ကြက်ဥချဉ်စပ်ဟင်းချက်နည်း
Unicode ျဖင့္ဖတ္ရန္
ကြက်ဥချဉ်စပ်ဟင်းချက်နည်း
ကြက်ဥကို ပုံစံအမျိုးမျိုးနဲ့လုပ်စားကြပါတယ်။ ယခုတော့ အချဉ်အစပ်ကြိုက်နှစ်သက်သူများအတွက် ကြက်ဥချဉ်စပ်ချက်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများကတော့ ကြက်ဥ၊ မှို၊ ခရမ်းချဉ်သီး၊ ရှမ်းနံနံ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ စပါးလင်၊ သံပရာသီး၊ ငရုတ်သီးစိမ်း၊ ငရုတ်ကောင်း၊ ဆား၊ သကြား၊ ငံပြာရည်၊ ငါးအသားလုံး တို့ပါဝင်မှာ ဖြစ်ပါတယ်။
Beans & Pulse Warehouses ပဲႏွင့္ပဲဆံအမ်ိဳးမ်ိဳး သိုေလွာင္ရံုေပါင္း ၄၇၂ ခုကိုရွာရန္ႏွိပ္ပါ။
ပထမဦးဆုံး မှိုကို ရေဆေးသန့်စင်ပြီး လှီးထားပါ။
ပြီးနောက် ခရမ်းချဉ်သီးနှင့် ကြက်သွန်နီကို ရှစ်စိပ်စိပ်ထားပါ။ ပြီးလျှင် ရှမ်းနံနံကို အနေတော်လေးလှီးထားပါ။
စပါးလင်ကိုချေပြီးထုံးထားပါ။ ပြီးနောက် ကြက််သွန်ဖြူကို ဓားပြားရိုက်ထားပါ။ ချင်းကိုလည်း ပါးပါးလှီးထားပါ။
ပြီးလျှင် သံပရာသီးကို အစိတ်လေးတွေဖြစ်အောင် လှီးထားပါ။
ပြီးရင်တော့ ကြက်ဥကို ဖောက်ပြီး မွှေပေးထားပါ။
ငရုတ်သီးစိမ်းကို အလယ်မှ ထက်ခြမ်းခြမ်းထားပါ။
ပြီးရင်တော့ ဒယ်အိုးထဲဆီထည့်၊ ဆီပူလာလျှင်တော့ ကြက်သွန်ဖြူ၊ ချင်း၊ စပါးလင်၊ ကြက်သွန်နီထည့်ပြီး ဆီသတ်ပေးပါ။
ပြီးနောက် အနံ့မွှေးလာလျှင်တော့ ငရုတ်သီးထက်ခြမ်းခြမ်းထားတာထည့်ပြီးဆီသတ်ပေးပါ။
ပြီးရင်တော့ အဆင်သင့် လှီးထားတဲ့ မှို၊ ငါးအသားလုံး၊ ငရုတ်ကောင်းမှုန့်၊ ဆား၊ သကြား၊ ငံပြာရည်ထည့်၊ ခရမ်းချဉ်သီး၊ ရှမ်းနံနံထည့်လိုက်ပါ။
ပြီးနောက် ရေအနည်းထည့်ပေးပါ။ ရေဆူလာအောင် တည်ထားပေးပါ။
ပြီးရင်တော့ အချဉ်အတွက် သံပရာရည်ထည့်လိုက်ပါ။ အရသာအတွက်အပေါ့အငန်မြည်းကြည့်လိုက်ပါ။
Read More >>>>> ဝက္သားႏွင့္ ေဂၚရခါးသီးအစပ္ေၾကာ္
ပြီးနောက် ကြက်ဥမွှေထားတာကို ဖြေးဖြေးချင်း ဒယ်အိုးထဲကိုထည့်လိုက်ပါ။ ကျက်ပြီဆိုရင်တော့ ပန်းကန်ထဲထည့်ပြီး ငရုတ်သီးစိမ်းထက်ခြမ်းခြမ်းထားတာအပေါ်ကထည့်၊ ရှမ်းနံနံလေးထည့်ပြီးရင်တော့ အရသာအရမ်းရှိတဲ့ ကြက်ဥချဉ်စပ်ကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။
