

 

စိုက်ပျိုးရေးဝန်ကြီး Chung Hwang-keun က အစိုးရအနေနဲ့ တားမြစ်ချက်ကို မြန်မြန်ဆန်ဆန် အကောင်အထည် ဖော်မည်ဖြစ်ပြီး ခွေးသားထုတ်လုပ်သည့် လုပ်ငန်းကဏ္ဍမှာ ရှိသည့်သူများကို ၎င်းတို့၏ လုပ်ငန်းများကို ပိတ်သိမ်းပစ်ဖို့  ဖြစ်နိုင်သရွေ့ အတတ်နိုင်ဆုံး ပံ့ပိုးပေးသွားမည်ဟု ပြောကြားသည်။

 

သမ္မတကတော် Kim Keon Hee သည် ခွေးသားစားသုံးမှုအပေါ်  ဝေဖန်ပြောဆိုသူ ဖြစ်သည်။

သမ္မတ Yoon Suk Yeol သည် ခွေးလေခွေးလွင့်များကို မွေးမြူ‌စောင့်ရှောက်ပေးခဲ့သူ ဖြစ်သည်။

 

ခွေးသားစားခြင်း တားမြစ်သည့် ဥပဒေမူကြမ်းကို  ယခင်က တင်သွင်းခဲ့ရာ၌  ခွေးသားထုတ်လုပ်သည့် လုပ်ငန်းကဏ္ဍမှာ ရှိသည့်သူများက ဆန္ဒပြမှုများကြောင့် မအောင်မြင်ခဲ့ချေ။

မွေးမြူသူများနှင့် စားသောက်ဆိုင်များ စီးပွားပျက်ကြမည် ဖြစ်သဖြင့် ကန့်ကွက်ခဲ့ကြသည်။

အဆိုပြုထားသော တားမြစ်ချက်တွင် အခြား စီးပွားရေး ပြောင်းလုပ်ရန် အချိန် ၃ နှစ် ပေးထားမည် ဖြစ်ပြီး  ငွေကြေးပံ့ပိုးမှု ပါဝင်မည် ဖြစ်သည်။

 

အစိုးရအချက်အလက်များအရ ခွေးမွေးမြူရေးခြံ ၁,၁၅၀ ခန့်၊ သားသတ်ရုံ ၃၄ ခု ၊ ဖြန့်ဖြူးရေးကုမ္ပဏီပေါင်း ၂၁၉ ခုနှင့် ခွေးသား ရောင်းချသည့်  စားသောက်ဆိုင်ပေါင်း ၁,၆၀၀ ခန့်ရှိသည်။

Source Reuters


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Saturday, 18 November 2023 17:04
Rate this item
(0 votes)