India



အိန္ဒိယဆန် တင်ပို့မှု တားမြစ်ရန် အိန္ဒိယအစိုးရ စဉ်းစားနေ

အိန္ဒိယဆန် တင်ပို့မှု တားမြစ်ရန်  အိန္ဒိယအစိုးရ စဉ်းစားနေ

TO GET INSTANT UPDATE 

https://t.me/Guid4U
Join Telegram Channel 

စားသောက်ကုန် ကုန်ဈေးနှုန်းများ မြင့်တက်လာသဖြင့်  အိန္ဒိယအစိုးရသည် ဆန်အမျိုးအစား အများစု ပြည်ပတင်ပို့ခြင်း တားမြစ်ရန် စဉ်းစားနေကြောင်း Bloomberg က ဇူလိုင် ၁၃ ရက်တွင် သတင်းဖော်ပြသည်။

 

 အယ်လ်နီညို စတင်ခြင်းကြောင့် စိုက်ခင်းများ စိုစွတ်လာပြီး သီးနှံများ ပျက်စီးမည်ကို စိုးရိမ်သဖြင့် တင်သွင်းသူများ သိုလှောင်မှု များပြားလာခြင်းကြောင့် အာရှရှိ ဆန်ဈေးသည် နှစ်နှစ်အတွင်း အမြင့်ဆုံးသို့ မြင့်တက်လာ‌ေနသည်။ 

သို့ဖြစ်ရာ ဆန်တင်ပို့မှု ကမ္ဘာ့အများဆုံး အိန္ဒိယက ဆန်တင်ပို့မှု ပိတ်ပင်လျှင် အာရှဆန်ဈေးနှင့် ကမ္ဘာ့ဆန်ဈေး မြောက်တက်မည် ဖြစ်သည်။

 

အိန္ဒိယနိုင်ငံသည် ပြီးခဲ့သည့်နှစ်ကတည်းက ဆန်ကွဲတင်ပို့မှုကို တားမြစ်ခဲ့ပြီး ဆန်ဖြူနှင့် ဆန်လုံးညိုတင်ပို့မှုအပေါ် အခွန် ၂၀ ရာခိုင်နှုန်း ပြဋ္ဌာန်းထားသည်။

 

နရန်ဒရာမိုဒီ  ဦးဆောင်သည့် အစိုးရသည် ဘာစမာတီဆန်မှအပ အခြားဆန်အမျိုးအစား အားလုံးကို ပြည်ပတင်ပို့မှု တားမြစ်မည့်  အစီအစဉ်ကို ဆွေးနွေးနေပါသည်။

 

 အိန္ဒိယသည် ကမ္ဘာ့ဆန်တင်ပို့မှု၏ ၄၀ ရာခိုင်နှုန်းကျော်ကို တင်ပို့နေသည့်နိုင်ငံ ဖြစ်သည်။ ၂၀၂၂ ခုနှစ်တွင် တန်ချိန် ၅၆ သန်း တင်ပို့ခဲ့သည်။

 

 Source Bloomberg 

TO GET INSTANT UPDATE 

https://t.me/Guid4U
Join Telegram Channel

Read times Last modified on Thursday, 13 July 2023 18:16
Rate this item
(0 votes)