India

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယစတိုင် တို့ဟူးလုံးအစာသွပ် ခေါက်ဆွဲအကြွ့ပ်ကပ်ကြော်

အိန္ဒိယမှာသရေစာအနေနဲ့ကော အရန်ဟင်းအဖြစ်ပါစားသုံးပြီး ခေါက်ဆွဲခြောက်ကိုအသုံးပြုပြီးကြော်ထားတဲ့ တို့ဟူးလုံးအစာသွပ်ခေါက်ဆွဲအကြွ့ပ်ကပ်ကြော်လေးပြုလုပ်ပုံလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်တဲ့ပစ္စည်းတွေကတော့ တို့ဟူး၊ ဂျုံမှုန့်၊ သကြား၊ ဆား၊ ငရုတ်ကောင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဆီ၊ ငုံးဥ၊ အသားလုံး၊ အသင့်စားခေါက်ဆွဲခြောက် တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး တို့ဟူးကို ဂျုမှုန့်၊ သကြား၊ ဆား၊ ငရုတ်ကောင်းတို့ထည့်ပြီး ကြိတ်စက်ဖြင့် ကြိတ်ထားပေးပါ။

 

ပြီးနောက် ဆီပူပူတါင် ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို အနံ့မွှေးရုံထည့်ကြော်ပေးပါ။

 

ပြီးလျှင် ကြော်ထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို တို့ဟူးဖြင့် ရောကြိတ်ပေးထားပါ။

 

ပြီးနောက် ရေအနည်းငယ်ထည့်ပြီး ခပ်ပျစ်ပျစ်အနေအထားနဲ့ အနှစ်ပုံစံရအောင်ရောကြိတ်ပေးထားပါ။

 

ပြီးရင်တော့ ငုံးဥ၊ အသားလုံးတို့ကို အလယ်တွင် ထည့်ပြီး အပြင်မှ တို့ဟူးဖြင့် ထပ်မံလိုက်ပါ။

 

ပြီးမှ အသင့်စားခေါက်ဆွဲခြောက် ခြေထားတာကို အပြင်မှကပ်၍ ဆီပူပူထဲထည့်ကြော်လိုက်ပါ။

 

ရွှေဝါရောင်သန်းလာလျှင်တော့ ဆယ်ပြီး နောက်ထပ်ကျန်တဲ့ တို့ဟူးလုံးများကို ထပ်ကြော်လိုက်ပါ။

 

နောက်ဆုံးမှ ကြော်ထားတဲ့ တို့ဟူးလုံးများကို ဇကာဖြင့် ဆီစစ်ပြီးအအေးခံထားပေးပါ။

 

ပြီးရင်တော့ အရသာရှိတဲ့ အိန္ဒိယစတိုင် တို့ဟူးလုံးအစာသွပ်ခေါက်ဆွဲအကြွပ်ကပ်ကြော်လေးကို ရေနွေးပူပူလေးနှင့် မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

 

Read times
Rate this item
(1 Vote)