Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပဲကြီးဈေးနှုန်း ကျဆင်းလာမှုကြောင့် တွက်ခြေမကိုက်

Unicode

ပဲကြီးဈေးနှုန်း ကျဆင်းလာမှုကြောင့် တွက်ခြေမကိုက်

 

ယခုနှစ် နွေသီးနှံအဖြစ် ရွှေရင်းမာပဲနှင့် ပဲကြီးကို  နိုင်ငံတချို့သို့   တင်ပို့နေသော်လည်း ပဲကြီးလှိုင်လှိုင် ပေါ်ချိန်တွင် ပြည်ပမှ  ဝယ်ယူမှုနည်းလာသဖြင့်  ဈေးနှုန်းများ ဆက်တိုက် ကျဆင်းလာမှုကြောင့် တောင်သူများ တွက်ခြေမကိုက်ဖြစ်နေကြောင်း သိရပါတယ်။

 

ယခင်နှစ်ကာလတူဈေးထက်   ပဲကြီး တစ်တင်းလျှင် ငွေကျပ် တစ်သောင်းခန့်နှင့် ရွှေရင်းမာပဲ တစ်တန်လျှင် ငွေကျပ် ၈ဝဝဝ ကျော်အထိ ဈေးကျဆင်းသွားကြောင်း သိရပါတယ်။

 

''အရင်နှစ် ဒီလိုအချိန်မှာ ပဲကြီးတစ်တင်းကို  ငွေကျပ်  ၃၅ဝဝဝ  လောက်ရတယ်။ အခုဈေးကွက်မှာ  တစ်တင်းကို ငွေကျပ် ၂၅ဝဝဝ ပဲရတယ်။ ရွှေရင်းမာပဲဆိုရင်လည်း ဒီနှစ်  တစ်တင်းကို  ငွေကျပ်  ၁၄ဝဝဝ ပဲရတော့ ဒီဈေးတွေနဲ့ အဆင်မပြေကြဘူး။ နောက်ပြီး  ဒီနှစ်ပဲပေါ်ချိန်နောက်ကျလို့ ဈေးကောင်းလည်း     မမီလိုက်ကြဘူး။   ဒါကြောင့် လာမယ့်နှစ်ဆိုရင်တော့ ပဲအစားထိုးသီးနှံ တစ်ခုခု ပြောင်းစိုက်ဖို့ရှိပါတယ်''ဟု နေပြည်တော်  တပ်ကုန်းမြို့နယ်ရှိ  ပဲစိုက်တောင်သူ ဦးလွင်ဦးကပြောကြားခဲ့ပါတယ်။

 

လက်ရှိတွင်    တောင်သူအများစုမှာ ပွဲစား၊ ကုန်သည်များနှင့် ချိတ်ဆက်၍ တိုက်ရိုက်ရောင်းဝယ်ကြပြီး ကြိုတင်စိုက်စရိတ် ချေးငွေအဖြစ်   တစ်ဧကလျှင်  ငွေကျပ် ၅ဝဝဝဝ ကျော် ထုတ်ပေးကြကြောင်း၊  ထို့နောက်  ပဲပေါ်ချိန်တွင်  ကြိုတင်ထုတ်ပေးငွေကို  ခုနှိမ်ကာ   ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူကြကြောင်း သိရပါတယ်။

 

ဈေးကွက်အတွင်း  ပဲကြီးတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၇ဝဝ မှ ၇၂ဝ ကြား၊ ရွှေရင်းမာပဲ   တစ်တန်လျှင်  အမေရိကန်ဒေါ်လာ ၄ဝဝ ကျော်သာ ဈေးရှိကြောင်း သိရပါတယ်။

 

