Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


ချွမ်းချွမ်း mini Hot Pot (တုတ်ထိုးဟော့ပေါ့)

ချွမ်းချွမ်း mini Hot Pot (တုတ်ထိုးဟော့ပေါ့) ဆိုင်ကို လူစည်ကားလှတဲ့ ဦးထွန်းလင်းခြံလမ်းရဲ့အဆုံး

လမ်းထောင့်၊ ကမာရွတ်မြို့နယ်တွင် ဖွင့်လှစ်ထားပါတယ်။

 

လမ်းထောင့်ကျတဲ့ဆိုင်ဖြစ်တာကြောင့် အေးအေးဆေးဆေး သီးသီးသန့်သန့်သုံးဆောင်လိုသူများအတွက် အထူးသင့်လျော်တဲ့ ဆိုင်ဖြစ်ပါတယ်။

 

ဟော့ပေါ့ကို Set Menu များနှင့်လည်း သုံးဆောင်နိုင်ပါတယ်။ One Set Menu ဆိုရင်တော့ တစ်ယောက်မှ ၂ ယောက်အထိ စားနိုင်ပြီး ဈေးနှုန်းကတော့ ၅၀၀၀ ကျပ်သာ ကုန်ကျမှာဖြစ်ပါတယ်။

 chun 4

အသားအမျိုးမျိုး၊ ငါး၊ ပုစွန်၊ တရုတ်မှိုခြောက်၊ အပ်မှို၊ ပဲလိပ်၊ ပဲပြား၊ ကန်စွန်းရွက်၊ မုန်ညင်း၊ ကိုက်လံ၊ ထုံချိုင်းအသားလုံးအမျိုးမျိုး၊ ငုံးဥ အစရှိတဲ့ အမယ်များ စုံလင်စွာ ရရှိပါတယ်။

 

ဟော့ပေါ့ဟင်းရည်ကို တုံ့ယမ်း၊ အချို၊ မာလာ ဖြင့် တစ်မျိုးကို ၈၀၀ ကျပ်သာ ကျသင့်မှာဖြစ်ပါတယ်။

 

ဆိုင်တွင် ဟင်းသီးဟင်းရွက် တုတ်ထိုး (၁) ချောင်းကို ၂၀၀ ကျပ်၊

 

အသား၊ ငါး၊ ပုစွန်တုတ်ထိုး (၁) ချောင်းကို (၅၀၀) ကျပ်၊

 

အသားလုံး၊ အသားချောင်းအသေး (၁) ချောင်းကို (၂၀၀) ကျပ်၊

 

ခေါက်ဆွဲအမျိုးမျိုး/ထမင်းဖြူ (၁) လုံး (၅၀၀) ကျပ်၊

 

အသားပြား (၁) ပန်းကန် (၁၀၀၀) ကျပ် သာ ကျသင့်မှာဖြစ်ပါတယ်။

 

ဆိုင်ရှိစားပွဲခုံးများကတော့ ၂ ယောက်စာ၊ ၄ ယောက်စာ အစရှိသဖြင့် ထိုင်နိုင်ပါတယ်။

 

လူစည်ကားပြီး လေ၀င်လေထွက်ကောင်းတဲ့ ချွမ်းချွမ်းတုတ်ထိုးဟော့ပေါ့ဆိုင်လေးသို့ သွားရောက်မြည်းစမ်း သုံးဆောင်ဖို့အတွက် လမ်းညွှန်ပေးလိုက်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 11:18
Rate this item
(1 Vote)