Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်ပေါင်းမြူစွမ်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အရည်သောက်စားချင်လို့ပဲဖြစ်ဖြစ်၊

နေမကောင်းဖြစ်နေလို့ပဲဖြစ်ဖြစ် ဆိုင်တွင်သွားရောက်စားစရာမလိုဘဲ အိမ်တွင်လည်း လွယ်လင့်တကူ ချက်ပြုတ်နိုင်တဲ့ ကြက်ပေါင်းမြူစွမ် ပြုလုပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ကြက်သား၊ ကြွက်နားရွက်မှိုခြောက်၊ မုန်ညှင်း၊ ဂျပန်မှို၊ ပြောင်းဖူး၊ မုန်လာဥနီ၊ ကြက်သားမှုန့်၊ ဆား၊ ပဲပြား၊ ကြက်ဥ၊ မြူစွမ်တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ကြက်သားကို ရေစင်အောင်ဆေး၍ ဟင်းချက်အိုးထဲသို့ ထည့်ပြီး ရေမြုပ်အောင်ထည့်၍ တည်ပေးထားပါ။

 

ကြွက်နားရွက်မှိုခြောက်နှင့် ဂျပန်မှိုခြောက်ကို ရေစိမ်၍ ပါးပါးလှီး ထားပါ။

 

ပြောင်းဖူးကို အပိုင်းလေးများပိုင်း၍ မုန်လာဥနီကို အတုံးလေးများ လှီးထားပါ။

 

ပြီးနောက် အသားနူးလျှင် အိုးတစ်လုံးထဲသို့ ပြောင်းထည့်၍ မုန်လာဥနီ၊ ပြောင်းဖူး၊ ကြွက်နားရွက်မှို၊ ဂျပန်မှိုခြောက်တို့ကို ထည့်ပြီး တည်ပေးပါ။

 

အရသာကို မြည်းကြည့်ပြီး ကြက်သားမှုန်နှင့် ဆား ထည့်ပေးပါ။

 

ရေပွက်ပွက်ဆူလာလျှင် ပဲပြားနှင့် ကြက်ဥဖောက်ထည့်ကာ ကြက်ဥအနှစ်ကျက်သည်အထိ တည်ပေးပါ။

 

၎င်းနောက် မြူစွမ်နှင့် မုန်ညင်းထည့်မွှေပြီးလျှင်တော့ အရသာရှိတဲ့ ကြက်ပေါင်းမြူစွမ်ကို သုံးဆောင်နိုင်ပါပြီ။

Read times Last modified on Monday, 17 September 2018 14:42
Rate this item
(3 votes)