Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်တွင်းစားသုံးမှုအတွက် စားဖိုးဆောင်သီးနှံများ ပိုလျှံသည့်အခြေအနေတွင်ရှိ

Unicode >>>>>

ပြည်တွင်းစားသုံးမှုအတွက် စားဖိုးဆောင်သီးနှံများ ပိုလျှံသည့်အခြေအနေတွင်ရှိ


နိုင်ငံ၏ အခြေခံစားနပ်ရိက္ခာဖြစ်သော ဆန်စပါး၊ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံသီးနှံများ စိုက်ပျိုးထုတ်လုပ်မှု မကျဆင်းစေရေး၊ အထွက်နှုန်းကောင်းမွန်ရေး၊ ဈေးကွက်ခိုင်မာစွာ ရရှိရေးတို့အတွက် သီးနှံအလိုက် မျိုးကောင်းမျိုးသန့်ရရှိရေးနှင့် နည်းပညာအကူအညီ ရရှိရေးတို့ကို စိုက်ပျိုးရေးဦးစီးဌာနမှ ကူညီချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။


Food Flavours အစားအစာသုံး အနံ့အရသာလုပ်ငန်းများ (၈၈) ခုကိုရှာရန်နှိပ်ပါ။


၂၀၁၉-၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံအတွင်း စပါးတန်ချိန် (၂၆) သန်းကျော် စိုက်ပျိုးထုတ်လုပ်ထားရှိခဲ့ပြီး ပြည်တွင်းစားသုံးမှုလိုအပ်ချက်မှာ တစ်နှစ်လုံးအတွက် စပါးတန်ချိန် (၁၅) သန်းကျော်သာ ဖြစ်ပါတယ်။


ထို့ပြင် ပြည်သူများ နေ့စဉ်စားသုံးနေသည့် ငရုတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် အာလူး စသည့် စားဖိုဆောင်သီးနှံများ ထုတ်လုပ်ထွက်ရှိမှုအနေဖြင့်လည်း ပြည်တွင်းစားသုံးမှုအတွက် လုံလောက်ရုံသာမက ပိုလျှံသည့် အခြေအနေတွင်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားပါတယ်။


Read More    >>>>>   အိန္ဒိယနိုင်ငံမှ ပဲဝယ်ယူမည့် ကိုတာများ ထွက်ရှိလာသောကြောင့် ဈေးနှုန်း မြင့်တက်


သီးနှံထုတ်လုပ်မှုစွမ်းအား တိုးတက်မြင့်မားစေရန်အတွက် တောင်သူလယ်သမားများအနေဖြင့် သီးနှံအလိုက် မျိုးကောင်းမျိုးသန့်နှင့် စိုက်ပျိုးရေးနည်းပညာများ ရရှိနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးရွာအခြေစိုက်နည်းပညာပေးစင်တာများ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးများ၊ ဌာနပိုင်မျိုးစေ့ထုတ်ခြံများသို့ ဆက်သွယ်၍ အကူအညီများ တောင်းခံရယူနိုင်ပါကြောင်းနှင့် စိုက်ပျိုးရေးဦးစီးဌာန Call Center Hot Line ဖုန်းနံပါတ်- ၀၁၂၃၉၉၅၅၅ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါတယ်။


#MFID

 

Home Page Food

 

 

COVID 19

 

notice

Zawgyi >>>>>

 

ျပည္တြင္းစားသံုးမႈအတြက္ စားဖိုးေဆာင္သီးႏွံမ်ား ပိုလွ်ံသည့္အေျခအေနတြင္ရွိ

 

