Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


ပျားရည်နဲ့ ကြက်ကင်လေး အိမ်တွင် လုပ်စားရအောင်

ဆိုင်တွင် သွားရောက်သုံးဆောင်စရာမလိုဘဲ အိမ်တွင်လည်း မိသားစုဆုံတုန်းလေး ပျားရည်နဲ့ ကြက်ကင်ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ကြက်၊ ပျားရည်၊ ထောပတ်၊ သံပရာသီး၊ ဆား၊ ငရုတ်ကောင်း၊ ကြက်သွန်ဖြူ၊ ဆီ၊ စမုန်ဖြူ၊ ရှမ်းနံနံ၊ ပန်းသီး၊ ကြက်သွန်ဖြူ၊ ကရဝေးရွက်၊ မုန်လာဥနီ၊ တရုတ်မုန်လာ၊ အာလူး၊ ဂေါ်ဖီထုပ်တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ထောပတ်ကို ပန်းကန်လုံးထဲတွင် အရင်ထည့်ပါ။

 

ပြီးလျှင် ကြိတ်ထားသော သံပရာသီးအခွံအနည်းငယ်ကို ထောပတ်နှင့်ရောထည့်၍ သံပရာရည်၊ ဆားနှင့် ငရုတ်ကောင်းအမှုန့်အနည်းငယ်၊ ကြက်သွန်ဖြူ ၊ ဆီအနည်းငယ်ထည့်ပါ။

 

ပြီးနောက် လတ်ဆတ်၍ လှီးထားသောစမုန်ဖြူနှင့် ရှမ်းနံနံပင်ထည့်ပြီး သမအောင်မွှေပါ။

 

ပြီးလျှင် ကြက်သားကို ဆားအနည်းငယ်၊ ငရုတ်ကောင်းအနည်းငယ်ထည့်၍ နယ်ပြီး အစာသွတ်ရန်အတွက်ပြင်ဆင်ထားပါ။

 

ပြီးနောက် ပန်းသီးတစ်စိပ်၊ ထပ်ခြမ်းခြမ်းထားသော ကြက်သွန်၊ သံပရာသီးနှင့် ကရဝေးရွက် နှစ်ရွက်ဖြင့် အစာသွတ်ပါ။

 

Read More >>>>> မိုးတွင်းမှာ တွေ့မြင်ရတဲ့ အင်ဥအကြောင်း သိကောင်းစရာ

 

ပြီးလျှင် နယ်ထားသော ထောပတ်အမွှေးအကြိုင် ပစ္စည်းများဖြင့် ကြက်သားကိုနေရာအနှံ့ သုတ်လိမ်းပါ။  ရင်အုံအရေပြားအောက်သို့ ပို၍ သုတ်လိမ်းပါ။

 

ပြီးနောက် Micro Wave တွင် ကြက်ကိုကင်ရန်အတွက် Combination ချိန်ညှိစက်ခလုတ်ကို ၃ခါနှိပ်ပါ။

 

ပြီးလျှင် Timer ခလုတ်ကို ၇၅မိနစ်သို့ လှည့်ပြီး Start ကိုနှိပ်၍ စတင်ချက်ပြုတ်ပါ။

 

ပြီးနောက် ၁၅မိနစ်တစ်ကြိမ် ကြက်သားမှထွက်လာသောအရည်ကိုပြန်ဆမ်းပေးပါ။

 

ပြီးလျှင် ၄၅မိနစ်ကြာချိန်တွင် အသင့်ပြင်ဆင်ထားသော ဟင်းသီးဟင်းရွက်များကိုထည့်ပါ။

 

ပြီးနောက်  ကြက်ကို ပျားရည်သုတ်လိမ်းပေးပါ။ ငါးမိနစ် တစ်ကြိမ်ကောင်းစွာကျက်သည်အထိ ပျားရည်ဖြင့်သုတ်လိမ်းပါ။

 

ပြီးရင်တော့ ပန်းကန်ပြားထဲတွင် ဟင်းသီးဟင်းရွက်များနှင့် ပျားရည်နဲ့ကင်ထားတဲ့ ကြက်သားကို မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

 

ပြီးနောက် ကျက်မကျက်ကို သိစေရန် အသားမှထွက်လာသောအရည် ကြည်နေလျှင်တော့ ကြက်သားကျက်ပါပြီ။

Read times Last modified on Friday, 28 June 2019 14:33
Rate this item
(1 Vote)