''ဒီနှစ် ပဲကြီးတစ်ဧကကို တင်း ၂ဝ ထွက်တယ်။ ရွှေရင်းမာပဲက တင်း ၃ဝ ကျော် ထွက်တယ်။  အရင်နှစ်ကလောက်မရဘူး။ စိုက်ပျိုးချိန်နောက်ကျတော့ အထွက်နှုန်း ထိခိုက်တယ်။ ရွှေရင်းမာပဲက  တစ်တင်းကို ငွေကျပ် တစ်သောင်းကျော်ပဲရှိလို့ လာမယ့်နှစ်ပြောင်းသီးနှံကို     ပြောင်းလဲစိုက်ပျိုးဖို့ စိတ်ကူးထားပါတယ်။   တစ်ဧကစိုက်ပျိုးစရိတ်နဲ့    ရိတ်သိမ်းအလုပ်သမားခက ငွေကျပ် တစ်သိန်းကျော် ကုန်ကျတယ်'' ဟု  ပဲခူးမြို့မှ  ပဲစိုက်တောင်သူ ဦးကျောက်ခဲကပြောကြားခဲ့ပါတယ်။

 

ပဲကြီးနှင့် ရွှေရင်းမာပဲကို နေပြည်တော်၊မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့်  ကရင်ပြည်နယ်တို့၌  အများဆုံးစိုက်ပျိုးကြကြောင်း၊ ပြည်ပတင်ပို့မှု အနေဖြင့် တရုတ်၊ ဥရောပနိုင်ငံတချို့နှင့်   အာရှနိုင်ငံများသို့   တင်ပို့နေပြီး    နှစ်စဉ် မတ်လနှင့် ဧပြီလတို့တွင် ထွက်ရှိကြောင်း သိရပါတယ်။

 

#MFID

Home Page Food

 

COVID 19

 

Zawgyi

 

ပဲႀကီးေစ်းႏႈန္း က်ဆင္းလာမႈေၾကာင့္ တြက္ေျခမကိုက္

 

ယခုႏွစ္ ေႏြသီးႏွံအျဖစ္ ေရႊရင္းမာပဲႏွင့္ ပဲႀကီးကို  ႏိုင္ငံတခ်ဳိ႕သို႔   တင္ပို႔ေနေသာ္လည္း ပဲႀကီးလႈိင္လႈိင္ ေပၚခ်ိန္တြင္ ျပည္ပမွ  ဝယ္ယူမႈနည္းလာသျဖင့္  ေစ်းႏႈန္းမ်ား ဆက္တိုက္ က်ဆင္းလာမႈေၾကာင့္ ေတာင္သူမ်ား တြက္ေျခမကိုက္ျဖစ္ေနေၾကာင္း သိရပါတယ္။

 

ယခင္ႏွစ္ကာလတူေစ်းထက္   ပဲႀကီး တစ္တင္းလွ်င္ ေငြက်ပ္ တစ္ေသာင္းခန္႔ႏွင့္ ေရႊရင္းမာပဲ တစ္တန္လွ်င္ ေငြက်ပ္ ၈ဝဝဝ ေက်ာ္အထိ ေစ်းက်ဆင္းသြားေၾကာင္း သိရပါတယ္။

 

''အရင္ႏွစ္ ဒီလိုအခ်ိန္မွာ ပဲႀကီးတစ္တင္းကို  ေငြက်ပ္  ၃၅ဝဝဝ  ေလာက္ရတယ္။ အခုေစ်းကြက္မွာ  တစ္တင္းကို ေငြက်ပ္ ၂၅ဝဝဝ ပဲရတယ္။ ေရႊရင္းမာပဲဆိုရင္လည္း ဒီႏွစ္  တစ္တင္းကို  ေငြက်ပ္  ၁၄ဝဝဝ ပဲရေတာ့ ဒီေစ်းေတြနဲ႔ အဆင္မေျပၾကဘူး။ ေနာက္ၿပီး  ဒီႏွစ္ပဲေပၚခ်ိန္ေနာက္က်လို႔ ေစ်းေကာင္းလည္း     မမီလိုက္ၾကဘူး။   ဒါေၾကာင့္ လာမယ့္ႏွစ္ဆိုရင္ေတာ့ ပဲအစားထိုးသီးႏွံ တစ္ခုခု ေျပာင္းစိုက္ဖို႔ရွိပါတယ္''ဟု ေနျပည္ေတာ္  တပ္ကုန္းၿမိဳ႕နယ္ရွိ  ပဲစိုက္ေတာင္သူ ဦးလြင္ဦးကေျပာၾကားခဲ့ပါတယ္။

