Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


သက်သတ်လွတ် ရဲယိုရွက် ပဲပြားပေါင်းထုပ်

သက်သတ်လွတ် စားချင်သူများအတွက်  အသား အစား ပဲပြားလေးတွေကိုချေပြီး ပြုလုပ်ထားတဲ့ နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများကတော့ ပဲပြား၊ မှို၊ ဆန်အစိမ်းမှုန့်၊ ရဲယိုရွက်၊ ပဲငံပြာရည်၊ ဟင်းခတ်မှုန့်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ စပါးလင်၊ ချင်း၊ နနွင်းမှုန့်၊ ငရုတ်သီးမှုန့် တို့ လိုအပ်ပါမယ်။


ပထမဦးဆုံး အနှစ်အတွက် လိုအပ်တဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ စပါးလင်၊ ချင်း၊ ငရုတ်သီးတွေကို ညက်အောင် ထောင်းထားပါ။

 

ပြီးလျှင် ဒယ်အိုးအသေးထဲ ဆီထည့်ပြီး ဆီပူသည်နှင့် ထောင်းထားတဲ့ အနှစ်ကို ဆီသတ်ပါ။

 

ပြီးနောက် ပဲပြားကို ကြေညက်အောင် ခြေထားပါ။  မှိုကို အမျှင်သေးသေးလေး တွေရအောင် လုပ်ထားပြီး ခြေထားတဲ့ ပဲပြားဇလုံထဲ ထည့်လိုက်ပါ။

 

Read More >>>>>  ခရမ်းသီး စားရင်ရမယ့် အကျိုးကျေးဇူး ၇ မျိုးနဲ့ သတိထားရမယ့် အချက်များ

 

ပြီးလျှင် ဆီသတ် ထားတဲ့အနှစ်ကိုလည်း ပဲပြားဇလုံထဲ ထည့်လိုက်ပါ။

 

ပြီးနောက် အရသာအတွက် ပဲငံပြာရည်၊ ဆား၊ ဟင်းခတ်မှုန့်နှင့် ဆန်စိမ်းမှုန့်တို့ကို ထည့်ပြီး နယ်ပါ။

 

ပြီးလျှင် ကိုယ်ထုပ်မယ့် အထုပ်အတွက် အလုံး ကလေးတွေလုံးထားပါ။

 

ပြီးနောက် ရေဆေးသန့်စင်ထားတဲ့ ရဲယိုရွက်ကို ဖြန့်ခင်းပါ။ ပြီးလျှင် နောက်ထပ်ရဲယိုရွက် အလတ်စားတစ်ရွက်ကို ကန့်လန့်ဖြန့်ခင်းပြီး ပဲပြားလုံးတာကို ထည့်လိုက်ပါ။

 

ပြီးလျှင် ပဲပြားလုံးကို လက်ဖြင့် အသာဖိပြီး၍ ပြားပေးပြီး လုံအောင် သွားကြားထိုးတံနဲ့ထိုးပြီး ထုပ်ပေးပါ။ ပြီးလျှင် ပေါင်းအိုးထဲ အထုပ်ကို မှောက်ပြီး ထည့်လိုက်ပါ။

 

ပြီးနောက် ကျန်ရှိနေတဲ့ ပဲပြားလုံးတွေကိုလည်း ဆက်ထုပ်၍ ပေါင်းအိုးထဲစီပြီး ထည့်ပါ။

 

ပြီးလျှင်  ရေပွက်ပွက်ဆူနေတဲ့ ပေါင်းအိုးမှာ မိနစ် ၂၀ ခန့် ပေါင်းလိုက်ပါ။ ပြီးရင်တော့ အရသာအလွန်ရှိပြီး သက်သတ်လွတ် ရဲယိုရွက်ပဲပြားပေါင်းထုပ်လေးကို မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

 

(သက်သတ်လွတ်မဟုတ်ပါက ငါးဖြင့်လည်းအသုံးပြုနိုင်ပါတယ်။)

Read times Last modified on Friday, 19 April 2019 10:06
Rate this item
(1 Vote)