India

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယ အစားအစာကြိုက်နှစ်သက်သူတွေအတွက် အာလူးပြုတ်နဲ့ အမဲနံရိုး

 

အိန္ဒိယ အစားအစာကြိုက်နှစ်သက်သူများနှင့် နေမကောင်းတဲ့ လူပမာများအတွက် အားရှိစေမယ့် အာလူးပြုတ်နဲ့ အမဲနံရိုး ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ အာလူး၊ အမဲနံရိုး၊ မှိုခြောက်၊ ဆီ၊ ငရုတ်သီးစိမ်း၊ ငရုတ်သီးမှုန့်၊ ကြက်သွန်ဖြူ တို့ လိုအပ်ပါမယ်။ ဆော့စ်အတွက် အမဲသားပြုတ်ရည်၊ ပဲငံပြာရည်၊ သကြား၊ ဆီ၊ ကြက်သွန်မြိတ် တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး အာလူးကို အနေတော် အကွင်းပါးပါးလေးဖြစ်အောင် လှီးထားပါ။

 

ပြီးနောက် ရေစိမ်ထားပါ။ အမဲသားကို ရေဆေးသန့်စင်ပြီး အနေတော်အတုံးလေးတွေ ဖြစ်အောင်တုံးထားပါ။

 

ပြီးရင် မှိုအရိုးတံ ဖယ်ပြီး လှီးထားပါ။ ငရုတ်သီးတောင့်ကို အညှာချွေထားပါ။

 

ပြီးနောက် အိုးထဲ ဆီထည့်ပြီး အပူပေးပါ။ ပြီးရင် အာလူး၊ အမဲသားထည့်ပြီး မီးပြင်းပြင်းဖြင့် ကြော်ထားပါ။ ငရုတ်သီးမှုန့်နှင့် ကြက်သွန်ဖြူထည့်ပြီး ထပ်ကြော်ပါ။

 

ပြီးရင်တော့ ပါဝင်ပစ္စည်းများအားလုံးထည့်ပြီး မီးအနေတော်ဖြင့် ရေ တစ်ဝက်ခန်းသည်အထိ တည်ပါ။ မှိုနဲ့ငရုတ်သီးစိမ်း ထည့်ပြီး မီးဖိုပေါ်မှချပါ။ နှမ်းဆီကို အိုးပတ်လည်ဆမ်းလိုက်ပါ။ ကြက်သွန်မြိတ်ဖြူးပြီး ဆား အနည်းငယ်ဖြူးလိုက်ပါ။ အရသာအပေါ့အငန်မြည်းကြည့်ပါ။  

 

အရသာအဆင်ပြေပြီဆိုရင်တော့ အိန္ဒိယစတိုင် အာလူးပြုတ်နဲ့ အမဲနံရိုးကို ထမင်းပူပူလေးနှင့် မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။ 

Read times Last modified on Tuesday, 18 September 2018 10:07
Rate this item
(2 votes)