Chinese



ကိုယ့်မျက်လုံး ကိုယ်မယုံနိုင်လောက်အောင် ကြီးမားလွန်းတဲ့ သီးနှံများ

ကိုယ့်မျက်လုံး ကိုယ်မယုံနိုင်လောက်အောင် ကြီးမားလွန်းတဲ့ သီးနှံများ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

တရုတ်နိုင်ငံမှ 'မယုံနိုင်လောက်အောင်ကြီး'တဲ့ ကန်စွန်းဥများသည် လူဦးခေါင်းထက်ကြီးပြီး အရွယ်ရောက်ပြီးသူများထက် အရပ်ရှည်သော နွေကြက်သွန်နီများက မြင်ရသူတိုင်း ကိုယ့်မျက်လုံး ကိုယ်မယုံနိုင်အောင် ဖြစ်ကြရပါတယ်။ 

.

တရုတ်နိုင်ငံ ရှန်ဒေါင်ရှိ ယာခင်းမှ ထုတ်လုပ်လိုက်တဲ့ ယာထွက် သီးနှံများ ကြီးမားလွန်းနေတာကို တအံ့တဩဖြစ်ကြရတယ်။ 

 

320683988_877370493489339_2670976880362819354_n.jpg

 

တရုတ်နိုင်ငံ  အရှေ့ပိုင်း ရှန်ဒေါင်ပြည်နယ်သည် နိုင်ငံရဲ့ လယ်ယာထွက်ကုန်များ အများဆုံးတင်ပို့သူဖြစ်ပြီး တရုတ်နိုင်ငံရဲ့ အရပ်အရှည်ဆုံးလူများ နေထိုင်ကြတာကြောင့် ကျော်ကြားပါတယ်။ ကျော်ကြားစရာ ထပ်တိုးသွားတာက ကြီးမားလွန်းတဲ့ သစ်သီးတလံများနှင့် ဟင်းသီးဟင်းရွက်များ ဖြစ်ပါတယ်။ 

.

၂၀၁၅ ခုနှစ်မှာ ကောက်ယူခဲ့တဲ့ စစ်တမ်းအရ ရှန်ဒေါင်သားတို့ရဲ့ ပျမ်းမျှ အရပ်အမြင့်က ၅ ပေ ၉ လက်မ ဖြစ်ပါတယ်။ ရှန်ဒေါင်သူတို့ရဲ့ ပျမ်းမျှအရပ်အမြင့်က ၅ ပေ ၅ လက်မ ဖြစ်ပါတယ်။ 

.

မျိုးရိုးဗီဇ ပြုပြင် (genetically modified GM)ထားလို့ ယခုလို ကြီးထွားတဲ့ သစ်သီးဝလံ ဟင်းသီးဟင်းရွက်တွေ ရရှိတာလားဆိုတဲ့ မေးခွန်းကို Shandong Academy of Agricultural Sciences မှ သုတေသီ Gao Limin က ပန်းသီး၊ မုန်လာဥနှင့် နွေကြက်သွန်နီများ အပါအဝင် ယာခင်းထွက်ကုန် အကြီးစားများသည် မျိုးစိတ်နှင့် ရာသီဥတု ရွေးချယ်မှုကြောင့်လို့ ဆိုပါတယ်။ ရှန်ဒေါင်ပြည်နယ်မှာ အထွက်များတယ်လို့ သူမက ဆိုပါတယ်။ 

.

“အရင်တုန်းကတော့ မြောက်ပိုင်းမှာရှိတဲ့ ဆောင်းရာသီမှာ စားနပ်ရိက္ခာ ရှားပါးတဲ့အတွက် ကျွန်မတို့က သိုလှောင်ရလွယ်ကူတဲ့ အကြီးစား ယာခင်းထွက်ကုန်တွေကို နှစ်သက်ပေမယ့်လည်း ဒီနေ့ခေတ်မှာတော့ လမ်းပန်းဆက်သွယ်ရေးနဲ့ သိုလှောင်ရုံတွေ တိုးတက်ကောင်းမွန်လာတာနဲ့အမျှ ဒီလိုအပ်ချက်က လျော့သွားပါပြီ” လို့ သူမက ပြောကြားပါတယ်။ 

“ဈေးကွက်ထဲက ယာခင်းထွက်ကုန်အများစုဟာ ပုံမှန်အရွယ်အစားပဲ ရှိပါတယ်။ ဒီပိုကြီးတွေကို လူတွေရဲ့ သိလိုစိတ်ကို ဖြည့်ဆည်းပေးဖို့ ပိုရောင်းရတယ်” ဟု သူမက ဆိုပါတယ်။

.

321462549_1838407439858533_5994946319476836968_n.jpg

 

လက်ရှိ စည်းမျဉ်းများအရ တရုတ်အာဏာပိုင်များက မျိုးရိုးဗီဇပြုပြင် GM သီးနှံနှစ်မျိုးဖြစ်သော ဝါဂွမ်းနှင့် သင်္ဘောပင်ကို စီးပွားဖြစ် စိုက်ပျိုးရန် ခွင့်ပြုထားသည်။

.

Shandong Academy of Social Sciences မှ အစားအသောက်ယဉ်ကျေးမှုဆိုင်ရာ ပါရဂူတစ်ဦးက အရွယ်အစားကြီးသော ယာခင်းထုတ်ကုန်များသည် ဒေသရဲ့  သိသာထင်ရှားသော အင်္ဂါရပ်များထဲမှ တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 

.

တရုတ်လူဦးရေအတွက် အဓိက အစားအစာဖြစ်တဲ့ GM ဆန်နှင့် GM  ပြောင်းကို စမ်းသပ် စိုက်ပျိုးလျက်ရှိသော်လည်း လက်ရှိတွင် စီးပွားဖြစ် စိုက်ပျိုးခွင့် မရှိသေးပါဘူး။

Source SCMP

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Saturday, 24 December 2022 16:48
Rate this item
(0 votes)