India

×

Warning

JUser: :_load: Unable to load user with ID: 540


အုန်းနို့ငါးအကြွပ်ကြော်

ငါးကို ဟင်းလိုချက်တာမဟုတ်ဘဲ အုန်းနို့မှုန့် ဂျုံရောကပ်ကြော်ထားတဲ့ ငါးအကြွပ်ကြော်နည်းကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ငါးတန်၊ အုန်းနို့မှုန့်၊ ဂျုံ၊ ဆီ၊ သံပရာသီး၊ ငရုတ်သီးနီ၊ ချင်း၊ ကြက်သွန်ဖြူ၊ ဗီနီကာ၊ နံနံစေ့မှုန့်၊ ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ငါးကို ရေဆေးပြီး အတုံးကလေးများဖြစ်အောင် တုံးထားပါ။ ပြီးလျှင် ဆား၊ ကြက်သားမှုန့်တို့နယ်၍ ငါးကို နှပ်ထားပါ။

 

ပြီးနောက် ငရုတ်သီးတောင့်၊ ချင်း၊ ကြက်သွန်ဖြူ၊ ဗီနီကာ၊ နံနံစေ့မှုန့်၊ ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ဆီတို့ကို ကြိတ်စက်ထဲထည့်၍ ရောကြိတ်ထားပါ။

 

ပြီးလျှင် ကြိတ်ထားသော ဆော့ရည်ဖြင့် ငါးကို ရောနယ်ကာ နာရီဝက်ခန့် နှပ်ထားပါ။

 

နှပ်ပြီးလျှင် ခွက်တစ်ခုထဲသို့ ဂျုံမှုန့်နှင့် အုန်းနို့မှုန့်တို့ကို ရောမွှေပြီး ရောမွှေထားသော အမှုန့်ဖြင့် ငါးကို နှစ်ဖက်စလုံးကပ်လိုက်ပါ။

 

ပြီးနောက် ဒယ်အိုးထဲ ဆီများများထည့်၍ ဆီပူလာလျှင် ငါးကို ထည့်ကာ မီးအနည်းငယ်ဖြင့် တစ်ဖက်ကျက်လျှင် တစ်ဖက်လှန်၍ ကြော်ထားပါ။

 

ကြော်ပြီးကျက်လျှင်တော့ သံပရာရည်အပေါ်မှဖြူးပြီး ဆလတ်ရွက်ဖြင့် တွဲဖက်၍ အသင့်သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 10:03
Rate this item
(1 Vote)