India

×

Warning

JUser: :_load: Unable to load user with ID: 540


ဆိတ်နံရိုးနှင့်ကုလားပဲ

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ နလံထလူပမာများအတွက် အားရှိစေမည့်

ဆိတ်နံရိုးနှင့် ကုလားပဲ ချက်နည်းလေးကို တင်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ဆိတ်နံရိုး၊ ကုလားပဲ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ ဂျင်း၊ ဒိန်ချဉ်၊ ကရဝေးရွက်၊ အိန္ဒိယမဆလာ၊ ငရုတ်သီးအစပ်မှုန့်၊ ဇီယာစေ့၊ နနွင်းမှုန့်၊ ဟင်းခတ်မှုန့်နှင့် ဆီတို့ လိုအပ်ပါမယ်။

 

ပထမဆုံး ဆိတ်နံရိုးကို အရွယ်တော်အတုံးကလေးဖြစ်အောင်ခုတ်ပြီး ရေစင်စင်ဆေးကြောထားပါ။

 

ကုလားပဲကို ရေဆေးပြီး မိနစ်အနည်းငယ်ကြာ ရေစိမ်ထားပါ။ ပြီးလျှင် တည်မည့်အိုးထဲသို့ ရေထည့်ပြီး နူးနေအောင်ပြုတ်ထားပါ။

 

ကြက်သွန်ဖြူနှင့် ဂျင်းကို ညက်နေအောင်ကြိတ်ထားပါ။ ဇီယာစေ့ကို မီးအေးအေးဖြင့် အပူပေးလှော်ပြီး မညက်တညက်ထောင်းထားပါ။

 

ပြီးလျှင် ခုတ်ထားသော ဆိတ်နံရိုးကို ဆား၊ နနွင်းမှုန့်၊ အရောင်တင်မှုန့်၊ ဟင်းခတ်မှုန့်၊ ကြိတ်ထားသော ကြက်သွန်ဖြူနှင့် ဂျင်း၊ ကြက်သွန်နီ၊ အိန္ဒိယမဆလာ၊ ဒိန်ချဉ်တို့နှင့် ရောနယ်၍ အိုးတစ်လုံးထဲထည့် ရေထည့်ကာ အဖုံးအုပ်၍ ချက်ထားပါ။

 

ဆိတ်သားနူးအိလောက်သည်အထိ ရေကို အနည်းငယ်ထပ်ထည့်ပြီး ချက်ပေးထားပါ။ ပြီးလျှင် နူးအောင်ပြုတ်ထားသော ကုလားပဲကို ညက်နေအောင် ကြိတ်ထားပေးပါ။

 

ဆိတ်သားနူးခါနီးတွင် ဒယ်အိုးထဲသို့ ကြက်သွန်နီ၊ ဂျင်း၊ ကြက်သွန်ဖြူ၊ နနွင်းမှုန့်အနည်းငယ်တို့ကို နွမ်းသွားအောင် ဆီသတ်ပါ။

 

လှော်ထားသော ဇီယာစေ့နှင့် ကရဝေးရွက်တို့ကို ပေါင်းထည့်ပြီး ဆီသတ်ပေးပါ။ နောက်ဆုံးမှ ခရမ်းချဉ်သီးထည့်ပြီးမွှေပေးထားပေးပါ။ ကြိတ်ထားသော လက်ကျန် ကုလားပဲများကို ထည့်ပြီး ဆီသတ်ပေးပါ။

 

ယင်း ကြိတ်ထားသော ကုလားပဲများကို ရေနှင့်ဖျော်ပြီး နူးအိအောင်ချက်ထားသော ဆိတ်နံရိုးပေါ် လောင်းထည့်လိုက်ပါ။ ပြီးလျှင် မိနစ်အနည်းငယ်ဆက်ပြီး ချက်လျှင် အသင့်သုံးဆောင်နိုင်ပါပြီ။

 

ဆိတ်နံရိုးနှင့်ကုလားဟင်းကို နံပြား၊ ချာပါတီ၊ ပလာတာ၊ ထမင်းဖြူတို့နှင့်လည်း တွဲဖက်စားသုံးနိုင်ပါတယ်။

 

Read times Last modified on Thursday, 13 September 2018 18:00
Rate this item
(1 Vote)