India

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယစတိုင် ဆိတ်သားခပတ်ဟင်း

ဆိတ်သားကို ဒီအတိုင်းချက်စားရတာ ရိုးအီသွားသူများအတွက် အိန္ဒိယစတိုင် ဆိတ်သားခပတ်ချက်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်သောပစ္စည်းများကတော့ ဆိတ်သား၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးခြောက်၊ ဗင်နီဂါရည်၊ ဇီယာ၊ နံနံစေ့၊ မဆလာ၊ ကရဝေးရွက်၊ ဆား၊ သကြား၊ ထောပတ်၊ နနွင်းမှုန့်၊ ဆီ တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ဆိတ်သားကို ရေဆေးသန့်စင်ပြီး အတုံးသေးသေးဖြစ်အောင်တုံး၍ စဉ်းထားပါ။ ပြီးလျှင် ဆား၊ သကြား၊ နနွင်းမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ဗနီဂါတို့ ဖြင့် သမအောင် ရောနယ်ထားပါ။

 

ပြီးနောက် ဒယ်အိုးထဲသို့ ထောပတ်ထည့်ပြီး ကြက်သွန်နီလှီးထားတာကို အညိုရောင်သန်းသည်အထိ ကြော်၍ ဇကာဖြင့် ပြန်ဆယ်ထားပါ။

 

ပြီးလျှင် ဒယ်အိုးထဲသို့ ထောပတ်နောက်ထပ် ထပ်ထည့်ပြီး ကြက်သွန်ဖြူများထည့်၍ ဆီသတ်လိုက်ပါ။

 

ပြီးနောက် ထောင်းထားသော ငရုတ်သီးအနှစ်များကို ထည့်၍ ရောမွှေပေးပါ။

 

ပြီးလျှင် နယ်ထားသော ဆိတ်သား၊ ဇီယာ၊ ကရဝေးရွက်၊ နံနံစေ့မှုန့် တို့ကို ထည့်ပြီး မွှေထားပါ။

 

ပြီးနောက် ရေအနည်းငယ်ထည့်ပြီး ဆိတ်သား နူးသည်အထိ အဖုံးအုပ်ပြီး တည်ထားပေးပါ။

 

ဆိတ်သားကျက်ပြီး အရသာ အနေတော်ဆိုလျှင် ခရမ်းချဉ်သီးနှင့်  ကြက်သွန်နီများကို အပေါ်မှထည့်၍ ရောမွှေလိုက်ပါ။

 

နောက်ဆုံးမှ  ပင်စိမ်းရွက်ကို အပေါ်မှ အုပ်လျှင်လည်း ရပါတယ်။

 

ပြီးရင်တော့ အရသာရှိတဲ့ ဆိတ်သားခပတ်ဟင်းကို ထမင်းပူပူလေးနဲ့ မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

 

Read more >>>>> ချဉ်ငံစပ်အရသာနဲ့ ငါးခေါင်းဟင်းရည်

Read times Last modified on Wednesday, 23 January 2019 12:45
Rate this item
(1 Vote)