India



တင်သွင်းသည့် ပဲစင်းငုံ အမြင့်ဆုံး ဈေးနှုန်း ပြဋ္ဌာန်းမည်ဟု အိန္ဒိယအစိုးရက သတိပေး

တင်သွင်းသည့် ပဲစင်းငုံ အမြင့်ဆုံး ဈေးနှုန်း ပြဋ္ဌာန်းမည်ဟု အိန္ဒိယအစိုးရက သတိပေး

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ပြည်တွင်းဈေးကို ထိန်းချုပ်ထားနိုင်ရန် ပြည်ပမှ တင်သွင်းသော ပဲစင်းငုံပဲခြမ်း အမြင့်ဆုံးဈေးနှုန်းကို သတ်မှတ်ပြဋ္ဌာန်းရလိမ့်မည်ဟု အိန္ဒိယအစိုးရက သတိပေးထားသည်။

ပဲစင်းငုံ တင်ပို့သည့် မြန်မာနှင့် မိုဇမ်ဘစ်နိုင်ငံတို့သည် တင်ပို့မှုအပေါ် လက်ဝါးကြီးအုပ် ထိန်းချုပ်ပြီး ဈေးကစားမည်ကို  စိုးရိမ်ကြောင်း ပြောကြားသည်။ မြန်မာ ကုန်သည်များ လှောင်ထားပြီး ဈေးကစားမည်ကိုလည်း စိုးရိမ်မှုများ ရှိနေသည်။

 

စားသုံးသူရေးရာ အတွင်းဝန် Rohit Kumar Singh က အစည်းအဝေးတွင် ပဲစင်းငုံပဲခြမ်း ဈေးနှုန်းများ မြင့်တက်နေခြင်းအပေါ် မကျေနပ်သဖြင့်  ပဲလုပ်ငန်းကဏ္ဍကို ပြင်းထန်စွာ အရေးယူဆောင်ရွက်မည်ဟု သတိပေးခဲ့သည်။

 

မပြုပြင်ရ‌သေးသော ပဲစင်းငုံ လက်ကားဈေးနှုန်းများသည် ယခင်က ကျဆင်းခဲ့သော်လည်း ယခုအခါ ပြန်လည်မြင့်တက်လာသည်။

 

အမြင့်ဆုံး သွင်းကုန်စျေးနှုန်း maximum import price (MIP) ပြဋ္ဌာန်းပါက ပဲစင်းငုံ တင်သွင်းသည့် ပမာဏ လျော့ကျသွားနိုင်သည်။ ထို့ပြင် ပဲစင်းငုံ  တင်သွင်းသူများအဖို့ ဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်သည်။

 

“အာဖရိကကနေ တစ်တန်ကို ဒေါ်လာ ၁၀၀၀ နဲ့ ဝယ်ယူတဲ့ ကျွန်တော်တို့ရဲ့ ပဲတွေက သင်္ဘောတွေနဲ့ အိန္ဒိယကို လာနေတဲ့ လမ်းခရီးမှာ ရှိနေတယ်။ တကယ်လို့ အစိုးရက တတန်ကို ဒေါ်လာ ၁၀၀၀ အောက် ဈေးနှုန်းဖြင့် MIP ကို သတ်မှတ်လိုက်ရင် ကျွန်တော်တို့ အရှုံးပေါ်ပြီ" ဟု အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ အခြေစိုက် ပဲတင်သွင်းသူတဦးက ပြောကြားသည်။

 

"ကျွန်တော်တို့ ဇန်နဝါရီလမှာ ပဲစင်းငုံ တန် ၁၃,၀၀၀ မျှသာ တင်သွင်းနိုင်ခဲ့တာဟာ မြန်မာကုန်သည်တွေက  ပဲတွေကို လှောင်ထားကြတဲ့ အရိပ်လက္ခဏာကို ပြသနေတယ်" ဟု ၎င်းက ပြောကြားသည်။

Source economictimes 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Thursday, 22 February 2024 20:40
Rate this item
(0 votes)