India

×

Warning

JUser: :_load: Unable to load user with ID: 540


ဆိတ်သားလုံးကြော်ချက်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ဆိတ်သားကို ရိုးရိုးစင်းစင်း မစားချင်သူများအတွက်

ဆိတ်သားလုံးကြော်ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ဆိတ်သား၊ ကြက်ဥ၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ မဆလာ၊ ဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ အရောင်တင်မှုန့်၊ ငံပြာရည်၊ ကရဝေးရွက်၊ သစ်ကြံပိုးမှုန့်၊ ကြက်သွန်မြိတ်ကို ထည့်လိုက်ပါ။

 

ပထမဆုံး ပန်းကန်လုံးအကြီး တစ်လုံးထဲမှာ ဆိတ်သားလုံးပြုလုပ်ရန် ကြိတ်ပြီးသားဆိတ်သား၊ ကြက်ဥ၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ မဆလာ အစရှိတဲ့ ပစ္စည်းများကိုထည့်ပြီး လက်ဖြင့် သေချာစွာ ရောနယ်လိုက်ပါ။

 

ပြီးနောက် ဆိတ်သားကို ကိုယ်လိုချင်သလောက် အလုံးလေးတွေ လုံးပါ။ မကပ်သော လင်ဗန်းပေါ်တင်ကာ အုပ်ပြီး ရေခဲသတ္တာထဲမှာ မိနစ်အနည်းငယ်ခန့် ထည့်ထားပါ။

 

ပြီးရင် ဒယ်အိုးထဲကို ဆီထည့် ဆီပူလာလျှင် အသားလုံးများထည့်ပြီး ကြော်လိုက်ပါ။ ရွှေရောင်သန်းလာလျှင် ဆီစစ်စက္ကူပေါ်တင်ပြီး ဆီစစ်ထားပါ။

 

ပြီးနောက် မကပ်သော ဒယ်အိုးထဲကို ဆီထည့်ပြီး ဆီပူလျှင် ကရဝေးရွက်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း ထည့်ပြီး ဆီသတ်လိုက်ပါ။

 

ကြက်သွန်နွမ်းလျှင် အရောင်တင်မှုန့်နှင့် သစ်ကြံပိုးမှုန့် များထည့်ပြီး ဆီသတ်ပေးပါ။ ဆီပြန်လာလျှင် ကြော်ထားသော ဆိတ်သားလုံးနှင့် ရေအနည်းငယ်ထည့်ပြီး တည်ပေးပါ။ မကြာခဏ နှံ့အောင်မွှေပေးပါ။

 

ရေခန်းပြီး ဆီပြန်လျှင် ကြက်သွန်မြိတ်ဖြူးပြီး အပေါ့အငန်မြည်း၍ လိုတာထပ်ဖြည့်ပေးပါ။ နောက်ဆုံးမှ ကြက်သွန်မြိတ်ကို အပေါ်မှဖြူးလိုက်ပါ။ အားလုံးကျက်ပြီဆိုရင်တော့ ထမင်းပူပူလေးနှင့် ဆိတ်သားလုံးကြော်ချက်လေးကို အသင့်သုံးဆောင်နိုင်ပါတယ်။

 

Read times Last modified on Tuesday, 18 September 2018 15:42
Rate this item
(1 Vote)