Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


ဝက်ကောက်ညှင်းချက်နည်း

ဝက်ကောက်ညှင်းချက်နည်း google.com

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ၀က်သားကြိုက်နှစ်သက်သူများအတွက်

ပြုလုပ်ရလွယ်ကူတဲ့ ၀က်ကောက်ညှင်းချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ၀က်သား၊ ကောက်ညှင်း၊ ဘဲဥ၊ ဂျပန်မှို၊ မှိုခြောက်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ၀က်အူချောင်း၊ ပုစွန်ခြောက်၊ ဆား၊ သကြား၊ ပဲငံပြာရည်အနောက်၊ နာနတ်ပွင့်၊ တရုတ်မဆလာ တို့ လိုအပ်ပါမယ်။

 

ပထမဆုံး ကောက်ညှင်းကို ရေ သုံးနာရီခန့် စိမ်ပေးထားပါ။ ပြီးလျှင် ကောက်ညှင်းကို ရေစစ်ထားပါ။

 

ဝက်သားကို ရေဆေးသန့်စင်ပြီး ဆား၊ သကြား၊ တရုတ်မဆလာ၊ ပဲငံပြာရည်အနောက်နှင့် ရောနယ်၍ ရေထည့်ပြီး မီးဖိုပေါ်တွင် နှစ်ရည်ခန်းရုံ တည်ထားပါ။

 

ဘဲဥကို ပြုတ်၍ ဝက်သား တစ်ရည်ခန်းလျှင် ထည့်တည်ပါ။ ပြီးလျှင် ဝက်အူချောင်းကို ပါးပါးလှီးထားပါ။


ကြက်သွန်နီကို လေးစိတ် စိတ်ထားပါ။ ကြက်သွန်ဖြူကို ပါးပါးလှီးထားပါ။

 

ပုစွန်ခြောက်ကို ရေဆေးထားပါ။ မိုကို ရေစိမ်ပြီး ရေဆေးပြီး အနေတော် ညှပ်ထားပါ။ တရုတ်နံနံကို ကြီးကြီး ညှပ်ထားပါ။


အားလုံးရပြီဆိုလျှင် ထမင်းပေါင်းအိုးထဲသို့ ကောက်ညှင်း၊ ဝက်သား၊ ပုစွန်ခြောက်၊ ဘဲဥ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မှို၊ သကြား၊ ဆား၊ ပဲငံပြာရည်အနောက်၊ တရုတ်မဆလာ၊ နာနတ်ပွင့်၊ ဆီ၊ ရေ ထည့်၍ တည်ထားပါ။

 

အရသာကို ကိုယ့် စိတ်ကြိုက်ပြင်ပါ။ ခဏကြာရင်တော့မွှေပေးပါ။ ရေခမ်းကာနီးလျှင် ဝက်အူချောင်း၊ နှမ်းဆီမွှေး၊ တရုတ်နံနံထည့်၍ ကျက်သည် အထိတည်ထားပေးပါ။

 

ကျက်သွားလျှင် အဖုံးမဖွင့်ပဲ မိနစ်အနည်းငယ် ပြန်တည်ထားပါ။ ပြီးလျှင်တော့ မိမိကြိုက်နှစ်သက်ရာ အချဉ်နှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။

 

Read times Last modified on Monday, 17 September 2018 14:55
Rate this item
(3 votes)