India

×

Warning

JUser: :_load: Unable to load user with ID: 540


ဆိတ်သားအစပ်ကြော်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ဆိတ်သားကို ဂျင်းအစပ်ကြော်ချက်နည်းလေးကို

ဖော်ပြပေးလိုက်ပါတယ်။


လိုအပ်သည့်အမယ်များကတော့ ဆိတ်သား၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးအခြောက်တောင့်၊ ငရုတ်သီးခွဲခြမ်း၊ ဂျင်း၊ ဆား၊ ကြက်သားမှုန့်၊ နနွင်းမှုန့်နှင့် ဆီတို့ လိုအပ်ပါတယ်။

ဆိတ်သားကို အတုံးအနေတော်လှီးပြီးနောက် သံပရာရည်ဖြင့် နယ်၍ မိနစ်အနည်းနှပ်ပြီး ရေဖြင့် နှစ်ခါ ဆေးထားပါ။

ရေဆေးပြီးဆိတ်သားကို ဆား၊ ကြက်သားမှုန့်၊ နနွင်းမှုန့်တို့နဲ့ ရောနယ်ထားပါ။ ကြက်သွန်နီကို အကွင်းလိုက်လှီးထားပါ။ ကြက်သွန်ဖြူကို အခွံနွှာ ဓားဖြင့်ရိုက်ပြီး လှီးဖြတ်ထားပါ။ ဂျင်းကိုအခွံနွှာ အမြှောင်းလိုက်ရအောင်လှီးထားပါ။

ငရုတ်သီးအခြောက်တောင့်နှင့် ငရုတ်သီးအကြမ်းမှုန့်ကို ပြင်ဆင်ထားပါ။ ဒယ်အိုးထဲသို့ ဆီထည့် အပူပေးပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးတောင့်တို့ကို မွှေးလာအောင် ကြော်ထားပါ။

ကြက်သွန်များ မွှေးလာတာနဲ့ နယ်ထားသော ဆိတ်သားကို ထည့်ကြော်လိုက်ပါ။ ကြော်ထားသော ဆိတ်သား မွှေးလာတာနဲ့ ရေမြုပ်အောင်ထည့်ပြီး အဖုံးအုပ်ကာ တည်ထားပါ။ ရေမခန်းခင် လှီးထားသော ချင်းကို ထည့်မွှေပြီး အဖုံးပြန်အုပ်ထားပါ။

ဆီပြန်လာလျှင် ငရုတ်သီးအကြမ်းမှုန့်ထည့်ပြီး အဆက်မပြတ် မွှေပေးပါ။
ငရုတ်သီးနံ့မွှေးလာပြီး ဆိတ်သားနံ့မွှေးလာတာနဲ့ ဆိတ်သား ဂျင်း အစပ်ကြော် မွှေးမွှေးစပ်စပ်လေးကို အသင့်သုံးဆောင်နိုင်ပါပြီ။

Read times Last modified on Tuesday, 25 September 2018 09:05
Rate this item
(1 Vote)