Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


ယူနန် ကော်ရည်ခေါက်ဆွဲ

ဆိုင်တွင် သွားရောက်သုံးဆောင်စရာမလိုဘဲ အိမ်တွင်လည်း အမယ်များပြီး လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ ယူနန်ကော်ရည်ခေါက်ဆွဲပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်း၊ ဝက်သား၊ မှို၊ ပဲလိပ်ခြောက်၊ ပန်းခြောက်၊ ပြောင်းဖူးမှုန့်၊ မုန်လာဥနီ၊ ကြက်သွန်ဖြူအနှစ်၊ ခရမ်းချဉ်သီး၊ ကြက်ဥ၊ ကြက်ပြုတ်ရည်၊ Chilli bean sauce, ပဲငံပြာရည်အနောက်၊ ပဲငံပြာရည်အချို တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ဝက်ပေါင်ခြောက်၊ ဝက်သား၊ ဝက်အူချောင်းတို့ကို ပါးပါးလေးများ လှီးပြီး ကြော် ထားပါ။

 

Read More >>>>>>  စားချင်စဖွယ် ရေခဲမုန့်ကြော်

 

ပြီးလျှင် မှို၊ ပဲခြောက်၊ ပန်းခြောက်တွေကို ရေစိမ်ထားပြီး ပျော့လာရင် သေးသေးလေး တွေလှီးစိတ်ထားပါ။ ပြီးရင် ဆီပူတစ်ချက်ထိုးရုံကြော်ပေးထားပြီး ဆယ်ထားပါ။

 

ကြက်ဥကို မွှေကြော်ထားပါ။ ကော်ရည်ဖျော်ထားပါ။

 

တည်မယ့်အိုးထဲမှာ  chilli bean sauce နဲ့ ကြက်သွန်ဖြူနှစ်ကို ခဏတည်ပါ။ ဒီအချိန်မှာ ရှောက်ကောပတ်ကော (ဖာလာကြီးစေ့နဲ့ နာနတ်ပွင့်)ထည့်ပြီး ဆီသတ်ပါ မွှေးပါတယ်။

 

ကြော်ပြီးသား အဆာပလာတွေကို ထည့် ခဏနေ ကြက်ပြုတ်ရည်ထည့်ပါ။

 

ကော်ရည်လောင်းထည့်ပြီး ပဲငံပြာရည်များထည့် အသားမှုန့်ထည့်ပြီး ပျစ်လာသည်အထိ ကျိုပါ။

 

နောက်ဆုံးမှ တရုတ်မဆလာဖြူးပေးပါ။

 

အရည်ပြီးသွားရင် ဂျုံခေါက်ဆွဲပြားကို ပြုတ်ပြီး မြေပဲကြော်၊ ကြက်သွန်ဖြူ ဆီချက်၊ ငရုတ်သီးကြော်၊ ကြက်သွန်မြိတ်ပါးပါးလှီး၊ နံနံပင် ပါးပါးလှီးထည့်၍ စားသုံးရင်ဖြင့် အလွန်အရသာ ရှိလှတဲ့ ယူနန် ကော်ရည်ခေါက်ဆွဲကို မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

Read times Last modified on Thursday, 16 May 2019 15:05
Rate this item
(2 votes)