India



ပြည်တွင်းဂျုံဈေး အေးစေရန် ရုရှားဂျုံ တန် ၉ သန်း လျှော့ဈေးဖြင့် အိန္ဒိယ တင်သွင်းရန် ဆွေးနွေးညှိနှိုင်း

ပြည်တွင်းဂျုံဈေး အေးစေရန် ရုရှားဂျုံ တန် ၉ သန်း လျှော့ဈေးဖြင့် အိန္ဒိယ တင်သွင်းရန် ဆွေးနွေးညှိနှိုင်း 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

• ရုရှားက ဂျုံကို လျှော့ဈေးဖြင့် အိန္ဒိယကို ကမ်းလှမ်းထားသည်

• ရုရှားဂျုံ တန်ချိန် ၉ သန်းအထိ အိန္ဒိယ ဝယ်ယူမည်

• အိန္ဒိယတွင် ဂျုံလက်ကားဈေးနှုန်းများ ၇ လတာအတွင်း အမြင့်ဆုံးသို့ ရောက်ရှိနေသည်

အိန္ဒိယသည် ပြည်တွင်းမှာ ဂျုံလက်ကျန် မြှင့်တင်ပေးရန်နှင့် စားသောက်ကုန် ကုန်ဈေးနှုန်း တက်ခြင်းကို  တားဆီးရန်အတွက် ရုရှားဂျုံ တင်သွင်းရန် ဆွေးနွေးညှိနှိုင်းနေသည်။ 

 

 

 ကမ္ဘာ့ဂျုံစျေးနှုန်းများ မြင့်တက်လာနေချိန်တွင် ရုရှားက ဂျုံကို  လျှော့စျေးဖြင့် အိန္ဒိယကို ရောင်းချရန် ကမ်းလှမ်းထားသည်။

 အိန္ဒိယတွင် ကုန်ဈေးနှုန်းများ မြင့်တက်လာနေသဖြင့် ဈေးကွက်ထဲ ဂျုံပေါက်ဈေး ကျဆင်းအောင် အစိုးရမှ ထိန်းကျောင်းပေးရာ၌ ထိရောက်မှု ရှိအောင် ဈေးသက်သာသည့်ဂျုံများ တင်သွင်းပြီး ဈေးကွက် ဝယ်လိုအားကို ဖြည့်တင်းမည် ဖြစ်သည်။

ရုရှားဂျုံ ဝယ်ယူရန်အတွက် အိန္ဒိယအစိုးရသည် ပုဂ္ဂလိကကဏ္ဍနှင့် အစိုးရချင်း အရောင်းအဝယ် နှစ်မျိုးစလုံးကို ထည့်သွင်းစဉ်းစားပြီး ချင့်ချိန်နေသည်။

 

အိန္ဒိယသည် အစိုးရချင်း သဘောတူညီချက်ဖြင့် ဂျုံတင်သွင်းခြင်း မပြုသည်မှာ နှစ်အတော်ကြာခဲ့ပြီ ဖြစ်သည်။ 

အိန္ဒိယမှ ဂျုံ များများစားစား နောက်ဆုံးတင်သွင်းခဲ့ဖူးသည်မှာ ၂၀၁၇ ခုနှစ်တွင်ဖြစ်ပြီး ၅.၃ မက်ထရစ်တန်ကို ပုဂ္ဂလိကကုန်သည်တို့က တင်သွင်းခဲ့ကြသည်။

 

လက်ရှိလက်ကျန် အခြေအနေအရ အိန္ဒိယသည် ဂျုံ မက်ထရစ်တန် ၃ သန်းမှ ၄ သန်းအထိသာ လိုအပ်သည်။ သို့သော် ရုရှားဂျုံကို ၈ သန်းမှ ၉ သန်းအထိ တင်သွင်းခြင်းဖြင့် ပြည်တွင်းမှာ ဂျုံအလျှံပယ် ဖြစ်စေကာ ဂျုံဈေးနှုန်းများ ကျဆင်းစေမည် ဖြစ်သည်။

 

အိန္ဒိယသည် ရုရှားရေနံ အများအပြားတင်သွင်းလျက် ရှိသည်။ ရုရှားနေကြာဆီကိုလည်း တင်သွင်းလျက်ရှိပြီး ကန်ဒေါ်လာဖြင့် ပေးချေသည်။

ဂျုံကိုလည်း အလားတူပင် တင်သွင်းနိုင်မည် ဖြစ်သည်။

ရုရှားက ဂျုံကို ပေါက်ဈေးထက် တစ်တန်လျှင်  $25 မှ $40 အထိ ဈေးလျှော့ပေးမည် ဖြစ်သည်။

 

အစိုးရ သိုလှောင်ရုံများတွင် ဂျုံလက်ကျန် တန် ၂၈.၃ သန်းသာ ကျန်ရှိသည်။ 

ဂျုံလက်ကျန် နည်းနေသဖြင့် အိန္ဒိယတွင် လက်ကားဂျုံဈေးသည် ဩဂုတ်လတွင် လွန်ခဲ့သည့်နှစ်လကထက် ၁၀% မြင့်တက်လာခဲ့သည်။

 

photo_2023-08-19_08-47-21.jpg

 

 

အိန္ဒိယသည် အထွက်နှုန်းနည်းသောကြောင့် ဂျုံတင်ပို့မှုကို ပြီးခဲ့သည့်နှစ်က ပိတ်ပင်ခဲ့သည်။

ယခုနှစ်တွင်လည်း အစိုးရ ခန့်မှန်းထားသည်ထက် အနည်းဆုံး ၁၀ ရာခိုင်နှုန်း လျော့နည်းမည်ဟု ခန့်မှန်းထားသည်။

 

Reuters 


 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Saturday, 19 August 2023 08:49
Rate this item
(0 votes)