India
ဗယာကြော်
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ မိသားစုဆုံတုန်းအချိန်လေး
ပိတ်ရက်တွင်လုပ်စားနိုင်တဲ့ ဗယာကြော်ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ကုလားပဲမှုန့်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်နီ၊ ပူစီနံ၊ ဆီ၊ ဆား တို့ လိုအပ်ပါမယ်။
အရင်ဆုံး ကုလားပဲမှုန့်ကို ရေချိန်ထည့်ပြီး ကြာကြာနှပ်ထားပါ။ ပြီးလျှင် ငရုတ်သီးစိမ်း၊ ကြက်သွန်နီ၊ ပူစီနံတို့ကို ပါးပါးလှီး၍ လေသလပ်ခံထားရပါမယ်။
ကုလားပဲတွေပွလာပြီဆိုရင် ငရုတ်သီး၊ ကြက်သွန်နီ၊ ပူစီနံတို့ လှီးထားတာနဲ့ မဆလာ၊ ဆားထည့်ပြီး သမအောင် ရောနယ်ပေးပါ။
ဒယ်အိုးကို မီးဖိုပေါ်သို့တင်၍ ဆီများများထည့်ပြီး ဆီကျက်ရင် အိုးထဲကို အရွယ်တော် ဗယာကြော်လေးတွေ လုံးပြီး ထည့်လိုက်ပါ။
ဗယာကြော်လေးတွေ ညိုလာပြီဆိုရင် ဟိုဘက်ဒီဘက်လှန်ပေးပြီ အကျက်ညီရင် ဆယ်လို့ရပါပြီ။ ဆီအိုးကို အရမ်းပူလာရင် မီးလျော့ပေးပါ။ သို့မဟုတ်ပါက တူးသွားတတ်ပါတယ်။
ပြီးလျှင် ဗယာကြော်ကို ဆယ်ယူ၍ ဆီစစ်ဇကာထဲထည့်ထားပါ။ ပြီးနောက် မန်းကျည်းအချဉ်ရည်လေးနှင့် ဗယာကြော်ကို တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။