Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


Bread Talk မှ အကောင်းဆုံး ဂျပန်ရိုးရာအနံ့အရသာများဖြင့် ဖန်တီးထားတဲ့မုန့်များနဲ့ မိတ်ဆက်ခြင်း

အကောင်းဆုံး ဂျပန်ရိုးရာအနံ့အရသာများဖြင့် ဖန်တီးထားသည့် Ohayo Japan ပေါင်မုန့်၊ ကိတ်မုန့်နှင့်

အစာသွပ်မုန့်များကို Bread Talk မှ မိတ်ဆက်ခြင်းကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက် တွင် ပြုလုပ်ခဲ့ပါတယ်။

 

Bread Talk သည် စင်္ကာပူနိုင်ငံတွင် လွန်ခဲ့သည့် ၂၀၀၀ ပြည့်နှစ်မှ စတင်ဖွင့်လှစ်ရောင်းချခဲ့ပြီး အရသာကောင်းမွန်ပြည့်စုံပြီး လတ်ဆတ်သော ပေါင်မုန့်၊ ကိတ်မုန့်အမျိုးအစားများစွာ ရရှိနိုင်တဲ့အတွက် လူသိများ ထင်ရှားလာခဲ့ပါတယ်။

 

Bread Talk က စင်္ကာပူ၊ တရုတ်၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ ထိုင်းနိုင်ငံနှင့် အရှေ့အလယ်ပိုင်းဒေသရှိ နိုင်ငံများတွင် ဆိုင်ခွဲပေါင်း ၈၀၀ ကျော်ရှိပြီး မြန်မာနိုင်ငံတွင် Bread Talk ဆိုင်ခွဲများဖွင့်လှစ်သည့် နိုင်ငံများထဲတွင် ၁၇ နိုင်ငံမြောက်ဖြစ်ကြောင်း သိရပါတယ်။

 

Ohayo Japan ဟု အမည်ပေးထားတဲ့ အချိန်ကာလ အကန့်အသတ်ဖြင့်သာ ရောင်းချသွားမည့် မုန့်များကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့မှ နိုဝင်ဘာလ ၁၅ ရက်နေ့အထိကို ရန်ကုန်မြို့၊ Junction City၊ ပထမထပ်၊ ဆိုင်အမတ် ၁၀၅-၁၀၆ တွင် Bread Talk Myanmar ဆိုင်ခွဲတွင် ရောင်းချသွားမည်ဖြစ်ကြောင်း သိရပါတယ်။

 07

Junction City ဆိုင်ခွဲမှာ ရောင်းချပေးသွားမယ့် ဂျပန်နိုင်ငံရဲ့ တစ်မူထူးခြားတဲ့ အရသာနဲ့ Ohayo Japan ပေါင်မုန့်၊ ကိတ်မုန့်၊ အစာသွပ်မုန့်မျိုးစုံကို ဈေးဝယ်ထွက်ရင်း မြည်းစမ်းနိုင်ပါတယ်။  မုန့်အမည်များကတော့ Matcha Red Bean, Oh! Konomiyaki, Bacon Kushiyaki, Tuna Chikuwa, Tuna Edamame, Ms Berry Blossom, The Rising Star, Miss Sakura, Memoirs of Sakura, Hai! Cheese တို့ပဲဖြစ်ပါတယ်။

 02

Ohayo Japan ပေါင်မုန့်လုံးများနှင့် အစာသွပ်မုန့်များ၏ ဈေးနှုန်းများမှာ ၁၂၀၀ ကျပ် မှ ၁၅၀၀ ကျပ်အထိ ရှိပြီး Memoirs of Sakura Roll ကတော့ ၁၀၈၀၀ ကျပ်၊ Hai! Chees Whole Cake ကတော့ ၂၂၈၀၀ ကျပ် ဈေးနှုန်းများဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း သိရပါတယ်။

 06

Bread Talk မှ Ohayo Japan မုန့်မျိုးစုံကို ပရိုမိုးရှင်းများဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ စက်တင်ဘာလ ၂၁ ရက်မှ နိုဝင်ဘာလ ၁၅ ရက်နေ့အထိ

 

- ပေါင်မုန့် ၅ လုံး ၀ယ်ယူလျှင် ၀ယ်ယူထားသည့် ပေါင်မုန့်များထဲမှ ဈေးအနည်းဆုံးပေါင်မုန့်လုံး ၁ လုံး လက်ဆောင်

 

- ကိတ် Hai! Cheese cake ကို ၀ယ်ယူလျှင် နောက်တစ်ကြိမ်ပေါင်မုန့်ဝယ်ရာတွင် သုံးနိုင်သော ၃၀၀၀ ကျပ်နှင့် ညီမျှသည့် Discount ဘောင်ချာ

 

- အစာသွပ်မုန့် - The Rising Star အစာသွပ်မုန့် ၂ ခုလျှင် ၂၀၀၀ ကျပ်

 

- အစာသွပ်မုန့် - Miss Sakura ကိတ်မုန့်လုံး ၃ ခုလျှင် ၃၅၀၀ ကျပ်

 

Ohayo Japan ပေါင်မုန့်နှင့် ကိတ်မုန့်များအားလုံးကို Junction City ရှိ Bread Talk ဆိုင်တွင် စက်တင်ဘာလ ၂၁ ရက်နေ့မှ နိုဝင်ဘာလ ၁၅ ရက် အချိန်ကာလအတွင်းတွင်သာ ၀ယ်ယူရရှိနိုင်မှာဖြစ်ကြောင်း သိရပါတယ်။

Read times Last modified on Tuesday, 18 September 2018 15:23
Rate this item
(2 votes)