India



၂၀၂၂ တွင် အမေရိကန်သို့ ထိပ်တန်းပုစွန်တင်ပို့သူအဖြစ် အိန္ဒိယ ဆက်လက်သရဖူဆောင်း

၂၀၂၂ တွင် အမေရိကန်သို့  ထိပ်တန်းပုစွန်တင်ပို့သူအဖြစ် အိန္ဒိယ ဆက်လက်သရဖူဆောင်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

  အမေရိကန်နိုင်ငံသည် ၂၀၁၉ ခုနှစ်တွင် ပုစွန် ၆၉၈, ၃၅၃ မက်ထရစ်တန် တင်သွင်းခဲ့သည်။ ၂၀၂၀ ခုနှစ်တွင် ၇၄၅,၆၇၅ မက်ထရစ်တန် တင်သွင်းခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် စံချိန်တင် ၈၉၄,၂၂၂ မက်ထရစ်တန် တင်သွင်းခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် ၈၃၇,၉၂၂ မက်ထရစ်တန် တင်သွင်းခဲ့သည်။

.

၂၀၂၂ခုနှစ်တွင်  အိန္ဒိယသည် အမေရိကန်သို့ ပုစွန်အများဆုံး တင်ပို့ခဲ့သည့် နိုင်ငံ ဖြစ်ခဲ့သော်လည်း အဓိကပြိုင်ဘက်ဖြစ်သည့် အီကွေဒေါနိုင်ငံထက် ပိုများခဲ့သည်။ အိန္ဒိယသည် အမေရိကန်သို့ ပုစွန်အများဆုံး တင်ပို့ခဲ့သည့် နိုင်ငံ ဖြစ်ခဲ့သည်မှာ ၉ နှစ် ဆက်တိုက် ရှိသွားပြီ ဖြစ်သည်။ 

အိန္ဒိယသည် အမေရိကန်သို့ ၂၀၂၂ ခုနှစ်တွင် ပုစွန် ၃၀၃,၅၇၄ မက်ထရစ်တန် တင်ပို့ခဲ့သည်။  ၂၀၂၁ ခုနှစ်တွင် ၃၄၀,၈၉၂ မက်ထရစ်တန် တင်ပို့ခဲ့သည့် စံချိန်ကို မမီခဲ့ချေ။ 

.

အိန္ဒိယကို အမီလိုက်သည်မှာ အီကွေဒေါ ဖြစ်သည်။ ၂၀၂၂ ခုနှစ်တွင် ၁၉၉,၈၁၃ မက်ထရစ်တန် တင်ပို့ခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် ၁၈၃,၈၃၃ မက်ထရစ်တန် တင်ပို့ခဲ့သည်ထက် ပိုများပါသည်။ 

.

တတိယနေရာမှ အင်ဒိုနီးရှားသညိ ၁၆၆,၉၅၄ မက်ထရစ်တန် တင်ပို့ခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် ၁၆၀,၁၇၄ မက်ထရစ်တန် တင်ပို့ခဲ့သည်ထက် ပိုများပါသည်။ 

.

အခြား ထိပ်တန်းစာရင်းဝင် နိုင်ငံများမှာ 

ဗီယက်နမ် (၆၈,၈၉၄ မက်ထရစ်တန်)၊ 

ထိုင်း (၃၆,၈၁၁ မက်ထရစ်တန်)၊ 

မက္ကဆီကို (၂၀,၉၇၈ မက်ထရစ်တန်)၊

အာဂျင်တီးနား (၁၆,၃၆၇ မက်ထရစ်တန်)၊

တရုတ် (၅,၃၅၅ မက်ထရစ်တန်)၊

ပီရူး ၃,၉၀၃ မက်ထရစ်တန်)၊

ကနေဒါ ၂,၄၃၃ မက်ထရစ်တန်)

တို့ ဖြစ်ပါသည်။ 

Source seafoodsource

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times Last modified on Sunday, 26 March 2023 10:11
Rate this item
(0 votes)