India



အိန္ဒိယ ဆိပ်ကမ်းများတွင် ပိတ်မိနေသော ဘာစမာတီမဟုတ်သော ဆန်ဖြူ တင်ပို့မှုကို ခွင့်ပြုထား

အိန္ဒိယ ဆိပ်ကမ်းများတွင် ပိတ်မိနေသော ဘာစမာတီမဟုတ်သော ဆန်ဖြူ တင်ပို့မှုကို ခွင့်ပြုထား

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

အိန္ဒိယသည် ဘာစမာတီမဟုတ်သော ဆန်ဖြူများကို ရုတ်တရက် ပိတ်ပင်မှုကြောင့် ဆိပ်ကမ်းများတွင် ရောက်ရှိနေသော သင်္ဘောတင်မည့်ဆန်များကို တင်ပို့ရန် ခွင့်ပြုကြောင်း အင်္ဂါနေ့ ညနေပိုင်းတွင် ကြေညာခဲ့သည်။

 

ဇူလိုင် ၂၀ ရက်တွင် အိန္ဒိယသည် ပြည်တွင်း ဆန်ဈေး မြင့်တက်မှုကို ထိန်းချုပ်ရန် ကျယ်ပြန့်စွာစားသုံးသော ဘာစမာတီမဟုတ်သော ဆန်ဖြူ တင်ပို့မှုကို ပိတ်ပင်လိုက်သည်။ 

ဆန်တင်ပို့မှု ပိတ်ပင်လိုက်ခြင်းကြောင့် ဆိပ်ကမ်းများတွင် ဘာစမာတီမဟုတ်သော ဆန်ဖြူများ တန်ချိန် ထောင်နှင့်ချီ ပိတ်မိ‌ေနခဲ့ပြီး ကုန်သည်များ ဆုံးရှုံးမည့်အရေးနှင့် ရင်ဆိုင်နေရသည်။

 

ကုန်သွယ်ရေးဝန်ကြီးဌာန၏ ဌာနတစ်ခုဖြစ်သည့် နိုင်ငံခြားကုန်သွယ်မှု ညွှန်ကြားမှုဦးစီးဌာန Directorate General of Foreign Trade (DGFT) ၏ နောက်ဆုံးထုတ်ပြန်သည့် အမိန့်တွင် ပိတ်မိနေသော ဆန်များတွင် ဇူလိုင် ၂၀ ရက် နောက်ဆုံးထား၍ ပို့ကုန်အကောက်ခွန် ပေးဆောင်ထားသည့်ဆန်များကို ပြည်ပသို့ တင်ပို့ရန် ခွင့်ပြုမည်ဟု ပြောကြားထားသည်။

DGFT အမိန့်စာ ထွက်လာပြီးနောက်  ဘာစမာတီမဟုတ်သော ဆန်ဖြူ တန်ချိန် ၁၅၀,၀၀၀ ခန့်ကို ဆိပ်ကမ်းအသီးသီးမှ တင်ပို့မည်ဖြစ်ကြောင်း အိန္ဒိယဆန်တင်ပို့သူများအသင်းချုပ်၏ ဥက္ကဋ္ဌ ပရမ်ဂါ့ဂ်က ပြောကြားသည်။

“သင်္ဘောသုံးစင်းက ကန်ဒလာဆိပ်ကမ်းမှာ ရပ်နေတယ်။ ဆန်အိတ်တွေ ထည့်ထားတဲ့ ကွန်တိန်နာ အများအပြား ဆိပ်ကမ်းတွေမှာ ရှိနေတယ်။ ဆန်စပါးလုပ်ငန်းအတွက် ပြဿနာတွေ အများကြီး တက်ကုန်ပါတယ်"ဟု ၎င်းက ပြောကြားသည်။

 

အိန္ဒိယသည်  ဆန်ကွဲတင်ပို့မှုကို ယမန်နှစ်ကတည်းက ပိတ်ပင်ထားသည်။ ဇူလိုင်လ ၂၀ ရက်မှစ၍ ဘာစမာတီမဟုတ်သော ဆန်ဖြူများ တင်ပိူ့မှုကို ပိတ်ပင်ထားသည်။ ဩဂုတ်လ ၂၅ ရက်မှ အောက်တိုဘာလ ၁၅ ရက်အထိ ပေါင်းဆန်တင်ပို့မှုအပေါ် ပို့ကုန်ခွန် ၂၀% စည်းကြပ်သည်။ 

 


ဆန်ပို့ကုန်ခွန် အသစ်ကြောင့် အိန္ဒိယတန် တန်ချိန် ၅ သိန်း တင်ပို့မှု ရွှေ့ဆိုင်း

https://www.foodindustrydirectory.com.mm/food-industry/cuisine/india/item/6773-asia-rice.html


 

ဘာစမာတီဆန်ကို တစ်တန်လျှင် ကန်ဒေါ်လာ ၁၂၀၀ အောက် ဈေးနှုန်းဖြင့် တင်ပို့ခြင်းကို ခွင့်မပြုချေ။


ဘာစမာတီဆန် တင်ပို့မှုအပေါ် အိန္ဒိယအစိုးရ ကန့်သတ်ချက် ပြဋ္ဌာန်း

https://www.foodindustrydirectory.com.mm/food-industry/cuisine/india/item/6756-basmati-rice.html


 

Source Reuters 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Wednesday, 30 August 2023 19:28
Rate this item
(0 votes)