Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


မိုးတွင်းကာလနဲ့လိုက်ဖက်တဲ့ Hot Pot ဆိုင်များ

မိုးရာသီမှာဖျားနာခြင်းကိုအစားအသောက်နဲ့ကာကွယ်ကြရအောင်ပါ။ အခုလိုရာသီအကူးအပြောင်းကာလမှာလူတိုင်းဖျားနာတတ်တာမို့ ကြိုတင်ကာကွယ်ထားမှ တော်ကာကျမယ်လေ။

 

ရှေးလူကြီးတွေပြောစကားရှိတယ်ဟုတ်။ အစာလည်းဆေး ဆေးလည်းအစာဆိုတာလေ။ အဲ့ဒီစကားပုံလို စားရင်းသောက်ရင်းနဲ့ ဖျားနာခြင်းကင်းဝေးအောင် လုပ်လို့ရတယ်ဆိုတော့ အစားတစ်လိုင်းတွေအကြိုက်ပဲပေါ့။

 

တကယ်တော့ လူတစ်ယောက်ဟာ ကိုယ်ခံအားကောင်းနေသ၍ ဖျားနာခြင်း၊ နှာစီးချောင်းဆိုးခြင်းအစရှိတဲ့ အသေးအဖွဲရောဂါလေးတွေကအစ မဖြစ်ပွားနိုင်ပါဘူး။ ဒီလိုကိုယ်ခံအားကောင်းဖို့အတွက်လည်း ဈေးကြီးတဲ့ဆေးတွေ သောက်ပေးဖို့မလိုဘူးနော်။

 

ကျန်းမာရေးနဲ့ သင့်တော်ပြီးကိုယ်ခံအားကောင်းစေတဲ့ အစားအသောက်တွေကိုစားပေးရင်ရပါတယ်။ ဗီတာမင်စီကြွယ်ဝတဲ့ အစားသောက်တွေဟာ ကိုယ်ခံအားကိုမြှင့်တင်ပေးတာမို့ ဦးစားပေးစားသင့်ပါတယ်။

 

ဗီတာမင် C ပါဝင်တဲ့ အစားအစာတွေကတော့ Citrus fruits တွေ ဖြစ်တဲ့ ဂရိတ်ဖရု ၊ လိမ္မော်သီး ၊ စတော်ဘယ်ရီ ၊ လီမွန် နဲ့ သံပရာသီးအစရှိတဲ့အသီးတွေဖြစ်ပါတယ်။

 

Citrus အသီးအနှံမဟုတ်တဲ့ ဗီတာမင်စီကြွယ်ဝတဲ့ အသီးအနှံတွေကတော့ စတော်ဘယ်ရီ၊ သင်္ဘောသီး၊ မာလကာသီး၊ ပန်းငရုပ်ပွ၊ ကီဝီ၊ ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီနဲ့ သရက်သီးတို့ဖြစ်ပါတယ်နော်။

 

ကဲ မိုးရာသီမှာဖျားနာခြင်းကိုအစားအသောက်နဲ့ကာကွယ်ကြရအောင်….. ချဉ် ငံ စပ် Hot Pot ပူပူလေးသောက်လိုက်ရရင်ဖြင့် ဘယ်လိုပြောရမလဲတောင် ဖြစ်သွားပါလိမ့်မယ်။

 

Myanmar Food Industrial Directory မှ အစားသမားတွေအကြိုက် အမြဲဖြည့်ဆည်းပေးချင်တဲ့အတွက် မိုးတွင်းကာလနဲ့လိုက်ဖက်တဲ့ Hot Pot ဆိုင်ကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

Hot Pot City

ဆိုင်တွေထဲမှာတော့ အမျိုးအစားစုံလင်တဲ့အပြင် ပေးရတဲ့ဈေးနဲ့လည်း တန်တယ်ဆိုတဲ့ နာမည်ကြီးနေသော ဆိုင်လေးဖြစ်ပါတယ်။

ဆိုင်() အမှတ် (၃၃) ကျိုက်ဝိုင်းဘုရားလမ်း၊ ၈မိုင် မှာရှိပါတယ်။ 09797799111

ဆိုင်() အမှတ် ၇၈၊ သစ်တောလမ်းနှင့် မင်းရဲကျော်စွာလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။

0978088886609780888877

 

Hot Pot King

အစားအစာ ပင်လယ်စာများ စုံလင်လတ်ဆတ်ရတာမို့ နာမည်ကြီးတဲ့ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။ တစ်ယောက်ကို ၁၅၈၀၀ ပါ။

အမှတ်(၂၆,၂၇) သစ္စာလမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။ 09777777009

 

Jo Jo Hot Pot Buffet

Jo Jo Hot Pot Buffet ဆိုင်ခွဲတွေအများကြီးနဲ့ ဈေးတန်တဲ့ ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်ပါ။ Set နဲ့ ရသလို အဝစားလည်း ရပါတယ်။

ဆိုင်() အမှတ် ၂၃ A၊ နဝဒေးလမ်း ၊ ရန်ကုန်မြို့။

ဆိုင်() Junction 8 ဒုတိယထပ်

ဆိုင်() Capital Hypermarket တတိယထပ်

ဆိုင်() အမှတ် ၅၀၈ A အောက်ကြည့်မြင်တိုင်လမ်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့။

ဆိုင်() Junction Square Secret Garden

 

99 Hot Pot

99 Hot Pot ဆိုင်လေးကတော့ ဈေးသက်သာတဲ့အပြင် စားစရာအစုံလင်ရလို့ Hot Pot ချစ်သူတွေကြား လူသိများပါတယ်။ တစ်ယောက်ကို ၁၁၈၀၀ ကျပ်ဖြစ်ပါတယ်။

Gandamar Wholesale ဝင်းအတွင်း၊ ဖုန်းနံပါတ်ကတော့ 09777998899

 

ချွမ်းချွမ်း Mini Hot Pot

ချွမ်းချွမ်း တုတ်ထိုးဟော့ပေါ့ဆိုင်လေးတွင်တော့ ဈေးနှုန်းအသင့်အတင့်ရှိပြီး လူသွားလူလာများပြားလှတဲ့ နေရာမှာ ဖွင့်လှစ်ထားပါတယ်။

အမှတ် ၄၂၊ ဦးထွန်းလင်းခြံလမ်းဆုံးထောင့်၊ လှည်းတန်းလမ်းဆုံအနီး၊ လှည်းတန်း၊ ကမာရွတ်မြို့နယ်။

၀၉-၉၇၄၈၅၂၈၈၊ ၀၉-၇၇၉၉၄၂၉၃၃

 

Fisherman’s Wharf Fish Hot Pot

Hot Pot ဆို ချဉ် ငံ စပ် နဲ့ စီချွမ်အရသာကောင်းကောင်းကြိုက်တဲ့သူတွေအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။ အသားငါး လတ်လတ်ဆတ်ဆတ်နဲ့မို့ အရသာအလွန်ရှိတဲ့ ဆိုင်လေးဖြစ်ပါတယ်။

အမှတ် () ၊ စမ်းချောင်းကျောင်းလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

09977016666

 

Read times Last modified on Tuesday, 18 September 2018 13:16
Rate this item
(4 votes)