India



ပဲစင်းငုံ ၃၅ ရာခိုင်နှုန်း ပိုမို တင်သွင်းရန် အိန္ဒိယ စီစဉ်

ပဲစင်းငုံ ၃၅ ရာခိုင်နှုန်း ပိုမို တင်သွင်းရန် အိန္ဒိယ စီစဉ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

အိန္ဒိယမှ ပဲစင်းငုံ တန်ချိန် ၁ ဒသမ ၂ သန်းကို ၃၅ ရာခိုင်နှုန်း ပိုမို တင်သွင်းရန် စီစဉ်နေသည်။

.

ပဲစင်းငုံအထွက်နှုန်း ကျဆင်းခြင်းကြောင့် ပဲစင်းငုံဈေးနှုန်းများ သိသိသာသာ မြင့်တက်လာသဖြင့် ဈေးနှုန်းထိန်းရန် အိန္ဒိယနိုင်ငံမှ လက်ရှိဘဏ္ဍာနှစ်တွင် ပဲပဲတန်ချိန် ၁၂ သိန်း တင်သွင်းမည်ဖြစ်သည်။ ယခင်နှစ်ထက် ၃၅ ရာခိုင်နှုန်း ပိုများမည်ဖြစ်သည်။

 

 “ပဲစင်းငုံက ကျွန်တော်တို့ကို ဒုက္ခပေးနေတယ်။အိန္ဒိယတနိုင်ငံလုံးမှာ ပဲစင်းငုံ ပျမ်းမျှ လက်လီဈေး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၂၅ ရာခိုင်နှုန်း တက်လာတယ်။ တစ်ကီလို ၁၂၈ ဒသမ ၆၆ ရူပီး ဖြစ်နေပြီ။ ဒါပေမဲ့ သွင်းကုန်တွေ စပြီးဆိုရင် ဈေးအေးသွားလိမ့်မယ်"ဟု စားသုံးသူရေးရာအတွင်းရေးမှူး Rohit Kumar Singh က မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

.

ပဲစင်းငုံ ပြဿနာမှာ ပြည်တွင်းထွက်ရှိမှု နည်းပါး‌နေခြင်း ဖြစ်သည်။

ပဲစင်းငုံအထွက်နှုန်းသည် ၂၀၂၂-၂၃ သီးနှံနှစ် (ဇူလိုင်-ဇွန်) တွင် တန်ချိန်  သိန်း ၃၀ မျှသာ ရှိသည်။ ယမန်နှစ်က တန်ချိန် ၃၉ သိန်း ထွက်ရှိခဲ့သည်။

“အိန္ဒိယမှာ တစ်နှစ် တန်ချိန် ၄၄-၄၅ သိန်းလောက် စားသုံးတယ်။ နှစ်စဉ် တင်သွင်းရတယ်။ ဒီနှစ်မှာတော့ ပိုပြီးတော့ တင်သွင်းရ‌တော့မှာပေါ့။ လက်ရှိဘဏ္ဍာနှစ်မှာ တန်ချိန် ၁၂ သိန်း တင်သွင်းမယ်"ဟု Kumar က ပြောကြားသည်။

လက်ရှိအချိန်အထိ  ပဲစင်းငုံတန်ချိန် ၆ သိန်း တင်သွင်းထားသည်။

မြန်မာနိုင်ငံနှင့် အရှေ့အာဖရိကနိုင်ငံများမှ တင်သွင်းသည်။

အရှေ့အာဖရိကနိုင်ငံများမှ ပဲစင်းငုံများ ဩဂုတ်လတွင် စတင်ရောက်ရှိမည်ဖြစ်သည်။ ထိုအခါ ပြည်တွင်းမှာ ပဲစင်းငုံဈေး အေးသွားမည်ဟု Kumar က  ပြောကြားသည်။

.

၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် တန်ချိန် ၈ ဒသမ ၉ သိန်း တင်သွင်းခဲ့သည်။

.

ပဲစင်းငုံဈေးနှုန်းများကို ထိန်းထားနိုင်ရန်အတွက် အစိုးရအနေဖြင့် ဘက်ပေါင်းစုံမှ အရေးယူဆောင်ရွက်ထားကြောင်း Kumar က ပြောသည်။

.

