Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဗဟိုစံပြငါးဈေးတွင် ရေလမ်း‌ကြောင်းမှသာ ကုန်များ တင်ပို့ခွင့်ပြု

Unicode

ဗဟိုစံပြငါးဈေးတွင် ရေလမ်း‌ကြောင်းမှသာ ကုန်များ တင်ပို့ခွင့်ပြု

 

ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်ရှိ ဗဟိုစံပြငါးဈေးသို့ ကုန်များတင်ပို့ခြင်းကို ရေလမ်း‌ကြောင်းမှသာအဝင်ခံပြီး ကုန်းလမ်းမှတစ်ဆင့် ကုန်များတင်ပို့ခြင်းကို ရွှေပိတောက်ငါးဈေးနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

လှိုင်မြို့နယ်ရှိ ရွှေပိတောက်ငါးဈေးမှာ ရှစ်ဧကခန့်ကျယ်ဝန်းပြီး ကားအဝင်လမ်းကျယ်ခြင်းနှင့်ဘေးဘက်တွင်နေရာများ ကျန်ရှိနေသည့်အတွက် ယင်းဈေးနှစ်ခုကို နှစ်ဖက်မျှတမှုရှိအောင် စီစဉ်ဆောင်ရွက်ခြင်း ဖြစ်သည်။

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ည၁၀ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရရန် ထုတ်ပြန်ထားခြင်းကြောင့် အဆိုပါဈေးများကို ည ၇ နာရီတွင် အရောင်းအဝယ်ရပ်ပြီး ည ၇ နာရီမှ ၁၀ နာရီအတွင်း ကုန်ကားများဝင်ရောက်နိုင်ရန် ဆောင်ရွက်ထားကြောင်း သိရသည်။

 

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဗဟိုစံပြငါးဈေး၌ ကားများပိတ်ခြင်းကြောင့် ရွှေပိတောက်ငါးဈေးနှင့် ဗဟိုစံပြငါးဈေးအား ချိတ်ဆက်ဆောင်ရွက်ရန် စီစဉ်ခြင်းဖြစ်ပြီး ကုန်းလမ်းမှလာသည့် ကုန်တင်ယာဉ်များအား ရွှေပိတောက်ငါးဈေးသို့ ဝင်ခွင့်ပြုမည်ဖြစ်ကာ ဗဟိုစံပြငါးဈေးသို့ ရေလမ်းကြောင်းတစ်ခုတည်းဖြင့်သာ ကုန်များတင်ပို့သွားမည်ဖြစ်သည်။

 

Ref: Transcom

Home Page Food

 

COVID 19

 

Zawgyi

ဗဟိုစံျပငါးေဈးတြင္ ေရလမ္း‌ေၾကာင္းမွသာ ကုန္မ်ား တင္ပို႔ခြင့္ျပဳ

 

ရန္ကုန္၊ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ရွိ ဗဟိုစံျပငါးေဈးသို႔ ကုန္မ်ားတင္ပို႔ျခင္းကို ေရလမ္း‌ေၾကာင္းမွသာအဝင္ခံၿပီး ကုန္းလမ္းမွတစ္ဆင့္ ကုန္မ်ားတင္ပို႔ျခင္းကို ေ႐ႊပိေတာက္ငါးေဈးႏွင့္ ခ်ိတ္ဆက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

 

လႈိင္ၿမိဳ႕နယ္ရွိ ေ႐ႊပိေတာက္ငါးေဈးမွာ ရွစ္ဧကခန႔္က်ယ္ဝန္းၿပီး ကားအဝင္လမ္းက်ယ္ျခင္းႏွင့္ေဘးဘက္တြင္ေနရာမ်ား က်န္ရွိေနသည့္အတြက္ ယင္းေဈးႏွစ္ခုကို ႏွစ္ဖက္မွ်တမႈရွိေအာင္ စီစဥ္ေဆာင္႐ြက္ျခင္း ျဖစ္သည္။

 

ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ ည၁၀ နာရီမွ နံနက္ ၄ နာရီအထိ ညမထြက္ရရန္ ထုတ္ျပန္ထားျခင္းေၾကာင့္ အဆိုပါေဈးမ်ားကို ည ၇ နာရီတြင္ အေရာင္းအဝယ္ရပ္ၿပီး ည ၇ နာရီမွ ၁၀ နာရီအတြင္း ကုန္ကားမ်ားဝင္ေရာက္ႏိုင္ရန္ ေဆာင္႐ြက္ထားေၾကာင္း သိရသည္။

 

ၿပီးခဲ့သည့္ရက္ပိုင္းအတြင္း ဗဟိုစံျပငါးေဈး၌ ကားမ်ားပိတ္ျခင္းေၾကာင့္ ေ႐ႊပိေတာက္ငါးေဈးႏွင့္ ဗဟိုစံျပငါးေဈးအား ခ်ိတ္ဆက္ေဆာင္႐ြက္ရန္ စီစဥ္ျခင္းျဖစ္ၿပီး ကုန္းလမ္းမွလာသည့္ ကုန္တင္ယာဥ္မ်ားအား ေ႐ႊပိေတာက္ငါးေဈးသို႔ ဝင္ခြင့္ျပဳမည္ျဖစ္ကာ ဗဟိုစံျပငါးေဈးသို႔ ေရလမ္းေၾကာင္းတစ္ခုတည္းျဖင့္သာ ကုန္မ်ားတင္ပို႔သြားမည္ျဖစ္သည္။

 

Ref: Transcom

Read times Last modified on Friday, 24 April 2020 16:17
Rate this item
(0 votes)