 

လက္ရွိတြင္    ေတာင္သူအမ်ားစုမွာ ပြဲစား၊ ကုန္သည္မ်ားႏွင့္ ခ်ိတ္ဆက္၍ တိုက္႐ိုက္ေရာင္းဝယ္ၾကၿပီး ႀကိဳတင္စိုက္စရိတ္ ေခ်းေငြအျဖစ္   တစ္ဧကလွ်င္  ေငြက်ပ္ ၅ဝဝဝဝ ေက်ာ္ ထုတ္ေပးၾကေၾကာင္း၊  ထို႔ေနာက္  ပဲေပၚခ်ိန္တြင္  ႀကိဳတင္ထုတ္ေပးေငြကို  ခုႏွိမ္ကာ   ေစ်းကြက္ေပါက္ေစ်းအတိုင္း ဝယ္ယူၾကေၾကာင္း သိရပါတယ္။

 

ေစ်းကြက္အတြင္း  ပဲႀကီးတစ္တန္လွ်င္ အေမရိကန္ေဒၚလာ ၇ဝဝ မွ ၇၂ဝ ၾကား၊ ေရႊရင္းမာပဲ   တစ္တန္လွ်င္  အေမရိကန္ေဒၚလာ ၄ဝဝ ေက်ာ္သာ ေစ်းရွိေၾကာင္း သိရပါတယ္။

 

''ဒီႏွစ္ ပဲႀကီးတစ္ဧကကို တင္း ၂ဝ ထြက္တယ္။ ေရႊရင္းမာပဲက တင္း ၃ဝ ေက်ာ္ ထြက္တယ္။  အရင္ႏွစ္ကေလာက္မရဘူး။ စိုက္ပ်ဳိးခ်ိန္ေနာက္က်ေတာ့ အထြက္ႏႈန္း ထိခိုက္တယ္။ ေရႊရင္းမာပဲက  တစ္တင္းကို ေငြက်ပ္ တစ္ေသာင္းေက်ာ္ပဲရွိလို႔ လာမယ့္ႏွစ္ေျပာင္းသီးႏွံကို     ေျပာင္းလဲစိုက္ပ်ဳိးဖို႔ စိတ္ကူးထားပါတယ္။   တစ္ဧကစိုက္ပ်ဳိးစရိတ္နဲ႔    ရိတ္သိမ္းအလုပ္သမားခက ေငြက်ပ္ တစ္သိန္းေက်ာ္ ကုန္က်တယ္'' ဟု  ပဲခူးၿမိဳ႕မွ  ပဲစိုက္ေတာင္သူ ဦးေက်ာက္ခဲကေျပာၾကားခဲ့ပါတယ္။

 

ပဲႀကီးႏွင့္ ေရႊရင္းမာပဲကို ေနျပည္ေတာ္၊မႏၲေလးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ကယားျပည္နယ္ႏွင့္  ကရင္ျပည္နယ္တို႔၌  အမ်ားဆံုးစိုက္ပ်ဳိးၾကေၾကာင္း၊ ျပည္ပတင္ပို႔မႈ အေနျဖင့္ တ႐ုတ္၊ ဥေရာပႏိုင္ငံတခ်ဳိ႕ႏွင့္   အာရွႏိုင္ငံမ်ားသို႔   တင္ပို႔ေနၿပီး    ႏွစ္စဥ္ မတ္လႏွင့္ ဧၿပီလတို႔တြင္ ထြက္ရွိေၾကာင္း သိရပါတယ္။

 

#MFID

 

Read times Last modified on Friday, 24 April 2020 14:27
Rate this item
(0 votes)