India



အိန္ဒိယ အစိုးရ ဘာစမာတီဆန် MEP တစ်တန် ဒေါ်လာ ၈၅၀ သို့ လျှော့ချရန် စဉ်းစားနေ

အိန္ဒိယ အစိုးရ ဘာစမာတီဆန် MEP တစ်တန် ဒေါ်လာ ၈၅၀ သို့ လျှော့ချရန် စဉ်းစားနေ


https://t.me/Guid4U
JOIN THE CHANNEL 

 

အိန္ဒိယအစိုးရသည် လက်ရှိတွင် ဘာစမာတီဆန် အနိမ့်ဆုံး ပို့ကုန်စျေးနှုန်း minimum export price (MEP) ကို တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၂၀၀ သတ်မှတ်ပြဋ္ဌာန်းထားသည်ကို အမေရိကန်ဒေါ်လာသို့ လျှော့ချရန် စဉ်းစားနေသည်။

 

ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး Piyush Goyal က “ကျွန်‌ေတာ်တို့ အဲဒါကို အလေးအနက်ထားပြီး စဉ်းစားနေပါတယ်။အိန္ဒိယက ဆန်တင်ပို့သူ အသင်းအဖွဲ့တွေနဲ့ ကျွန်တော် တွေ့ဆုံမှုတွေ အများကြီး ရှိခဲ့ပါတယ်။ ဘာစမာတီဆန်မျိုးကွဲများအတွက် ကမ္ဘာ့နေရာအမျိုးမျိုးသို့ တင်ပို့တဲ့ အချက်အလက်တွေကို ကျွန်တော်တို့ စုစည်းထားပါတယ်" ဟု သတင်းထောက်များကို ပြောကြားသည်။ 

 

ဘာစမာတီဆန် အနိမ့်ဆုံး ပို့ကုန်စျေးနှုန်းကို တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၂၀၀ သတ်မှတ်ခြင်းသည် ဈေးမြင့်လွန်းနေသည်ဟု ကုန်သည်များက ဝေဖန်ကြသည်။ ပြည်ပတင်ပို့မှုများ ထိခိုက်နေသဖြင့်  ကျိုးကြောင်းဆီလျော်အောင် ဆောင်ရွက်ရန် အစိုရအား တိုက်တွန်းကြသည်။

အိန္ဒိယထံမှ ဘာစမာတီဆန် ဝယ်နေကျ ဖောက်သည်များသည် ပါကစ္စတန်ထံမှ ဝယ်ယူကြသဖြင့် ဝယ်လက်များ လက်လွှတ်ဆုံးရှုံးကုန်သည်။

Source economictimes 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Monday, 09 October 2023 00:30
Rate this item
(0 votes)