စားသောက်ကုန်နှင့် ဟိုတယ်စားသောက်ဆိုင်သုံး ပစ္စည်းများအတွက် မက်ထရို ရှိနေပြီ
စားသောက်ကုန်နှင့်ဟိုတယ်စားသောက်ဆိုင်သုံးပစ္စည်းများကို ဟိုတယ်စားသောက်ဆိုင်နှင့် Catering လုပ်ငန်း လုပ်ကိုင်သူလုပ်ငန်းရှင်ဖောက်သည်များထံ အရောက်ပို့ပေးနေသော မက်ထရို၏ အအေးခန်း ထရပ်ကားများကို ရန်ကုန်မြို့နေရာအနှံ့မှာတွေ့နေရပါပြီ။
မက်ထရို၏အဓိကလုပ်ငန်းသည် ၎င်း၏ ဟိုတယ်စားသောက်ဆိုင်နှင့် Catering လုပ်ငန်းလုပ်ကိုင်သူ လုပ်ငန်းရှင်များ၊ ကုန်စုံဆိုင်လုပ်ငန်းရှင်နှင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်ဖောက်သည်များအတွက် စားသောက်ကုန် နှင့် ဟိုတယ်၊ စားသောက်ဆိုင်သုံးကုန်ပစ္စည်းများအား တစ်နေရာတည်းမှာ ဝယ်ယူနိုင်စေဖို့ အထူးစီမံပေးထားခြင်းဖြစ်သည်။
ကမ္ဘာနဲ့အဝန်း ၂၄ သန်းသောလုပ်ငန်းရှင်ဖောက်သည်များရှိသောကြောင့်၊ မြန်မာနိုင်ငံတွင်လည်း လုပ်ငန်းကို ထူးထူးခြားခြားအောင်မြင်ဖို့ ရည်ရွယ်သည်။
ပြီးခဲ့သောနှစ် နိုဝင်ဘာလ (၁) ရက်နေ့က စ၍၊ သံလျင်မှ သီလဝါ အထူးစီးပွားရေးဇုန်ရှိ ခေတ်မီ ကုန်သိုလှောင်ရုံမှ တဆင့်စားသောက်ကုန်နှင့် ဟိုတယ်၊ စားသောက်ဆိုင်သုံးပစ္စည်းများကို လုပ်ငန်းရှင် ဖောက်သည်များထံသို့ စမ်းသပ်ပို့ဆောင်ရောင်းချခဲ့သည်။
၂၀၁၉ ခုနှစ် မတ်လ (၈) ရက်တွင်၊ မြန်မာနိုင်ငံ ဈေးကွက်ကို တရားဝင်ဝင်ရောက်ကြောင်း ကြေညာပြီးချိန်က စတင်၍၊ ရေရှည်တည်တံ့၍ ယုံကြည်စိတ်ချရသောအောင်မြင်မှုကို ၎င်း၏ လုပ်ငန်းရှင်ဖောက်သည်များအတွက် ဖော်ဆောင်ရန် ရည်ရွယ်ကာ၊ စားသောက်ကုန်ပို့ဆောင်ရောင်းချရေးဝန်ဆောင်မှုနှင့် ဟိုတယ်၊ စားသောက်ဆိုင်လုပ်ငန်းသုံး ကုန်ပစ္စည်းများ ပို့ဆောင်ရောင်းချရေးဝန်ဆောင်မှုများကို ပြည်တွင်းရှိ ဝန်ထမ်းများကို စီမံခန့်ခွဲစေခြင်းဖြင့် စတင်တည်ဆောက်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် ပထမဦးဆုံးအနေနှင့် နိုင်ငံတကာအဆင့်မီကုန်ပစ္စည်းသိုလှောင်၊ ထုတ်ပိုး၊ ပို့ဆောင် ရောင်းချရေး စီမံခန့်ခွဲမှုစနစ်ကို တည်ထောင်နိုင်ရန် ကုမ္ပဏီလုပ်ငန်းလည်ပတ်ပုံများသည် နောက်ဆုံးပေါ် နည်းပညာစနစ်များကို အခြေခံလျက်၊ e-commerce ခေါ် အွန်လိုင်းရှော့ပင်းနှင့် မိုဘိုင်းအပလီကေးရှင်းမှ တဆင့် အဆင့်ဆင့်ဝန်ဆောင်မှု ပေးလျက်ရှိသည်။
၂၀၁၉ ခုနှစ် မတ်လမှ စတင်၍ ၊ စားသောက်ကုန်နှင့် ဟိုတယ်စားသောက်ဆိုင် လုပ်ငန်းသုံးပစ္စည်းအမျိုးပေါင်း ၂,၀၀၀ ကျော်ကို ၎င်း၏ e-commerce ခေါ် အွန်လိုင်းရှော့ပင်းမှတဆင့် လုပ်ငန်းရှင်ဖောက်သည်များ ဝယ်ယူနိုင်ပြီး၊ ယင်းအမျိုးအမည်ပေါင်း၏ ၇၅%ကို ပြည်တွင်းမှ ရယူလျက်၊ ၂၅% ကို ပြည်ပမှ တင်သွင်းရန် ရည်ရွယ်သည်။ ၂၀၁၉ ခုနှစ် ဇွန်လတွင်၊ ကုန်ပစ္စည်း အမယ်ပေါင်း ၂,၄၀၀ ထိ တိုးမြင့်ရောင်းချသွားရန် စီစဉ်ထားသည်။
Credit: mizzimaburmese