India

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယတွင် စပါးနှင့် ဆီထွက်သီးနှံ စိုက်ပျိုးမှု လျော့နည်း

အိန္ဒိယတွင် စပါးနှင့် ဆီထွက်သီးနှံ စိုက်ပျိုးမှု လျော့နည်း

 

စာရင်းများအရ အိန္ဒိယနိုင်ငံ၌ သြဂုတ်လ ၂၆ ရက်နေ့အထိ စပါးဧရိယာများလျော့နည်း နေကြောင်းနှင့် ယခု မိုးရာသီတွင်စိုက်ပျိုးပြီး ဆောင်းဦးတွင်ရိတ်သိမ်းမည့် ဆောင်းဦးသီးနှံ (ကာရစ်ဖ်) ကာလအတွင်း Jharkhand တွင် ဟက်တာ ၁၀.၅၁ သိန်း၊ West Bengal တွင် ဟက် တာ ၄.၆၂ သိန်း၊ Chhattisgarh တွင် ဟက်တာ ၃.၄၅ သိန်း၊ Uttar Pradesh တွင် ဟက်တာ ၂.၆၃ သိန်း၊ Bihar တွင် ဟက်တာ ၂.၄၀ သိန်းနှင့် Odisha တွင် ဟက်တာ ၂.၂၄ သိန်း အသီးသီး စိုက်ပျိုးထားကြောင်း သိရပါသည်။

ယခုရာသီအတွင်း မိုးရွာသွန်းမှုနည်းပါးခြင်းကြောင့် ပြည်နယ်အချို့ရှိ စပါးစိုက်ဧရိယာမှာ ဟက်တာ ၃၆၇.၅၅ သိန်းအထိ ၅.၉၉ ရာခိုင်နှုန်း ကျဆင်းသွားကြောင်းနှင့် လွန်ခဲ့သည့်နှစ် အတွင်း စပါးစိုက်ပျိုးသည့်ဟက်တာပေါင်း ၃၉၀.၉၉ သိန်း ရှိခဲ့ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရပါသည်။

 

စပါးအမျိုးမျိုး

အိန္ဒိယနိုင်ငံ၏ အဓိကသီးနှံစိုက်ပျိုးချိန်ဖြစ်သော ကာရစ်ဖ်စိုက်ပျိုးရာသီမှာ အနောက် တောင်မုတ်သုံလေ စတင်ချိန်ဖြစ်သော ဇွန်လမှ စတင်၍ မျိုးစေ့ချစိုက်ပျိုးပြီး အောက်တိုဘာလမှ စတင်၍ ရိတ်သိမ်းမှု ပြုလုပ်ပါသည်။ ထို့ပြင် အလားတူကာလအတွင်း 

အာသံပြည်နယ်၌ စိုက်ပျိုး ဟက်တာ ၀.၄၉ သိန်း၊ 

Madhya Pradesh ၌ ဟက်တာ ၀.၄၆ သိန်း၊  

Haryana ၌ ဟက်တာ ၀.၄၄ သိန်း၊ 

 တြိပူရ၌ ဟက်တာ ၀.၂၂ သိန်း၊ 

နာဂလန်း၌ ဟက်တာ ၀.၂၁ သိန်း၊ 

မီဂါလာယာ၌ ဟက် တာ ၀.၁၈ သိန်း၊ 

ပန်ဂျပ်၌ ဟက်တာ ၀.၁၂ သိန်း၊ 

မဟာရက်ရှ်ထရာ၌ ဟက်တာ ၀.၀၇ သိန်း၊ 

Jammu နှင့် Kashmir ၌ ဟက်တာ ၀.၀၅ သိန်း၊

 ဂိုအာ၌ ဟက်တာ ၀.၀၃ သိန်း၊ 

မီဇိုရမ်၌ ဟက် တာ ၀.၀၃ သိန်းနှင့် 

Sikkim ၌ ဟက်တာ၀.၀၂ သိန်းရှိပြီး 

ယခင်နှစ်ကထက် ပိုမို လျော့နည်းနေပါ သည်။

 

