Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်ပြည်တွင်းဈေးကွက် Starbucks ဆက်လက်ချဲ့ထွင်

တရုတ်ပြည်တွင်းဈေးကွက် Starbucks ဆက်လက်ချဲ့ထွင်

 

ကော်ဖီဆိုင်ခွဲအော်ပရေတာ Starbucks သည် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း တရုတ်ပြည်မကြီးတွင် ဆယ်ဆနီးပါး ကြီးထွားလာခဲ့သည်။ Starbucks ၏ ရင်းနှီးမြုပ်နှံမှုအစီအစဉ်နှင့် တရုတ်စျေးကွက်အပေါ် ကတိကဝတ်များက ကော်ဖီကဏ္ဍအပေါ် ခိုင်မာသောယုံကြည်မှုကို ပြသကြောင်း Kantar Worldpanel China ၏ အထွေထွေမန်နေဂျာ Jason Yu က ပြောကြားသည်။

 

King Metal 

“အဆင့်နိမ့်တဲ့ မြို့တွေမှာ သူတို့ရဲ့ ဆိုင်ခွဲတွေကို ထပ်ပြီး ဖွင့်လှစ်ဖို့နဲ့ ထိပ်တန်းမြို့တွေမှာ နေရာစိပ်စိပ် ဆိုင်ခွဲတွေ တိုးဖွင့်ဖို့ ကြိုးစားအားထုတ်နေပါတယ်။ လက်ဖက်ရည်ကြမ်း သောက်တဲ့ ယဉ်ကျေးမှုထဲမှာ ကော်ဖီယဉ်ကျေးမှုကို ရေပန်းစားစေဖို့ ဆက်လက်ကြိုးစားနေတယ်" ဟု Jason Yu က ပြောကြားသည်။

 

 “ပြည်တွင်းကုန်အမှတ်တံဆိပ် အများစုအနေဖြင့် လုပ်ငန်းအရွယ်အစား ကြီးမားခြင်းနှင့် ထောက်ပံ့ရေးကွင်းဆက်တို့မှာ  Starbucks နှင့် ယှဉ်ပြိုင်ရန် ပိုမိုခက်ခဲလိမ့်မယ်" ဟု Jason Yu က ပြောကြားသည်။

 

Starbucks သည် တရုတ်နိုင်ငံတွင်  ၎င်း၏ ကော်ဖီဆိုင်အရေအတွက်ကို ၅၀  ရာခိုင်နှုန်းတိုးမည် ဖြစ်ရာ ၂၀၂၅ ခုနှစ်တွင် ဆိုင်ပေါင်း ၉,၀၀၀ အထိ ရှိလာမည် ဖြစ်သည်။

 

တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံပြီးလျှင် Starbucks အတွက် ဒုတိယ အကြီးမားဆုံး ဈေးကွက်ဖြစ်ပြီး တရုတ်ပြည်တွင်းဈေးကွက်ထဲတွင် အဓိကပြိုင်ဘက်မှာ တရုတ်ပြည်မှ ကော်ဖီဆိုင်ခွဲလုပ်ငန်း Luckin Coffee ဖြစ်သည်။ ပြည်တွင်းဖြစ် brand ဖြစ်သော Luckin Coffee က  ယခုနှစ်ကုန်တွင် ဆိုင်ခွဲခုရေ ၆,၀၀၀ ပြည့်ဖို့ ရည်မှန်းထားသည်။

 

Starbucks  က ခိုင်မြဲသော ဆိုင်ခွဲသစ်များ တိုးခြင်းကိုသာ လိုလားသည်။ အသားတင်တိုးနှုန်း တစ်နှစ်လျှင် ၁၃ ရာခိုင်နှုန်းဟု ရည်မှန်းထားသည်။ ၂၀၂၅ မရောက်ခင်မှာ Starbucks သည် ပျမ်းမျှအားဖြင့် ၉ နာရီလျှင် ဆိုင်သစ် တစ်ဆိုင် ဖွင့်လှစ်သွားမည်။ မြို့ကြီးပေါင်း ၃၀၀ တွင် ဆိုင်သစ်များ ဖွင့်လှစ်မည်ဟု Starbucks China ၏ အမျိုးသမီး ဥက္ကဋ္ဌ Belinda Wong ကပြောကြားသည်။

 

Starbucks ကော်ဖီဆိုင် အဖွဲ့ဝင်ဦးရေ ယခုအခါ ၈၅ သန်းရှိသည်။ ၂၀၂၅ တွင် အဖွဲ့ဝင်ဦးရေ သန်း ၁၇၀ ရှိရန် ရည်မှန်းထားသည်။ တစ်နှစ်တာ တစ်ဦးချင်းအရ ကော်ဖီသောက်သည့် ခွက်ရေသည် တရုတ်ပြည်တွင် တစ်နှစ်ထက်တစ်နှစ် ပိုများလာသည်။၂၀၁၉ တွင် ၁၀ ခွက် ဖြစ်ခဲ့ပြီး ယခုနှစ်ကုန်တွင် ၁၂ ခွက် ဖြစ်လာမည်။ ၂၀၂၅ တွင် ၁၄ ခွက် ဖြစ်လိမ့်မည်။

 

Source China Daily

#MyanmarFoodIndustryGuide 

 Telegram Channel https://t.me/Guid4U

 

 

 
Read times Last modified on Tuesday, 20 September 2022 10:09
Rate this item
(0 votes)