Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


ဝက္သား ဟမ္ဘာဂါ

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ဆိုင်တွင်သွားရောက်ဝယ်စားစရာမလိုဘဲ

အိမ်တွင် ကလေးများအကြိုက် ပြုလုပ်ပေးနိုင်တဲ့ ၀က်သား ဟမ်ဘာဂါ လုပ်နည်းလေးကို တင်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ၀က်သား၊ ဟမ်ဘာဂါပေါင်မုန့်၊ ခရမ်းချဉ်သီး၊ သခွားသီး၊ ချိစ်၊ ကြက်ဥ၊ ဆလပ်ရွက်၊ ထောပတ်၊ မရောနိစ်၊ ဆား တို့လိုအပ်ပါမယ်။

 

ဝက်သားကို ရေဆေးသန့်စင်ပြီးလျှင် ၀က်သားကို နုပ်နုပ်စင်းထားပါ။

 

ဒယ်အိုးကို မီးဖိုပေါ်တင်ပြီး အပူပေးပါ။ ပြီးရင် ထောပတ် ၁ဇွန်းကို ဒယ်အိုးထဲထည့်ပြီး ဒယ်အိုးမှာ ထောပတ်ဆီတွေ နှံ့သွားအောင် မွှေပေးပါ။

 

နုတ်နုတ်စဉ်းထားတဲ့ ၀က်သားကို အပြားလိုက်ဖြစ်အောင် လုပ်ပြီး ဒယ်အိုးထဲမှာ ထည့်ကြော်ပါ။

 

ကြက်ဥကို အ၀ိုင်းလိုက်လေးဖြစ်အောင် ပုံစံခွက်ထဲထည့်ပြီး ကြော်ပေးပါ။

 

ဟမ်ဘာဂါလုပ်တဲ့ ပေါင်မုန့်ကို တစ်ဝက်ပိုင်းလိုက်ပါ။ ပြီးနောက် ပေါင်မုန့်ကို ထောပတ်သုတ်ပါ။ ၀က်သားပြားကိုထည့်၊ ချိစ်ထည့်၊ သခွားသီး၊ ခရမ်းချဉ်သီးတို့ကို ထည့်ပါ။

 

ပြီးလျှင်ဆလပ်ရွက်ထည့်ပါ။ ပြီနောက် ကြက်ဥကြော် ထည့်ပြီးလျှင်တော့ အရသာရှိတဲ့ ၀က်သာဟမ်ဘာဂါကို အသင့်သုံးဆောင်နိုင်ပါပြီ။

Read times Last modified on Monday, 17 September 2018 14:40
Rate this item
(1 Vote)