 ပဲအမျိုးမျိုး

 ကာရစ်ဖ်စိုက်ပျိုးရာသီအတွင်း  စပါးအပြင် ပဲအမျိုးမျိုးတို့၏ စိုက်ပျိုးမြေမှာလည်း စုစု ပေါင်းဟက်တာ ၁၂၇.၇၁ သိန်းသာရှိခဲ့ရာ၊ ယခင်နှစ်အတွင်း ပဲမျိုးစုံ စုစုပေါင်းဧရိယာ ၁၃၄.၃၇ သိန်းမှ ၄.၉၅ ရာခိုင်နှုန်း ကျဆင်းသည်ကို တွေ့ရပါသည်။ ပဲစင်းငုံ စိုက်ပျိုးဧရိယာမှာ ယခင် ဟက် တာ ၄၇.၂၀ သိန်းမှ ယခု ဟက်တာ ၄၄.၀၇ သိန်းသို့ အနည်းငယ်ကျဆင်းခဲ့ပြီး၊ urad  ပဲမျိုးကို စိုက်ပျိုးသည့်ဧရိယာမှာလည်း ယခင်ကဟက်တာ ၃၇.၉၁ သိန်းရှိခဲ့ရာမှ ယခုအခါ ဟက်တာ ၃၆.၁၅ သိန်းသာရှိသဖြင့် အနည်းငယ် လျော့နည်းခဲ့ပါသည်။

 

ဆီထွက်သီးနှံ 

ဆီထွက်သီးနှံ လွှမ်းခြုံမှုတွင်လည်း ယခင်နှစ်က ဟက်တာ ၁၈၈.၆၂ သိန်း စိုက်ပျိုးခဲ့သော် လည်း၊ ယခုနှစ် ကာရစ်ရာသီအတွင်း  ဟက်တာ ၁၈၆.၄၈ သိန်းသာ စိုက်ပျိုးထားသဖြင့် အနည်း ငယ်ကျဆင်းနေပါသည်။ သို့သော်လည်း ကောက်နှံစာကြမ်းများစိုက်ပျိုးမှုတွင်မူ လွန်ခဲ့သည့်နှစ်က ဟက်တာ ၁၆၉.၃၉ သိန်းရှိခဲ့သော်လည်း ယခုနှစ်တွင် ၁၇၆.၃၃ သိန်းအထိ ပိုမိုစိုက်ပျိုးလာသည် ကို တွေ့ရပါသည်။

 

ဝါ၊ ကြံ၊ ဂုံလျှော်

 အမြတ်အစွန်းရရှိသော ကောက်ပဲသီးနှံများအနက် ဝါစိုက်ဧကမှာ ၁၂၄.၅၅ သိန်း ရှိနေဆဲ ဖြစ်ပြီး၊ ကြံစိုက်ဧကမှာ ယခင်နှစ်ထက် အနည်းငယ်ပိုမိုများပြား၍ ၅၅.၅၉ သိန်း ရှိခဲ့ပါသည်။ ဂုန် လျှော်စိုက်ဧရိယာမှာလည်း  ဟက်တာ ၆.၉၄ သိန်းတွင် ရှိနေဆဲဖြစ်ပါသည်။

 

အိန္ဒိယမိုးလေဝသဌာန (IMD) ၏ အဆိုအရ ဩဂုတ်လ ၂၄ ရက်အထိတိုင်အောင် အနောက်တောင်မုတ်သုံမိုး ရွာသွန်းမှုမှာ ၉ ရာခိုင်နှုန်း ပိုမိုမြင့်မားလာခဲ့ကြောင်း၊ သို့သော်လည်း အိန္ဒိယနိုင်ငံ အရှေ့ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့၌ တစ်ချိန်တည်းတွင် မိုးရွာသွန်းမှု ၁၉ ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း သိရပါသည်။

 

Source:  indiatimes  Market Information Service

#MyanmarFoodIndustryGuide
Telegram Channel https://t.me/Guid4U

 

 

Read times Last modified on Wednesday, 07 September 2022 08:53
Rate this item
(0 votes)