India

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယမှ မတ်ပဲ တန်ချိန် တစ်သိန်းခွဲ ထပ်တိုး တင်သွင်းခွင့်ပြု

အိန္ဒိယမှ မတ်ပဲ တန်ချိန် တစ်သိန်းခွဲ ထပ်တိုး တင်သွင်းခွင့်ပြု Google

အိန္ဒိယမှ မတ်ပဲ တန်ချိန် တစ်သိန်းခွဲကို မတ်လ ၃၁ရက်နေ့မတိုင်ခင်အထိ ထပ်တိုး တင်သွင်းခွင့်ပြုသည်

ဟု ပွဲစား၊ကုန်သည်၊စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်)မှ သိရသည်။


" အဓိကက မတ်ပဲစျေးက အိန္ဒိယပေါ့။ အဲမှာ အိန္ဒိယက ကိုဒါကတော့ အစက ၈လပိုင်းကုန်ရင် ရပ်ပြီဆိုပြီးတော့ ပြောတာ။ ၉လပိုင်းမှာကျ သင်္ဘောတင်တော့ မရှိဘူး။ ဒါပေမယ့် အိန္ဒိယမှာ မိုးတွေ တအားရွာပြီးတော့ မတ်ပဲခင်းတွေ ပျက်စီးတယ်။ ပျက်စီးတဲ့အချိန်မှာ အောက်တိုဘာလ ၁ရက်နေ့မှာ မတ်ပဲတန်ချိန် ၁သိန်းခွဲ မြန်မာပြည်ကနေ ထပ်ပြီး တင်သွင်းခွင့်ပြုလိုက်တာ။ ဟိုဘက်မှာ မိုးရွာတဲ့သတင်းတွေ ကြားတော့ ဒီဘက်မှာက သေချာပေါက် ပြန်ဖွင့်မှာဘဲဆိုပြီး ၉လပိုင်းကတည်းက စပြီးတော့ လှုပ်ရှားလာတာပေါ့။ တစ်ပတ်လောက်အတွင်း တစ်အိတ်ကို ၅ထောင် ၁သောင်းလောက် တက်သွားတာပေါ့။ မတ်ပဲစျေးက တကယ်တမ်းတိုက်ရိုက်ကျ အိန္ဒိယနဲ့ဘဲ သက်ဆိုင်တာပေါ့။ ပြည်တွင်းကတော့ အသုံးတော်တော်နည်းပါတယ်။ " ဟု ပွဲစား၊ကုန်သည်၊စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်)မှ သိရသည်။


မတ်ပဲကို များသောအားဖြင့် ဒီဇင်ဘာလ၀န်းကျင်တွင် အသစ်ပေါ်ပြီး မန္တလေးတိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ ပဲခူတိုင်းဒေသကြီးများတွင် အများဆုံးစိုက်ပျိုးကြပြီး အောက်တိုဘာလ ၅ရက်နေ့မှာ မတ်ပဲ ၆ပိသာလျှင် ၁၀၇၀၀၀ကျပ်မှ ၁၁၂၀၀၀ကျပ်၀န်းကျင်၊ မတ်ပဲ (ရေသွင်း/သစ်) ၆၀ပိသာလျှင် ၉၅၀၀၀ကျပ်မှ ၉၈၀၀၀ကျပ် ၀န်းကျင်ထိ ဈေးနှုန်းများ သက်ရောက်လျက်ရှိသည်။

 

By Myanmar Food Guide

Read times
Rate this item
(0 votes)