India



တစ်ပတ်တာ အာရှဆန်ဈေးကွက် (အိန္ဒိယဆန် ထိုင်းဆန် ဗီယက်နမ်ဆန် )

တစ်ပတ်တာ အာရှဆန်ဈေးကွက် (ထိုင်းဆန် ဗီယက်နမ်ဆန် အိန္ဒိယဆန်)

TO GET INSTANT UPDATE 
Join Telegram Channel
ht tps://t.me/Guid4U

  ၉ မေ ၂၀၂၃

 

ထိုင်းဆန် ၄ လတာမှာ အထွတ်အထိပ် ရောက်ရှိနေပါသည်။

ယခုသီတင်းပတ်တွင် ထိုင်းဆန်သည် ပြည်တွင်းအဝယ်လိုက်သဖြင့် ဆန်ဈေး မြင့်တက်နေပြီး ၄ လတာမှာ အမြင့်ဆုံးဈေးသို့ ရောက်ရှိလာသည်။
ယခုနှစ် အယ်နီညို ရာသီဥတုပုံစံ ပေါ်ပေါက်လာခြင်းကြောင့် စပါးအထွက်နှုန်း ထိခိုက်နိုင်ခြေအပေါ် စိုးရိမ်မှုများ ရှိနေသည်။

၅% ဆန်ကွဲပါ ထိုင်းဆန်သည် ခေါ်ဈေး တစ်တန်လျှင် $500 ခန့်သို့ မြင့်တက်သည်။ ပြီးခဲ့သည့် အပတ်က $498-$500 သို့ ရောက်ရှိလာခဲ့သည်။ ဇန်နဝါရီလနောက်ပိုင်း အမြင့်ဆုံး ဈေးနှုန်း ဖြစ်သည်။ ပြည်တွင်း ဝယ်လိုအား ကောင်းနေသဖြင့် ဆန်ဈေး ဆက်တက်ဖွယ် ရှိနေသည်။ ဘတ်ငွေကလည်း မာလာသဖြင့် ဒေါ်လာဖြင့် ဈေးခေါ်သည့်အခါ မြင့်တက်သည်။ ဆန်သစ်ပေါ်ချိန်အထိ အမြင့်မှာ ဆက်ရှိနေဦးမည်ဟု ကုန်သည်များက ခန့်မှန်းထားကြသည်။

.

အယ်နီညိုကြောင့် ပစိဖိတ်သမုဒ္ဒရာ အလယ်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ပင်လယ်ပြင်အပူချိန် ပုံမှန်ထက် မြင့်တက်နေချိန်တွင် ကမ္ဘာတစ်ဝှမ်း သီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် ပတ်သက်၍ စိုးရိမ်မှုများ ဖြစ်ပေါ်နေစေသည်၊

ဗီယက်နမ်ရှိ ကုန်သည်များကလည်း ယခုနှစ်အတွင်း ကမ္ဘာ့ဆန်ထုတ်လုပ်မှုအပေါ် ဆိုးရွားသော သက်ရောက်မှုများ ရှိနေကြောင်း သတိပေးထားသည်။

.

၅% ဆန်ကွဲပါ ဗီယက်နမ်ဆန် ခေါ်ဈေး တစ်တန်လျှင် $485-$495 ဖြစ်ပြီး ယခင်အပတ် ခေါ်ဈေးများအတိုင်း ငြိမ်နေသည်။ အတက်အကျ မရှိချေ။
ပြည်တွင်းထွက်သည့် ဆန်များ ဈေးကွက်ထဲ စီးဆင်းမှု လျော့ကျလာနေပြီ ဖြစ်သည်။ ဝယ်လိုအားမှာ ဆက်လက်မြင့်မားနေဆဲ ဖြစ်သည်။
မြန်မာနှင့် ပါကစ္စတန် နိုင်ငံတို့တွင် ယခုနှစ် ဆန်အထွက်နည်းလိမ့်မည်ဟု ကုန်သည်များက ခန့်မှန်းထားကြသည်။

မဲခေါင်မြစ်ဝကျွန်းပေါ်မှာ စပါးစိုက်သည့် လယ်သမားများသည် နွေ-ဆောင်းဦးစပါး စစိုက်ကြပြီ ဖြစ်သည်။

.

အယ်နီညိုဖြစ်စဉ်သည် ထိပ်တန်း ဆန်တင်ပို့သူ အိန္ဒိယနိုင်ငံအတွက် အရေးကြီးသော မုတ်သုံရာသီကိုလည်း ထိခိုက်နိုင်သည်။

၅% ဆန်ကွဲပါ အိန္ဒိယပေါင်းဆန် ခေါ်ဈေး တစ်တန်လျှင် $374-$378 ရှိသည်။ ယခင်အပတ်က $376-$380 ရှိခဲ့သဖြင့် ယခုအပတ်တွင် ဈေးကျသည်။
ရူပီး အားပျော့နေခြင်းနှင့် ပြည်ပဝယ်လက်များထံမှ အဝယ်နည်းနေခြင်းကြောင်း အိန္ဒိယ ပေါင်းဆန် ဈေးကျသည်။

.
မိုခါ ဆိုင်ကလုန်းကြောင့် ဘင်္ဂလားဒေ့ရှ်မှ စပါးခင်းများနှင့် ဆန်ထုတ်လုပ်မှုအပေါ် ကြီးမားသည့် ထိခိုက်မှု မရှိကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနမှ ပြောကြားသည်။

Source brecorder

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Friday, 19 May 2023 11:33
Rate this item
(0 votes)