ႏိုင္ငံ၏ အေျခခံစားနပ္ရိကၡာျဖစ္ေသာ ဆန္စပါး၊ ဆီထြက္သီးႏွံႏွင့္ ပဲမ်ိဳးစုံသီးႏွံမ်ား စိုက္ပ်ိဳးထုတ္လုပ္မႈ မက်ဆင္းေစေရး၊ အထြက္ႏႈန္းေကာင္းမြန္ေရး၊ ေဈးကြက္ခိုင္မာစြာ ရရွိေရးတို႔အတြက္ သီးႏွံအလိုက္ မ်ိဳးေကာင္းမ်ိဳးသန႔္ရရွိေရးႏွင့္ နည္းပညာအကူအညီ ရရွိေရးတို႔ကို စိုက္ပ်ိဳးေရးဦးစီးဌာနမွ ကူညီခ်ိတ္ဆက္ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရပါတယ္။

 

Food Flavours အစားအစာသံုး အနံ႔အရသာလုပ္ငန္းမ်ား (၈၈) ခုကိုရွာရန္ႏွိပ္ပါ။

 

၂၀၁၉-၂၀၂၀ ျပည့္ႏွစ္တြင္ ႏိုင္ငံအတြင္း စပါးတန္ခ်ိန္ (၂၆) သန္းေက်ာ္ စိုက္ပ်ိဳးထုတ္လုပ္ထားရွိခဲ့ၿပီး ျပည္တြင္းစားသုံးမႈလိုအပ္ခ်က္မွာ တစ္ႏွစ္လုံးအတြက္ စပါးတန္ခ်ိန္ (၁၅) သန္းေက်ာ္သာ ျဖစ္ပါတယ္။

 

ထို႔ျပင္ ျပည္သူမ်ား ေန႔စဥ္စားသုံးေနသည့္ င႐ုတ္၊ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴႏွင့္ အာလူး စသည့္ စားဖိုေဆာင္သီးႏွံမ်ား ထုတ္လုပ္ထြက္ရွိမႈအေနျဖင့္လည္း ျပည္တြင္းစားသုံးမႈအတြက္ လုံေလာက္႐ုံသာမက ပိုလွ်ံသည့္ အေျခအေနတြင္ရွိေၾကာင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနမွ အသိေပးထုတ္ျပန္ထားပါတယ္။

 

Read More    >>>>>   အိႏၵိယႏိုင္ငံမွ ပဲဝယ္ယူမည့္ ကိုတာမ်ား ထြက္ရွိလာေသာေၾကာင့္ ေဈးႏႈန္း ျမင့္တက္ 


သီးႏွံထုတ္လုပ္မႈစြမ္းအား တိုးတက္ျမင့္မားေစရန္အတြက္ ေတာင္သူလယ္သမားမ်ားအေနျဖင့္ သီးႏွံအလိုက္ မ်ိဳးေကာင္းမ်ိဳးသန႔္ႏွင့္ စိုက္ပ်ိဳးေရးနည္းပညာမ်ား ရရွိႏိုင္ေရးအတြက္ စိုက္ပ်ိဳးေရးဦးစီးဌာန၊ ေက်း႐ြာအေျခစိုက္နည္းပညာေပးစင္တာမ်ား၊ တိုင္းေဒသႀကီး၊ ျပည္နယ္၊ ခ႐ိုင္ႏွင့္ ၿမိဳ႕နယ္စိုက္ပ်ိဳးေရးဦးစီးဌာန႐ုံးမ်ား၊ ဌာနပိုင္မ်ိဳးေစ့ထုတ္ၿခံမ်ားသို႔ ဆက္သြယ္၍ အကူအညီမ်ား ေတာင္းခံရယူႏိုင္ပါေၾကာင္းႏွင့္ စိုက္ပ်ိဳးေရးဦးစီးဌာန Call Center Hot Line ဖုန္းနံပါတ္- ၀၁၂၃၉၉၅၅၅ သို႔ ဆက္သြယ္စုံစမ္းေမးျမန္းႏိုင္ပါေၾကာင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနမွ ထုတ္ျပန္ထားပါတယ္။


#MFID

Read times Last modified on Thursday, 02 April 2020 12:57
Rate this item
(0 votes)