Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


Shwe Yoe Tea House

Shwe Yoe Tea House ဆိုင်ကတော့ လမ်းမတော်မြို့ နယ်၊ အနော်ရထာလမ်းမ၊ ရွှေတောင်တန်းလမ်းနှင့်

၁၄ လမ်းကြားတွင် ဖွင့်လှစ်ထားပြီး ယင်းဆိုင်တွင်  မြန်မာအစားအစာနှင့် တရုတ်အစားအစာများကို ဈေးနှုန်းသက်သာစွာ ရောင်းချပေးနေတဲ့  စားသောက်ဆိုင်ကို Myanmar Food Industry Directory မှ လမ်းညွှန်ပေးလိုက်ပါတယ်။

 

ဆိုင်ထဲကို ၀င်လိုက်တာနဲ့ ပထမဦးဆုံး မြင်လိုက်တာက Classical အဖြစ်ဆုံးနဲ့ Basic အကျဆုံးအရောင်ကတော့ အဖြူနဲ့ အမဲ ကို တစ်ဆိုင်လုံး သုပ်ထားပါတယ်။ ၎င်းအပြင် မြန်မာ့ရိုးရာ Theme တစ်ခုဖြစ်တဲ့ ဦးရွှေရိုးပုံကို နံရံတွင် sketching လုပ်ထားတာကလည်း ဆိုင်အတွက် ဆွဲဆောင်မှုတစ်ခုဖြစ်ပါတယ်။ စားပွဲခုံလေးတွေကလည်း အကုန်လုံး အဖြူ၊ အမဲတွေ သုပ်ထားပါတယ်။ အပေါ်ထပ်တွင်တော့ နံရံရဲ့  တစ်ဝက်လောက်ကို မှန်နဲ့ အလှဆင်ထားတာကို တွေ့ရပါတယ်။ အခြားနံရံများတွင်လည်း ပန်းချီစာတန်းရေးထားတဲ့ ပန်းချီကားချပ်ပုံများကို ချိတ်ဆွဲထားပါတယ်။

shwe yoe 2 

ယင်းဆိုင်တွင် ရနိုင်တဲ့အစားအစာများကတော့ ငါးခူစစ်စစ်နှင့် ချက်ထားတဲ့ မုန့်ဟင်းခါး၊ နန်းကြီးသုပ်၊ နန်းပြားသုပ်၊ ကြက်သားပလာတာ၊ ဆိတ်စွပ်ပလာတာ၊ ပဲခေါက်ဆွဲ၊ မန္တလေးမြီးရှည်၊ သုံးမျိုးစပ် ကောက်ညှင်းပေါင်းအကြော်စုံ၊ ၀က်ကောက်ညှင်းထုပ်၊ ပဲထမင်းဆီဆမ်း၊ ပုစွန်ဆီထမင်းကြော်၊ ၀က်နံရိုးပေါင်းခေါက်ဆွဲ၊ ပုစွန်ချိုချဉ်ထမင်း၊ ချဉ်စပ်ထမင်း၊ ကဏန်းပျော့ထမင်း၊ ကြက်ပင်စိမ်း၊ ကြက်ချဉ်စပ်၊ ခေါက်ဆွဲကြော်၊ ကြာဆံကြော်နှင့် အခြား မြန်မာအစားအစာ၊ တရုတ်အစားအစာများ၊ လက်ဖက်ရည်၊ ကော်ဖီနှင့် သစ်သီးဖျော်ရည် တို့ကို ရောင်းချပေးလျက်ရှိပါတယ်။

 

ဈေးနှုန်းများမှာ အနိမ့်ဆုံး ၁၀၀၀ ကျပ်မှ အမြင့်ဆုံး ၄၀၀၀ ကျပ် ဖြင့် ရောင်းချတဲ့အတွက်ကြောင့် ဈေးနှုန်းသက်သာပါတယ်။

 shwe yoe 3

ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၆ နာရီမှ ည ၁၀ နာရီအထိ ဖွင့်လှစ်ထားပါတယ်။ ဆိုင်ကို နေ့စဉ်၊  နေ့တိုင်းဖွင့်လှစ်ပေးထားပါတယ်။

 Read More >>>>> Thai Taste Buffet မှ အ၀စား ၆၀၀၀ တန် ဟင်းပွဲ ၃၀ ကျော်စားလို့ရ

ဆိုင်နေရာကတော့ အမှတ် ၁၈၁၊ အနော်ရထာလမ်းမ၊ ရွှေတောင်တန်းလမ်းနှင့် ၁၄ လမ်းကြား၊ လမ်းမတော်မြို့ နယ်၊ ရန်ကုန်မြို့ ။ (စံပြရုပ်ရှင်ရုံနှင့် မျက်စောင်းထိုး)


09 44168 9893

 

 

WWH

Read times Last modified on Tuesday, 18 September 2018 11:55
Rate this item
(1 Vote)