India



အိန္ဒိယ စားအုန်းဆီ တင်သွင်းမှု တန်ချိန် ၁၀ သန်းသို့ ရောက်ရှိနိုင်

အိန္ဒိယ စားအုန်းဆီ တင်သွင်းမှု တန်ချိန် ၁၀ သန်းသို့ ရောက်ရှိနိုင်

 

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

အိန္ဒိယ၏ စားအုန်းဆီ တင်သွင်းမှုသည် အောက်တိုဘာလတွင် ကုန်ဆုံးမည့် ၂၀၂၂/၂၃ ဘဏ္ဍာနှစ်တွင် ယမန်နှစ်ကထက် ၂၆% ခုန်တက်သွားကာ စံချိန်တင် အမြင့်ဆုံးသို့ ရောက်ရှိသွားနိုင်သည်။

 

စားအုန်းဆီ စားသုံးမှု ပြန်များလာခြင်း၊ တွက်ခြေကိုက်သော စျေးနှုန်းများ ဖြစ်နေခြင်းတို့ကြောင့် စားအုန်းဆီ သန့်စင်စက်ရုံများသည် စားအုန်းဆီကြမ်းကို ပိုမိုတင်သွင်းနေကြသည်။

ကမ္ဘာ့အကြီးဆုံး စားအုန်းဆီတင်သွင်းသည့်နိုင်ငံ ဖြစ်သည့် အိန္ဒိယထံမှ မြင့်မားသောဝယ်ယူမှုသည် စားအုန်းဆီ ထိပ်တန်းထုတ်လုပ်သော အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့တွင် လက်ကျန် သိုလှောင်မှုနည်းပါးစေပြီး ဈေးကွက် ကြိုပွိုင့်ဈေးနှုန်းများ ကျမလာအောင် ထိန်းပေးထားသည်။

“စားအုန်းဆီကြမ်းကို ပြန်လည်သန့်စင်သူများက လာမယ့် ပွဲတော်ကာလများအတွက် ဝယ်ယူမှုများကို တိုးမြှင့်လုပ်ဆောင်နေကြပါတယ်။ လာမယ့် ၂ လအတွင်းမှာ မက်ထရစ်တန် ၁.၈ သန်းအထိ တင်သွင်းကြလိမ့်မယ်" ဟု Patanjali Foods Ltd မှ အမှုဆောင်အရာရှိချုပ် Sanjeev Asthana က ပြောကြားသည်။

 

အကယ်၍ အိန္ဒိယသည် လာမည့်နှစ်လအတွင်း တန်ချိန် ၁.၈ သန်း တင်သွင်းမည်ဆိုပါက အောက်တိုဘာလ ၃၁ ရက်တွင် ကုန်ဆုံးမည့် ၂၀၂၂/၂၃ ဘဏ္ဍာနှစ်အတွက် စုစုပေါင်းတင်သွင်းသည့် ပမာဏသည် မက်ထရစ်တန် ၁၀ သန်း ရှိမည် ဖြစ်သည်။ ယခင်က အများဆုံး တင်သွင်းခဲ့သည့် စံချိန်မှာ ၂၀၁၄/၁၅ တွင် မက်ထရစ်တန် ၉.၅ သန်း တင်သွင်းခဲ့သည်။

၂၀၂၂/၂၃ ဘဏ္ဍာနှစ် ပထမ ၁၀ လတွင် အိန္ဒိယသည် စားသုံးဆီ တန်ချိန် ၁၄ သန်း တင်သွင်းခဲ့သည်။

• စားအုန်းဆီကြမ်း တန် ၈.၂ သန်း

• ပဲပုပ်ဆီ တန် ၃.၂ သန်း

• နေကြာဆီ ၂.၅ သန်း

တို့ ပါဝင်သည်။

အိန္ဒိယ၏ စားသုံးဆီ စားသုံးမှုသည် လွန်ခဲ့သည့် သုံးနှစ်အတွင်း ကျဆင်းသွားခဲ့သည်။ ကိုဗစ်ကာလ ၂ နှစ်တာတွင် စားသုံးဆီ စားသုံးမှု လျော့နည်းခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် ဈေးမြင့်နေသဖြင့် စားသုံးဆီ စားသုံးမှု လျော့ကျစေခဲ့သည်။

 

"ဒီနှစ် စားသုံးမှုမှာ ၂%-၄% တိုးဖို့ မျှော်လင့်ထားပါတယ်" ဟု ၎င်းက ပြောသည်။

 

အိန္ဒိယသည် စားသုံးဆီလိုအပ်ချက်၏ သုံးပုံနှစ်ပုံကျော်ကို ပြည်ပမှ တင်သွင်းပြီး ဖြည့်ဆည်းပေးသည်။

 

 လက်ရှိနှစ်တွင် စားသုံးဆီ စားသုံးမှု ပြန်လည်များပြားလာခြင်းသည် နေကြာဆီ တင်သွင်းမှုကိုလည်း မြင့်တက်စေခဲ့သည်ဟု စားသုံးဆီ ကုန်သည်နှင့် ပွဲစားလုပ်ငန်း GGN Research မှ မန်နေဂျာ Rajesh Patel က ပြောကြားခဲ့သည်။

 

 နေကြာဆီ တင်သွင်းမှုသည် ယခင်နှစ်ကထက် စံချိန်တင် ၄၄ ရာခိုင်နှုန်း ပိုများသည်အထိ ခုန်တက်သွားနိုင်ကြောင်း၊ စုစုပေါင်းတန်ချိန် ၂.၈ သန်းအထိ ရှိနိုင်ကြောင်း ၎င်းက ပြောသည်။ နေကြာဆီသည် ပဲပုပ်ဆီထက် ဈေးသက်သာသဖြင့် နေကြာဆီတင်သွင်းမှု ပိုများကြောင်း ၎င်းက ပြောသည်။

 

ပဲပုပ်ဆီကို ယမန်နှစ်က တန် ၄.၁ သန်း တင်သွင်းခဲ့သည်။ ယခုနှစ်တွင် ၁၁% လျော့ကျပြီး တန် ၃.၇ သန်း တင်သွင်းမည်ဟု ၎င်းက ပြောသည်။

 

အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ စားအုန်းဆီများကို အိန္ဒိယမှ အဓိကအားဖြင့် ဝယ်ယူသည်။

 

အာဂျင်တီးနား၊ ဘရာဇီး၊ ရုရှားနှင့် ယူကရိန်းတို့မှ ပဲပုပ်ဆီနှင့် နေကြာဆီ တင်သွင်းသည်။

Source Reuters 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Thursday, 14 September 2023 18:34
Rate this item
(1 Vote)