#Myanmar Food Industry Directory
ၾကက္ဥခ်ဥ္စပ္ဟင္းခ်က္နည္း
ၾကက္ဥကို ပံုစံအမ်ဳိးမ်ဳိးနဲ႕လုပ္စားၾကပါတယ္။ ယခုေတာ့ အခ်ဥ္အစပ္ႀကိဳက္ႏွစ္သက္္သူမ်ားအတြက္ ၾကက္ဥခ်ဥ္စပ္ခ်က္နည္းေလးကို ေအာက္တြင္ ေဖာ္ျပေပးလိုက္ပါတယ္။
ပါဝင္ပစၥည္းမ်ားကေတာ့ ၾကက္ဥ၊ မိႈ၊ ခရမ္းခ်ဥ္သီး၊ ရွမ္းနံနံ၊ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴ၊ ခ်င္း၊ စပါးလင္၊ သံပရာသီး၊ ငရုတ္သီးစိမ္း၊ ငရုတ္ေကာင္း၊ ဆား၊ သၾကား၊ ငံျပာရည္၊ ငါးအသားလံုး တို႔ပါဝင္မွာ ျဖစ္ပါတယ္။
Beans & Pulse Warehouses ပဲႏွင့္ပဲဆံအမ်ိဳးမ်ိဳး သိုေလွာင္ရံုေပါင္း ၄၇၂ ခုကိုရွာရန္ႏွိပ္ပါ။
ပထမဦးဆံုး မိႈကို ေရေဆးသန္႕စင္ၿပီး လွီးထားပါ။
ၿပီးေနာက္ ခရမ္းခ်ဥ္သီးႏွင့္ ၾကက္သြန္နီကို ရွစ္စိပ္စိပ္ထားပါ။ ၿပီးလွ်င္ ရွမ္းနံနံကို အေနေတာ္ေလးလီွးထားပါ။
စပါးလင္ကိုေခ်ၿပီးထံုးထားပါ။ ၿပီးေနာက္ ၾကက္္သြန္ျဖဴကို ဓားျပား႐ိုက္ထားပါ။ ခ်င္းကိုလည္း ပါးပါးလွီးထားပါ။
ၿပီးလွ်င္ သံပရာသီးကို အစိတ္ေလးေတြျဖစ္ေအာင္ လွီးထားပါ။
ၿပီးရင္ေတာ့ ၾကက္ဥကို ေဖာက္ၿပီး ေမႊေပးထားပါ။
ငရုတ္သီးစိမ္းကို အလယ္မွ ထက္ျခမ္းျခမ္းထားပါ။
ၿပီးရင္ေတာ့ ဒယ္အိုးထဲဆီထည့္၊ ဆီပူလာလွ်င္ေတာ့ ၾကက္သြန္ျဖဴ၊ ခ်င္း၊ စပါးလင္၊ ၾကက္သြန္နီထည့္ၿပီး ဆီသတ္ေပးပါ။
ၿပီးေနာက္ အနံ႕ေမႊးလာလွ်င္ေတာ့ င႐ုတ္သီးထက္ျခမ္းျခမ္းထားတာထည့္ၿပီးဆီသတ္ေပးပါ။
ၿပီးရင္ေတာ့ အဆင္သင့္ လွီးထားတဲ့ မိႈ၊ ငါးအသားလံုး၊ င႐ုတ္ေကာင္းမႈန္႕၊ ဆား၊ သၾကား၊ ငံျပာရည္ထည့္၊ ခရမ္းခ်ဥ္သီး၊ ရွမ္းနံနံထည့္လိုက္ပါ။
ၿပီးေနာက္ ေရအနည္းထည့္ေပးပါ။ ေရဆူလာေအာင္ တည္ထားေပးပါ။
ၿပီးရင္ေတာ့ အခ်ဥ္အတြက္ သံပရာရည္ထည့္လိုက္ပါ။ အရသာအတြက္အေပါ့အငန္ျမည္းၾကည့္လိုက္ပါ။
Read More >>>>> ဝက္သားႏွင့္ ေဂၚရခါးသီးအစပ္ေၾကာ္
ၿပီးေနာက္ ၾကက္ဥေမႊထားတာကို ေျဖးေျဖးခ်င္း ဒယ္အိုးထဲကိုထည့္လိုက္ပါ။ က်က္ၿပီဆုိရင္ေတာ့ ပန္းကန္ထဲထည့္ၿပီး င႐ုတ္သီးစိမ္းထက္ျခမ္းျခမ္းထားတာအေပၚကထည့္၊ ရွမ္းနံနံေလးထည့္ၿပီးရင္ေတာ့ အရသာအရမ္းရွိတဲ့ ၾကက္ဥခ်ဥ္စပ္ကို ၿမိန္ယွက္စြာ သံုးေဆာင္ႏိုင္ပါတယ္။
#Myanmar Food Industry Directory