ကုန်သည်များ၊ ပဲခွဲစက်များနှင့် သွင်းကုန်လုပ်ငန်းရှင်များကို ဇွန်လ ၂ ရက်က သိုလှောင်ထားသည့် ပမာဏ ကန့်သတ်လိုက်ခြင်းကြောင့် ပဲစင်းငုံဈေး ကျဆင်းသွား‌စေခဲ့သည်။

.

အစိုးရက အရန်သိုလှောင်ထားသည့်အထဲမှ  တန်ချိန် ၅၀,၀၀၀ ကို ဈေးကွက်ထဲသို့ သွန်ထည့်ရန်  ဆုံးဖြတ်ခဲ့သည်။

.

ပဲစင်းငုံအပြင် မတ်ပဲသည်လည်း ဈေးတက်သည်။ ဇွန် ၂၈ ရက်တွင် ပျမ်းမျှ လက်လီဈေး တစ်ကီလိုဂရမ် ၁၁၁ ဒသမ ၇၇ ရူပီး ရှိသည်။ ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက ၇ ဒသမ ၂၂ ရာခိုင်နှုန်း ဈေးတက်သည်ဟု Kumar က ပြောသည်။

မြန်မာနိုင်ငံမှ မတ်ပဲများ ရောက်လာသည့်အခါ ဈေးပြန်ကျလိမ့်မည်ဟု Kumar က ပြောသည်။

“မြန်မာက မတ်ပဲကို လှောင်ထားတယ်။ အခု ကြာကြာ ဆက်ထားလို့ မရတော့ဘူး။ မိုးတွေ ရွာနေပြီ။ မတ်ပဲကို တခြားဘယ်နိုင်ငံမှ အိန္ဒိယလောက် မစားကြဘူး။ ဒီတော့ အိန္ဒိယကလွဲလို့ တခြားကို မရောင်းဘူး" ဟု Kumar က ပြောသည်။

.

ပဲတီစိမ်း ဈေးနှုန်းများသည်လည်း ယခင်နှစ်ထက် ၇ဒသမ ၀၇ ရာခိုင်နှုန်း မြင့်တက်သည်။ ဇွန်လ ၂၈ ရက်တွင် ပဲတီစိမ်း ဈေးနှုန်းမှာ တစ်ကီလိုဂရမ် ၁၀၉ ဒသမ ၂၃ ရူပီး ရှိသည်။ သို့သော်လည်း Madhya Pradesh ပြည်နယ်တွင် အထွက်နှုန်း ကောင်းမည်ဟု  မျှော်မှန်းထားသောကြောင့် စျေးနှုန်းများ ကျဆင်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

.

ပဲနီကလေး ဈေးနှုန်းများ ဇွန်လ ၂၈ ရက်တွင် တစ်ကီလိုဂရမ် ၉၁ ဒသမ ၇၈ ရူပီး ရှိသည်။ ယခင်နှစ်ထက် ၅% ဈေးကျသည်။

.

ပြည်တွင်းမှာ တန်ချိန် ၁၆ သိန်း ထွက်သည်။ ပြည်တွင်းစားသုံးမှု တန်ချိန် ၂၂ သိန်း ရှိသည်။ တန်ချိန် ၆ သိန်း တင်သွင်းဖို့ လိုမည်ဟု Kumar က ပြောသည်။

.

ပဲနီကလေးကို ကနေဒါနှင့် ဩစတေးလျမှ တင်သွင်းသည်။

၂၀၂၂-၂၃ တွင် ပဲနီကလေး တန်ချိန် ၁၁ သိန်း တင်သွင်းခဲ့သည်။

.

အိန္ဒိယတွင် စားသုံးသည့် ပဲအမျိုးမျိုးတွင် ၄၆ ရာခိုင်နှုန်းသည် ကုလားပဲ ဖြစ်သည်။ တစ်နှစ်တာလုံး ကုလားပဲ ဈေးနှုန်း တည်ငြိမ်နေသည်ဟု Kumar က ပြောသည်။

Source business standards 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Saturday, 01 July 2023 00:31
Rate this item
(0 votes)