India



အိန္ဒိယကို ကြက်သွန်နီ ရောင်းချပေးဖို့ နီပေါ ပန်ကြားမည်

အိန္ဒိယကို ကြက်သွန်နီ ရောင်းချပေးဖို့ နီပေါ ပန်ကြားမည်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

အိန္ဒိယအစိုးရသည်ဂျုံ၊ ဆန်နှင့် သကြားတို့ကို ပြည်ပတင်ပို့မှု တားမြစ်ပြီးနောက် ဒီဇင်ဘာ ၈ ရက်တွင် ကြက်သွန်နီကို ပြည်ပတင်ပို့မှုတားမြစ်လိုက်သည်။

လာမည့်နှစ် ရွေးကောက်ပွဲ မတိုင်မီ ပြည်တွင်း ကုန်စျေးနှုန်းများ ဈေးမတက်အောင် ထိန်းထားရန်  ရည်ရွယ်သည်။ 

 

နီပေါသည် နိုင်ငံ ကြက်သွန်နီလိုအပ်ချက် အားလုံးနီးပါးကို အိမ်နီးချင်း အိန္ဒိယထံမှ ဝယ်ယူတင်သွင်းသည်။

 

ယခုအခါ အိန္ဒိယကြက်သွန်နီ မဝင်တော့သဖြင့် နီပေါတွက် ကြက်သွန်နီ မလုံမလောက် ဖြစ်လာသည်။ ဟင်းလျာချက်ပြုတ်ရာတွင် မပါမပြီးသည့် ကြက်သွန်နီကို နီပေါအစိုးရက အိန္ဒိယထံမှ ဝယ်ယူခွင့် ရဖို့ အိန္ဒိယအစိုးရထံ ပန်ကြားမည် ဖြစ်သည်။

 

"ကြက်သွန်နီ ကုန်သည်တွေရဲ့ တောင်းဆိုချက်အရ  နီပေါကို ကြက်သွန်နီ ပို့ဖို့ အိန္ဒိယအစိုးရထံ ပန်ကြားဖို့  ဆုံးဖြတ်ထားပါတယ်" ဟု တာဝန်ရှိသူတဦးက ပြောကြားသည်။ 

 

အိန္ဒိယအစိုးရ၏ ညွှန်ကြားစာအရ အခြားနိုင်ငံများ၏ ပန်ကြားချက်များအပေါ် မူတည်ပြီး အိန္ဒိယအစိုးရ၏ ခွင့်ပြုချက်ဖြင့် ကြက်သွန်နီ တင်ပို့ခွင့်ကို ခွင့်ပြုပေးမည်ဖြစ်သည်။

 

အခြားနိုင်ငံမှ ကြက်သွန်နီ တင်သွင်းနိုင်ရန် ကြက်သွန် တင်သွင်းသူများနှင့်လည်း ဆွေးနွေးနေသည်ဟု နီပေါအစိုးရတာဝန်ရှိသူများက ပြောကြားသည်။

သို့သော် အိန္ဒိယမှတပါး အခြားနိုင်ငံများမှ ကြက်သွန်နီများကို အမြောက်အမြား တင်သွင်းနိုင်ဖို့ ခဲယဉ်းသည်။ နီပေါသည် ကုန်းတွင်းပိတ်နိုင်ငံ ဖြစ်နေပြီး ကြက်သွန်နီသည် ပုပ်သိုးပျက်စီးလွယ်သည်ဟု အစိုးရတာဝန်ရှိသူတဦးက ပြောကြားသည်။

"ဒါပေမဲ့ အိန္ဒိယအစိုးရရဲ့ ခွင့်ပြုချက်ရဖို့ အချိန်ယူရရင် တရုတ်အပါအဝင် တခြားနိုင်ငံတွေက တင်သွင်းဖို့ ရွေးချယ်ရတော့မှာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားသည်။

 

အိန္ဒိယအစိုးရက ကြက်သွန်နီ တင်ပို့မှု ပိတ်ပင်လိုက်ချိန်မှာ ကြက်သွန်နီ တစ်ကီလိုဂရမ် နီပေါရူပီး ၂၀၀ အထိ မြင့်တက်သွားသည်။ ယခုအခါ လက်လီဈေးနှုန်း တစ်ကီလို နီပေါရူပီး ၁၅၀-၁၆၀ မှာ ရှိနေသည်။ 

 

တားမြစ်ပိတ်ပင်မှုကြောင့် နယ်စပ်ဝင်ထွက်ပေါက်များမှတဆင့်  မှောင်ခိုကုန်ကူးမှု တိုးလာသည်ဟု ကုန်သည်များက ပြောသည်။ ရဲတပ်ဖွဲ့မှ ဖမ်းဆီးအရေးယူထားသည့် အမှုများလည်း ရှိနေသည်။ 

 

အိန္ဒိယက ကြက်သွန်နီ တင်ပို့ခွင့်ပိတ်ပင်ထားသော်လည်း Kalimati သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ဈေးသို့ ဒီဇင်ဘာလ ၁၇ ရက်တွင် အိန္ဒိယကြက်သွန်တန်ချိန် ၂၀ ရောက်ရှိလာသည်။

“ကြက်သွန်နီ‌တွေ တန် ၂၀ ဝင်တယ်။ ဘယ်က လာမှန်းတော့ မသိဘူး”ဟု Kalimati စျေးကြီး၏ ပြန်ကြားရေးဌာနမှ တာဝန်ခံအရာရှိက ပြောကြားသည်။

 

“ကုန်သည်တွေက သူတို့ရဲ့ အဆက်အသွယ်တွေကတဆင့် ကြက်သွန်နီတွေ ပို့ပေးနေတယ်။  အရင်တုန်းက သွင်းထားတဲ့ အဟောင်းတွေလား၊ ဒါမှမဟုတ် အခုမှ ခိုးသွင်းတာလား အသေအချာ မသိနိုင်ဘူး"ဟု ၎င်းက ပြောကြားသည်။

တရုတ်ကြက်သွန်နီ တန်ချိန်အနည်းငယ်သည် ရက်ပိုင်းအတွင်း ဈေးကွက်သို့ ရောက်ရှိနိုင်ကြောင်း ကုန်သည်များက ပြောကြားကြသည်။

 

နီပေါတွင် တရုတ်ကြက်သွန်ကို အရသာ မကြိုက်ကြသဖြင့် လူကြိုက်နည်းသည်။ ရောင်းပန်းမလှဟု ကုန်သည်များက ပြောကြားသည်။ ဈေးဝယ်သူတို့က ဈေးသက်သာသည့် တရုတ်ကြက်သွန်အစား အန္ဒိယကြက်သွန်ကို ဈေးပိုပေးဖို့ ဝန်မလေးကြဟု အာလူး-ကြက်သွန် သွင်းကုန် သွင်းကုန်နှင့် လက်ကားရောင်းချသူများအသင်း ဥက္ကဋ္ဌ Mohan Baniya က ပြောသည်။

Source kathmandupost


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Wednesday, 20 December 2023 13:28
Rate this item
(0 votes)