Chinese



စူပါနွားမ ၃ ကောင် တရုတ်ပြည်မှာ အောင်မြင်စွာ မွေးထုတ်

 စူပါနွားမ ၃ ကောင် တရုတ်ပြည်မှာ အောင်မြင်စွာ မွေးထုတ်

TO GET INSTANT UPDATE 
Join Telegram Channel 

https://t.me/Guid4U

 

နို့ထွက် အလွန်ကောင်းသော 'စူပါနွားမ' “super cow” ၃ ကောင်ကို အောင်မြင်စွာ မွေးထုတ်ခဲ့ကြောင်း တရုတ်နိုင်ငံပိုင် Ningxia Daily သတင်းဌာနက သတင်းဖော်ပြသည်။

ပုံမှန်မဟုတ်သော နို့ပမာဏ အများအပြားကို ထုတ်လုပ်နိုင်သည့် နွားမမျိုး ဖြစ်သည်။ 

တရုတ်နိုင်ငံ နို့ထွက်ပစ္စည်းလုပ်ငန်းက‌ဏ္ဍအတွက် မဟာအောင်မြင်မှုဟု သတင်းတွင် ဆိုထားသည်။

 

 တရုတ်နိုင်ငံ နို့ထွက်ပစ္စည်းလုပ်ငန်းကဏ္ဍသည် နို့ထွက်သန်သည့် နွားမများကို ပြည်ပမှ တင်သွင်းပြီး မွေးမြူကြရသည်။ ယခု ပြည်တွင်းမှာ မွေးထုတ်နိုင်တော့မည် ဖြစ်သည်။

Northwest University of Agricultural and Forestry Science and Technology မှ သိပ္ပံပညာရှင်များ မွေးထုတ်ထားသည့် နွားပေါက်  ၃ ကောင်ကို Ningxia ဒေသတွင် ဇန်နဝါရီ ၂၃ ရက် နှစ်သစ်ကူး မတိုင်မီ ရက်သတ္တပတ်များအတွင်း မွေးဖွားခဲ့ကြောင်း အစိုးရပိုင် Ningxia Daily သတင်းစာက ဖော်ပြသည်။

 

၎င်းတို့ကို နယ်သာလန်နိုင်ငံမှ တင်သွင်းသည့် နို့ထွက်အလွန်ကောင်းသော Holstein Friesian မျိုးစိတ်မှ ဆဲလ်ပွားပြီး မွေးထုတ်ထားသည်။

Holstein Friesian မျိုးစိတ်သည် တစ်နှစ်လျှင် နို့ ၁၈ တန် ထွက်သည်။ တစ်သက်တာတွင် နို့ တန် ၁၀၀ အထိ ထွက်သည်။

ဆဲလ်ပွားထားသော ပထမဆုံးနွားပေါက်ကို ၂၀၂၂ ဒီဇင်ဘာလ ၃၀ ရက်တွင် မွေးဖွားခဲ့သည်။ သန္ဓေအရွယ်အစား ၅၆.၇ ကီလိုဂရမ် ရှိသဖြင့် ကြီးမားနေသောကြောင့် ဗိုက်ခွဲပြီး မွေးပေးခဲ့ရသည်။

သိပ္ပံပညာရှင်များသည် Holstein Friesian မျိုးစိတ် နွားမျိုး၏ နားဆဲလ်များမှ မျိုးပွားသန္ဓေသားပေါင်း ၁၂၀ ကို ဖန်တီးခဲ့ပြီး ကိုယ်ဝန်အငှားလွယ်သည့် နွားမများ၏ သားအိမ်ထဲ ထည့်ပေးခဲ့ကြသည်။

 

တရုတ်နိုင်ငံ နို့စားနွားမ မွေးမြူရေးကဏ္ဍတွင် နွားမ ၁၀,၀၀၀ လျှင် ၅ ကောင်သာ သက်တမ်း တစ်သက်တာတွင် နို့ တန် ၁၀၀ အထိ ထွက်သည်။ 

Global Times သတင်းဌာနမှ ဖော်ပြသော် သတင်းတွင် တရုတ်နို့စားနွားမများတွင် ၇၀% အထိ ပြည်ပမှ တင်သွင်းပြီး မွေးမြူကြသည်။ 

Source cnn

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Sunday, 05 February 2023 08:47
Rate this item
(0 votes)