India

×

Warning

JUser: :_load: Unable to load user with ID: 540


ထမင်းမြိန်စေမယ့် ဗီယက်နမ် ကြက်သားဟင်း

ကြက်သားကို ဆန်းဆန်းပြားပြားနဲ့ အရသာရှိရှိ သုံးဆောင်ချင်သူများအတွက် လွယ်လင့်တကူပြုလုပ်နိုင်တဲ့ ဗီယက်နမ် ကြက်သားဟင်းချက်နည်းကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ကြက်သား၊ စပါးလင်၊ ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငါးငံပြာရည်၊ သကြား၊ ငရုတ်သီးအပုတောင့်၊ ဆီ၊ ခရမ်းချဉ်သီး၊ ဘိုစားပဲ၊ ပြောင်းဖူးအသေး၊ မန်ကျည်းရည်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ နံနံပင် တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ကြက်သားကို ရေဆေးသန့်စင်ပြီးလျှင် အသားတုံးသေးသေးလေးတွေဖြစ်အောင် လှီးဖြတ်ထားပါ။

 

ပြီးလျှင်ဒယ်အိုးထဲဆီထည့် ဆီပူလာလျှင် ထောင်းထားတဲ့ စပါးလင်၊ ချင်း၊ ကြက်သွန်ဖြူကို ဆီသတ်ပေးပါ။

 

ပြီးလျှင် ကြက်သွန်နီ ကြိတ်ထားတဲ့အနှစ်ကို ထည့်ပြီး ဆီသတ်ပေးပါ။ ပြီးနောက် ငါးငံပြာရည်ထည့်၊ ငရုတ်သီးအပုထောင်းထားတာထည့်လိုက်ပါ။


ပြီးရင်တော့ ငရုတ်သီးအစိမ်းနံ့ပျောက်တဲ့အထိ ဆီသတ်ပါ။

 

ပြီးလျှင် ကြက်သားတုံးထားတာကို ထည့်ပြီးမွှေပေးပါ။ ပြီးနောက် ခရမ်းချဉ်သီး၊ ဘိုစားပဲ၊ ကြက်သွန်နီပါးပါးလှီးထားတာကို ထည့်လိုက်ပါ။


ပြီးရင်တော့ ပြောင်းဖူးအသေးလှီးထားတာထည့်လိုက်ပါ။ ပြီးနောက် အချဉ်အတွက် မန်ကျည်ရည်ကိုထည့်လိုက်ပါ။ အရသာအတွက် အပေါ့အငန်မြည်းပြီး ဆား၊ ငရုတ်ကောင်းမှုန့် တို့ကိုထည့်လိုက်ပါ။

 

နောက်ဆုံးမှ နံနံပင်အုပ်ပြီးရင်တော့ အရသာရှိတဲ့ ဗီယက်နမ်ကြက်သားဟင်းကို ထမင်းပူပူလေးနဲ့ မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

Read times
Rate this item
(2 votes)