India

×

Warning

JUser: :_load: Unable to load user with ID: 540


MOU အရ မြန်မာထံမှ ပဲများတင်သွင်းမှု လုပ်နည်းစနစ်များ အိန္ဒိယအစိုးရ ထုတ်ပြန်

MOU အရ မြန်မာနိုင်ငံထံမှ ပဲများတင်သွင်းမှုအတွက် လုပ်နည်းစနစ်များကို အိန္ဒိယအစိုးရက အများပြည်သူသို့ အသိပေးချက်ထုတ်ပြန်ခြင်း


မြန်မာနိုင်ငံထံမှ နှစ်စဉ် မတ်ပဲတန်ချိန် ၂၅၀၀၀၀ နှင့် ပဲစင်းငုံတန်ချိန် ၁၀၀၀၀၀ အား ၂၀၂၁-၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၆ ဘဏ္ဍာနှစ် (ဧပြီ-မတ်)အထိ ဝယ်ယူတင်သွင်းရန်အတွက် ၅ နှစ်သက်တမ်းရှိသော အစိုးရချင်းနားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးပြီးဖြစ်ရာ ၂၀၂၁-၂၂ ဘဏ္ဍာနှစ်အတွက် ၎င်း MOU အရ ပဲများတင်သွင်းရာ၌ အောက်ပါစည်းကမ်းချက် များနှင့် ကိုက်ညီမှုရှိရန် လိုအပ်မည်ဖြစ်သည်ဟု အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန် ကြီးဌာန၊ ပြည်ပကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန (DGFT)က ၆-၉-၂၀၂၁ နေ့၌ အများ ပြည်သူဆိုင်ရာ အသိပေးချက် No. 22/ 2015-20 ဖြင့် ထုတ်ပြန်ကြေညာခဲ့ပါသည်-
(က) ပဲများအား Mumbai, Tuticorin, Chennai, Kolkata, Hazira ဆိပ်ကမ်း ၅ ခု မှသာ တင် သွင်းရန်၊

(ခ) တင်သွင်းလာမည့် ပဲများအတွက် မြန်မာနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၏ တံဆိပ်အမှတ်အသား ခတ်နှိပ်မှုနှင့်အတူ ထုတ်ပေး သည့် ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ် (Certificate of Origin) အား အပိုဒ်ခွဲ (က)ပါ ဆိပ်ကမ်းများရှိ သက်ဆိုင်ရာ အကောက်ခွန်ဌာနနှင့် အိန္ဒိယနိုင်ငံအကောက်ခွန်နှင့်သွယ် ဝိုက်အခွန်များ ကြီးကြပ်မှုဗဟိုအဖွဲ့ (CBIC) တို့ထံ မိတ္တူပေးပို့ရန်၊

(ဂ) ကုန်တင်ပို့သူ၊ကုန်တင်သွင်းသူနှင့် တင်ပို့သည့်ပဲကုန်စည်ပမာဏ စသည့်အချက် အလက် များ ပါဝင်သော ပင်ရင်းနိုင်ငံ သက်သေခံ လက်မှတ်အား သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့ အစည်းက ဓာတ်ပုံမိတ္တူပြုလုပ်၍ This email address is being protected from spambots. You need JavaScript enabled to view it. သို့ အီးမေးလ်ဖြင့် ပေးပို့ရန်၊

(ဃ) အိန္ဒိယနိုင်ငံရှိ သွင်းကုန်လုပ်ငန်းရှင် အနေဖြင့် သွင်းကုန်၊ပို့ကုန် ကုတ်နံပါတ် (IEC) အ သေးစိတ် အချက်လက်များနှင့်အတူ ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ် ဓာတ်ပုံမိတ္တူ အား DGFT သို့ အထက်အပိုဒ်ခွဲ (ဂ)၌ ဖော်ပြထားသည့် အီးမေးလ်လိပ်စာမှ တစ်ဆင့် ပေးပို့လျက် ဆိပ်ကမ်းရှင်းလင်းမှု ဆောင်ရွက်နိုင်ရေး ကန့်ကွက်ရန် မရှိကြောင်းလက် မှတ်(NOC)ကိုလျှောက်ထားရန်နှင့် DGFT က တိုက်ဆိုင်စစ်ဆေးပြီးနောက် ခွင့်ပြုချက် ရရှိမှသာ သက်ဆိုင်ရာဆိပ်ကမ်းရှိ အကောက်ခွန်ဌာနက ဆိပ်ကမ်းရှင်းလင်းမှုလုပ်ငန်း စဉ်များအား ဆက်လက်ဆောင်ရွက်ရန်။


အဆိုပါ အများပြည်သူဆိုင်ရာ အသိပေးချက်ဖြင့် လုပ်ထုံးလုပ်နည်း ထုတ်ပြန်မှုသည် နှစ်နိုင်ငံနားလည်မှု စာချွန်လွှာအရ မြန်မာနိုင်ငံထံမှ မတ်ပဲတန်ချိန် ၂၅၀၀၀၀နှင့်ပဲစင်းငုံတန်ချိန် ၁၀၀၀၀၀ တင်သွင်းမှုအပေါ် သက်ရောက်မှုရှိမည်ဖြစ်ကြောင်း DGFT ဌာနက ဖော်ပြပါသည်။

 

Market Information Service- DOP- MOALI

Read times
Rate this item
(0 votes)