India

×

Warning

JUser: :_load: Unable to load user with ID: 540


ဆိတ်သားထောင်း


ဆိတ်သားကို ချက်ရတာရိုးအီသွားသူမျာအတွက် ဆိတ်သားထောင်း ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ဆိတ်သား၊ ဆား၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ဆီ၊ သံပရာသီး၊ ဟင်းခတ်မှုန့် တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ဆိတ်သားရေဆေးပြီး သန့်စင်အောင် ပြုလုပ်ထားရပါမယ်။


ပြီးလျှင် ဆိတ်သားကို အမြှောင်းလေးတွေ လှီးပြီး ဆား ထည့်၍ သမအောင်ဆုပ်နယ်ပေးပါ။


ပြီးနောက် နှီး ဇကောထဲ ထည့်ပြီး နှစ်ရက် နေလှမ်းပါ။

 

၎င်းအပြင် အပေါက်ဖေါက်၍ ချိတ်ဆွဲပြီး နှစ်ရက်နေလှမ်းပေးပါ။ နေလှမ်းပြီးပြီ ဆိုရင်တော့ ဆိတ်သားခြောက်ရပါပြီ။

 

ဆိတ်သားခြောက် လှမ်းတဲ့အခါ အူမှာစိုးပြီး ဆားအများကြီးထည့်ရင် အရမ်းငံသွားပါလိမ့်မယ်။

 

ဆိတ်သားခြောက်ရပြီဆိုလျှင် ဆိတ်သားခြောက်ကို မီးကင်ပြီး မွထားပေးပါ။ ပြီးလျှင် ကြက်သွန်ဖြူကို အခွံခွာ ပြီး မညက်တညက် ကြိတ်ပေးထားပါ။

 

ပြီးလျှင် ငရုတ်သီးစိမ်းအတောင့်ကိုလည်း မညက်တညက် ကြိတ်ပေးထားပါ။

 

ပြီးနောက် ဟင်းခတ်မှုန့်ထည့်၊ သံပရာသီးညှစ်ထည့်လိုက်ပါ။ ပြီးလျှင် အရသာကို အပေါ့အငန် မြည်းကြည့်ပါ။

 

နောက်ဆုံးမှ ဆီကို ထည့်လိုက်ပါ။ ပြီးလျှင်တော့ အရသာရှိပြီး ထမင်းမြိန်စေမည့် ဆိတ်သားထောင်း လေးကို ထမင်းပူပူလေးနှင့် မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

 

Read times Last modified on Tuesday, 18 September 2018 12:51
Rate this item
(10 votes)