India



အိန္ဒိယတွင် စပါးစိုက် ဧရိယာ လျော့ကျမည် ခန့်မှန်း

အိန္ဒိယတွင် စပါးစိုက် ဧရိယာ လျော့ကျမည် ခန့်မှန်း

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

အိန္ဒိယအစိုးရက ဘာစမာတီ မဟုတ်သော ဆန်ဖြူ တင်ပို့မှု ပိတ်ပင်သည့် ရလဒ်အဖြစ် လာမည့် စပါးစိုက်သည့် ရာသီတွင် အိန္ဒိယမှာ စပါးစိုက် ဧရိယာ ၅% လျော့ကျမည်ဟု အိန္ဒိယ လယ်သမားများ သမဂ္ဂ အဖွဲ့အစည်းဖြစ်သည့် Bharatiya Kisan Sangh (BKS) က ခန့်မှန်းထားသည်။

 

ဘာစမာတီ မဟုတ်သော ဆန်ဖြူ ပြည်ပတင်ပို့မှု ပိတ်ပင်ထားသဖြင့် လယ်သမားများသည် ဈေးကောင်း မရနိုင်သောကြောင့် အခြားသီးနှံကို အစားထိုး စိုက်ပျိုးကြလိမ့်မည်ဟု BKS အထွေထွေ အတွင်းရေးမှူး Mohini Mohan Mishra က ရိုက်တာသတင်းဌာနကို ပြောကြားသည်။ 

 

 “ဆန်တင်ပို့မှု တားမြစ်ချက်ကို လက်ရှိ စိုက်ပျိုးရာသီ အလယ်မှာ ကြေညာခဲ့တယ်" ဟု ၎င်းက  ပြောကြားသည်။

 

အစိုးရသည် စပါးအသစ်ပေါ်ချိန်တွင် လယ်သမားများ မနစ်နာအောင် ဈေးအမြင့်ဖြင့် စပါးများ အမြောက်အမြား ဝယ်ယူပေးခြင်းကို မဖြစ်မနေ လုပ်ဆောင်ပေးရမည်ဟု Mishra မှ ပြောကြားပါသည်။

 

ဇွန်လတွင် အိန္ဒိယအစိုးရသည် လယ်သမားများထံမှ ရာသီသစ် စပါး ဝယ်ယူမည့် ဈေးနှုန်းကို ၇ ရာခိုင်နှုန်း မြှင့်တင်ခဲ့သည်။ ၁၀၀ ကီလိုဂရမ်လျှင်  ၂,၁၈၃ ရူပီး ဟု သတ်မှတ်ပေးခဲ့သည်။

 

အိန္ဒိယအစိုးရသည် နှစ်စဉ်နှစ်တိုင်း အနည်းဆုံး ပံ့ပိုးမှုစျေးနှုန်းများ Minimum Support Prices (MSPs) ကို တိုးမြှင့် သတ်မှတ်ပေးသည်။ ၎င်းဈေးနှုန်းများဖြင့် အစိုးရက စပါးနှင့် ဂျုံကို အရန်သိုလှောင်မှုအတွက် ဝယ်ယူသည်။ ထို့နောက် မရှိဆင်းရဲသားများကို အခမဲ့ ပေးဝေသည်။ ပမာဏ များပြားသဖြင့် ကမ္ဘာ့အကြီးဆုံး စားနပ်ရိက္ခာဖူလုံရေးအစီအစဉ်ဟု သတ်မှတ်ခံရသည်။

 

အိန္ဒိယလယ်သမားများသည်  မိုးရာသီတွင် ဇွန်လနှင့် ဇူလိုင်လတို့မှာ စပါးစစိုက်လေ့ရှိပြီး  အောက်တိုဘာလတွင် စတင်ရိတ်သိမ်းမည်ဖြစ်သည်။

 

စပါးများ စတင်ရိတ်သိမ်းသည့်အခါ အစိုးရ ကျောထောက်နောက်ခံပြု အိန္ဒိယ စားနပ်ရိက္ခာကော်ပိုရေးရှင်း Food Corporation of India သည် အစိုးရ ချမှတ်ပေးထားသည် MSPs ဈေးနှုန်းများဖြင့် စပါးများကို လယ်သမားများထံမှ စတင်ဝယ်ယူမည် ဖြစ်သည်။

 

Source Reuters 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times Last modified on Monday, 14 August 2023 14:17
Rate this item
(0 votes)